Skip to main content

မန္တလေးသင်္ကြန်ရေ ဖိုးချမ်းလာပြီ

သင်္ကြန်ကို မန်းလေး ပြန်လာဖြစ်ဖို့လုပ်ထားတာ အောင်မြင်သွားပါပြီ။ ကျွန်တော်မျိုး ဧပြီ ၁၀ ရက်နေ့မှာ လုံဒုံ Heathrow ကနေစပြီးထွက်လာပါမယ်။ ၁၁ ရက်နေ့ညမှာ ရန်ကုန်ကိုရောက်ဖြစ်ပါမယ်။ ရန်ကုန်ရောက်ပြီးရင်တော့ ရန်ကုန်က သူငယ်ချင်းတွေ ဘော်ဒါတွေနဲ့ နှစ်ရက်လောက်နေဦးမယ်။ သူငယ်ချင်းတို့ရေ ကိုယ်လာပြီ ဟဲဟဲ။

ရန်ကုန်မှာ အ၀သောက် အဲ အ၀လည်ပြီးသည့်နောက်တွင် ၁၂ ရက်နေ့ညနေမှာ ကားနဲ့ မန်းလေးကို ပြန်မယ်။ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှာ မန်းလေး ရွှေမြို့တော်ကြီးသို့ ဆိုက်ရောက်ပါမယ်။ သင်္ကြန်ကို မန်းလေးမှာ တ၀ကြီးလည်ပြီးမှ ဧပြီ လကုန်မှာ London ကို ပြန်မယ်။ မန်းလေးသင်္ကြန်ကို လာခဲ့ဖို့လည်း သူငယ်ချင်းတွေကို ကြိုပြီး ဖိတ်ခေါ်လိုက်ပါတယ်။

ရန်ကုန်မှ မန်းလေးသို့လာဖြစ်မည့် သူငယ်ချင်းများ ဘလော်ဂါများ email လေးသာပို့လိုက်ပါ။ မန်းလေး ဘူတာကြီး သို့မဟုတ် ကားဂိတ်အရောက် လာကြိုပေးပါမယ်။ အခုတော့ ပြန်ဖို့အတွက် လက်ကျန်ကိစ္စလေးတွေ နည်းနည်း ဖြတ်လိုက်ဦးမယ်။ တာ့တာ razz


ဒီနေ့ဘာနေ့လဲ? ပို့စ်နဲ့ ရက်စွဲကို သေချာစဉ်းစားပါ ... ဒန် တန့် တန်

Comments

  1. Anonymous12:42 am

    ရေး.. ပျော်စရာကြီး
    မိုက်တယ်.. သင်္ကြန်ရေအကြိုလောင်းရမယ်...ကိုဖိုးချမ်းကို.. ကွိကွိ


    ဘာညာ

    ReplyDelete
  2. ဧပရယ် မှာ ဖူး ကြတာကို ဘာညာက တစ်ကယ် ထင်နေတယ် ... ကွိ ကွိ ... သူ့လို ရီတာ :P

    ReplyDelete
  3. ဖြစ်ချင်တာတွေ စိတ်ကူးယဉ်နေတယ်...ဟဲဟဲ
    ^_^

    ReplyDelete
  4. လူနောက်ကြီး...
    ကိုစိုးထက် ကွိကွိ ရောက်တော့ ရီလိုက်မိသေးတယ်။
    တော်သေးတယ် မန္တလေးကို လုံဒုံကို ရွှေ့မလို့ဆေးဖော်တာ အောင်သွားပြီလို့ မပြောလို့။
    ပျော်ရွှင်ပါစေ။

    ReplyDelete
  5. luu nauk kyi.......
    wut lae mae`.... :)
    but soooooooooo pitty boi :P
    ha ha.....

    ReplyDelete
  6. Posted in April 1st, 2008 ?

    ReplyDelete
  7. အယ် အစုတ်ပလုတ်တုတ် နာက အဟုတ်မှတ်ပီး ဆီဗုံးမှာပါ အော်ထားမိပီ ပြန်ဖျက်ပေး ချက်ချာကြီး
    တော်ပီ မတ်စိပါ တင်ထားလိုက်ပီ
    ဧပရယ်ဖူးမှာ ဘယ်သူ့မှ အရူးမလုပ်တော့ပါ.. အရူးလာလုပ်ခြင်းလဲ သည်းခံပါ..

    ဘိုင်ဒဝေး ဒီမှာ သင်္ကြန်မိုးတွေရွာနေပီ
    ရာသီဥတုလဲသာယာသည်
    ဒါပေသိ.......

    ReplyDelete
  8. ဘာညာ > ရေအကြောင်းပြောရင် ချမ်းလွန်းလို့ပါ နဂိုကတည်းကမှ ဒီမှာ အေးရတဲ့ကြားထဲ :P

    ကိုစိုးထက် > ဓာတ်ကူးသွားတာထင်တယ် ဟိဟိ

    waihin > ဒါလည်း ဖြေသိမ်မှု့တစ်မျိုးပေါ့ကွာ ဟုတ်ဘူးလား :)

    ဇနိ > လွန်လွန်ကြူးကြူးဖွဲ့ဆိုမှုတွေ ဖြစ်ကုန်မှာစိုးလို့ပါ ;)

    mienge > a khu ma thi tar lar . haha

    MKH > ဟုတ်ပ ဒီနေ့ အမှတ်တရအနေနဲ့ တင်လိုက်တာ .. ဘာလဲ နောက်နေတာလား ကောင်လေးက :P

    မမီ > ဟဟ ပို့စ်တင်ရကျိုးနပ်သွားပြီကွ

    ReplyDelete
  9. ဟိ ဟိ မမီနဲ့ မဘာညာ ခံလိုက်ရပီ ...

    ReplyDelete
  10. အဟုတ်အောက်မေ့လို့ ဖတ်နေတာ... :(
    လူဆိုး...ဟွန်း.. ဟိဟိ..ပေါနေတာ ကိုကြီးဖိုးချမ်းက..
    :P :P

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။