Skip to main content

နှစ်သစ်မင်္ဂလာ တောင်းပန်လွှာ

ဘလော့လာဖတ်သူအားလုံးကို နှစ်သစ်မင်္ဂလာပါလို့ ပထမဦးစွာကြိုပြီး နှုတ်ခွန်းဆက်ပါရစေ။ ကျွန်တော့်ဘလော့မှာ ဒီနှစ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ပို့စ်တွေ သိပ်မရေးဖြစ်တဲ့အတွက်လည်း တလက်စတည်း တောင်းပန်ပါရစေခင်ဗျာ။ မင်္ဂလာမြန်မာနှစ်သစ်နောက်ပိုင်းမှာတော့ ပို့စ်တွေ ပုံမှန်တင်နိုင်အောင် ကျွန်တော် ကြိုးစားသွားပါမယ်။ နောက်ပြီး လန်ဒန်မှာနေတဲ့ မိတ်ဆွေများအတွက် အသုံးဝင်မည့် ဝက်ဘ်ဆိုဒ်တစ်ခုကိုလည်း လွှင့်တင်သွားဖို့ စီစဉ်နေပါတယ်။ ဆက်လက်စောင့်မျှော်ရင်း အားပေးကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

ယခုနှစ် မြန်မာနှစ်သစ်ကူးကာလမှာတော့ ထွေထွေထူးထူး ဘာမှလုပ်ဖြစ်မယ်မထင်ပါဘူး။ လန်ဒန်သင်္ကြန်ပွဲနေ့ (၁၆.၀၄.၂၀၁၁) မှာတောင် အလုပ်ကနေ နေ့တစ်ဝက်ပဲ ခွင့်ရတဲ့အတွက် အရင်နှစ်တွေကလို ဓာတ်ပုံတွေ စုံလင်အောင်ရိုက်ပြီးတင်နိုင်မယ်မထင်တော့ပါဘူး။ နောက်တစ်ခါ ကင်မရာကောင်းကောင်းဝယ်ပြီးတော့မှပဲ လန်ဒန်က ပုံတွေကို တဝကြီး ရှူ့စားပါလို့ ပြောပါရစေ။

နလန်ထူခါစ လူနာတစ်ယောက်လိုဖြစ်နေပြီး အခြေအနေအားလုံး ပြန်လည်ကောင်းမွန်အောင် တည်ဆောက်နေရတဲ့အတွက် ဘလော့မှာ ပို့စ်တွေ သိပ်မရေးဖြစ်တာပါ။ ဒါပေမဲ့ အလွယ်တကူ sharing လုပ်လို့ရတဲ့ ကျွန်တော့်ရဲ့ Facebook မှာတော့ အသုံးဝင်မည့် နည်းပညာအကြောင်းတွေ၊ ဓာတ်ပုံအကြောင်းတွေကို မျှဝေဖြစ်ပါတယ်။

ဘလော့ကြွလာ မိတ်ဆွေများအားလုံး မြန်မာအတာသင်္ကြန်နှစ်ကူးမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး အောင်မြင်မှုအပေါင်း ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မြန်မာနှစ်သစ်ကူးမှာ ပြန်လည်ဆုံတွေ့ကြပါဦးစို့။

ခင်မင်လေးစားလျှက်
CMS

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS