ခေတ်ကာလတွေ၊ နည်းပညာတွေ ဘယ်လောက်ပြောင်းပြောင်း စက်ဘီးစီးတဲ့ အလေ့အကျင့်ကတော့ နေရာတိုင်းမှာ ယခုထက်တိုင် ရှိနေဆဲပါပဲ။ ယာဉ်တွေကျပ်တည်းလှတဲ့ မြို့ပြတွေမှာ စက်ဘီးတွေဟာ လိုရာခရီးကို လွယ်ကူမြန်ဆန်စွာ ရောက်ရှိစေပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ စက်ဘီးတွေဟာ အခြေခံလူတန်းစားတွေအတွက် အသုံးပြုနေရဆဲပါပဲ။ ဒါပေမဲ့လည်း တရုတ်ဘက်ကဝင်လာတဲ့ ဈေးနှုန်းသက်သာတဲ့ မော်တော်ဆိုင်ကယ်တွေက အစားထိုးနေရာယူလာတာကို တော်တော်များများတွေ့လာရပါတယ်။ အထူးသဖြင့် ကျွန်တော်နေထိုင်တဲ့ မန္တလေးမြို့မှာပေါ့။
ကျွန်တော်နှင့် မျှဝေခံစားလိုသော အကြောင်းအရာများ