ခေတ်ကာလတွေ၊ နည်းပညာတွေ ဘယ်လောက်ပြောင်းပြောင်း စက်ဘီးစီးတဲ့ အလေ့အကျင့်ကတော့ နေရာတိုင်းမှာ ယခုထက်တိုင် ရှိနေဆဲပါပဲ။ ယာဉ်တွေကျပ်တည်းလှတဲ့ မြို့ပြတွေမှာ စက်ဘီးတွေဟာ လိုရာခရီးကို လွယ်ကူမြန်ဆန်စွာ ရောက်ရှိစေပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ စက်ဘီးတွေဟာ အခြေခံလူတန်းစားတွေအတွက် အသုံးပြုနေရဆဲပါပဲ။ ဒါပေမဲ့လည်း တရုတ်ဘက်ကဝင်လာတဲ့ ဈေးနှုန်းသက်သာတဲ့ မော်တော်ဆိုင်ကယ်တွေက အစားထိုးနေရာယူလာတာကို တော်တော်များများတွေ့လာရပါတယ်။ အထူးသဖြင့် ကျွန်တော်နေထိုင်တဲ့ မန္တလေးမြို့မှာပေါ့။
စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း သူတောင်းစား လေးတွေက တတွတ်တွတ် တောင်းကြတယ် ရုပ်ရှင်ကြည့်တိုင်းလည်း ဗုံးပေါက်မလားရယ်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ် ဓာတ်ပုံရိုက်တိုင်းလည်း Police လေးတွေက အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ် Bus Car တွေ စီးတိုင်းလည်း စပယ်ယာလေးတွေက လက်တဆော့ဆော့နဲ့ လုပ်ကြတယ် လက်မှတ် ၀ယ်တိုင်းလည်း အရောင်းသမားလေးတွေက မှောင်ခိုရှိုတိတ် လုပ်ကြတယ် ဘုရားတွေ သွားတိုင်းလည်း ဂေါပက လူကြီးတွေက ပတ်လည် ချက်စား လုပ်ကြတယ် လေဆိပ်တွေ ရောက်တိုင်းလည်း လ၀က လေးတွေက လက်ဆောင်ပါလား မေးကြတယ် အမှုတွေဖြစ်တိုင်းလည်း ရဲရဲ လေးတွေက လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ် ကျောင်းတွေ အပ်တိုင်းလည်း ကျောင်းအုပ်ကြီးတွေက ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ် နိုင်ငံခြားကို ရောက်တိုင်းလည်း အပေါင်းအသင်းလေးတွေက ဗမာဆို နှာခေါင်း ရှုံ့ကြတယ် အင်တာနက်တွေ သုံးတိုင်းလည်း ပြိတ္တာလေးတွေက အကုန်လုံးနီးပါး ဘန်းကြတယ် ပွဲတွေလုပ်တိုင်းလည်း ရပ်ကွက်ရုံးတွေက...
