Firefox Browser and Zawgyi Unicode Font can give you a better view of this blog.

12 Feb 2010

Sharing: သာချင်းသည် သို့

ကဗျာလေးကိုဖတ်ပြီး ကိုယ့်ကိုကိုယ် သုံးသပ်ဆင်ခြင်မိသလို လူတွေ ပြောဆိုဆက်ဆံ နေကြတာတွေကိုကြည့်ပြီး သင်ခန်းစာရမိတယ်။

ကဗျာလေးထဲကအတိုင်း အပြင်လောကမှာ ဖြစ်ပျက်နေတာတွေ အများကြီးပဲ။ ကိုယ့်ဘက်ကိုယ် ယက်တတ်တဲ့လူတွေ လောကမှ တော်တော်များတာပဲ။ ကိုယ်ကောင်းတယ် ကိုယ်တတ်တယ်ဆိုတာချည်းပဲ။ သူ့ထက်သာသွားရင်လည်း မနာလိုဖြစ်ကြပြန်ရော။ ခက်ပြီ။

နောက်ဆုံးတော့ သူများကို မထိခိုက်စေဘဲ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်သမိုင်းကိုယ်ရေး၊ သူတစ်ပါးကို တတ်နိုင်သလောက်ကူညီပေးနိုင်တဲ့ လူတစ်ယောက်အဖြစ် ရပ်တည်နိုင်မယ်ဆိုရင် လူပီသတဲ့ လူတစ်ယောက်အဖြစ် လောကမှာ ဝင့်ထည်စွာရပ်တည်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ကိုယ့် အကြောင်း
ကိုယ် ကောင်း ပြောယင်း။
မကောင်းခြင်း ဖြစ်တတ်တယ်။

ကိုယ့်တတ် ကိုယ်ထက်
ကိုယ့် လက်မကို ထောင်လွှားယင်း။
သူ့ ပျော့ညံ့ချက်
ကိုယ့် လက်ညှိုးက ထိုးတတ်တယ်။

သူ့လည် နင်း၍
သာချင်း ငြိမ့်ငြိမ့် ဆိုချင်သလား။
သူ့ မျက်ရည်ပူ
ခြေဆေးသူ အဖြစ်
အောင်လံထူ ဟစ်လိုသလား။

ကဲ ... စဉ်းစား
"ငါးပုပ် ဝယ်ကြဦးမလား ...." လို့
ဘယ်သူများ ကြွေးကြော်လို့လဲကွယ်။

ကိုယ့်လမ်း ကိုယ်သာ
လမ်းထွင်ပါ
လမ်းဆုံးတဲ့ခါ ရွာတွေ့မှာ ...။ ။

မောင်စံဗြော
ရှုမဝ ရုပ်စုံမဂ္ဂဇင်း Vol.39 No.458 July, 1985

0 comments:

LinkWithin