Skip to main content

ရှမ်းတိုဖူး (သို့မဟုတ်) တိုဖူးပျော့

"တစ်နပ်ကယ် ၀၀ စားလိုက်ရရင်ဖြင့် အာဂပါးစပ် လူဖြစ်ရကျိုးနပ်ပြီဟေ့"

ရေသည်ယောင်္ကျား တမ်းတခဲ့တဲ့ စာသားလေးပါ။ အခုတော့ မိမိနိုင်ငံရဲ့အပြင်ကို ရောက်နေတဲ့သူတွေအတွက် အဲဒီစာသားလေးက တကယ်ကို ဖြစ်နေပြီထင်တာပဲ။ အခုလည်း အရည်မရ အဖတ်မရ ငတ်လိုက် .. အဲ တမ်းတလိုက်ဦးမယ်။ ရှမ်းတိုဖူးလေ တချို့ကလည်း ရှမ်းတိုဟူးလို့ ခေါ်ကြတယ်။ ရှမ်းပြည်နဲ့ မန္တလေးကလူတွေ တော်တော်များများကတော့ ကြိုက်ကြ စားဖူးကြပါတယ်။ ရန်ကုန်မှာလည်း လမ်းဘေးက ရှမ်းခေါက်ဆွဲဆိုင်တွေမှာလည်း ရောင်းကြပါတယ်။ အရသာကတော့ မတူဘူးပေါ့။ ကိုယ့်ဘက်ကို ယက်ပြီးပြောဦးမယ် မန္တလေးက တိုဖူးပျော့ကို အကြိုက်ဆုံးပဲ။ အဲဒီထက်ကောင်းတာက တောင်ကြီးသွားတုန်းက စားခဲ့ဖူးတဲ့ တိုဖူးပျော့ပဲ။ စိတ်သာပါလို့ကတော့ နှစ်ပွဲလောက် ကုန်တယ် razz

ငယ်ငယ်တုန်းကတည်းက စားခဲ့ဖူးပါတယ်။ မေမေ့ကို မနက်ပိုင်း မြို့သစ်က VEC စာသင်ဆောင်တွေကို လိုက်ပို့တုန်းက အပြန်ဆိုရင် သားအမိနှစ်ယောက် အမြဲဝင်ဝင်စားကြတယ်။ ဆောင်းတွင်း မနက်ခင်းလေးဆိုရင် ပူပူနွေးနွေးလေး စားရတာ အရမ်းမြိန်တယ်။ မေမေဆို သိပ်ကြိုက်တာ။

မေမြို့ညဈေး(ရတနာပုံဈေးအနီးနား) မှာဆိုရင် ညပိုင်း ရှမ်းခေါက်ဆွဲ နှင့် တိုဖူးပျော့ ရောင်းတဲ့ဆိုင်တွေ ပေါမှပေါပဲ။ ကွန်ပျူတာစင်တာမှာ သင်တန်းတက် အလုပ်လုပ်တုန်းက ညပိုင်း အလုပ်ကအပြန်ဆိုရင် ၀င်ပြီးစားဖြစ်တယ်။ အဲဒီဈေးမှာ ဆိုင်တွေက စုံနေတာပါပဲ။ သစ်ခေါင်းပိုးတောင် ရတယ်။ စားဖူးတဲ့လူတွေကတော့ စိမ့်တယ်လို့ပြောကြတာပဲ။ ကျွန်တော်တော့ တစ်ခါမှ မမြည်းစမ်းဖူးဘူး။

မန္တလေးမှာ တိုဖူးပျော့ကို အမြဲတမ်းလိုလို စားဖြစ်တာကတော့ မန္တလေး တက္ကသလိုလ်အနီး Friends Cafe မျက်နှာချင်းဆိုင်လမ်းကြားလေးထဲက ပါလေကာ ဆိုတဲ့ ဆိုင်လေးပါပဲ။ မနက်ပိုင်းဆို အလကား ကျွေးနေလား မှတ်ရပါတယ်။ များဆို စားရတာလည်း ကောင်းကို။ ပြောရင်း ခံတွင်းတွေချဉ်ချဉ်လာပြီဗျာ။ Video လေးကိုသာ ရှူ့စားလိုက်ပါတော့


Video လေးကို မျှဝေခွင့်ပေးတဲ့ Wagaung ကို ကျေးဇူးတင်ပါတယ်။ သူ့ရဲ့ youtube page ကိုသွားကြည့်လိုက်ရင်လည်း မြန်မာပြည် အငွေ့အသက်တွေ ရစေမည့် video တွေကို တွေ့ရှိခံစားရမှာပါ။

ကျန်းမာပျော်ရွှင်ပါစေ

Comments

  1. ဩ....... ဘဝ.. ဘဝ.. ကိုဖိုးချမ်းတို့ ဘဝများ
    ငတ်တာတောင် Movie ကြည့်ပြီးငတ်ရတဲ့ဘဝ.......
    but...... I ကိုလည်း Movie ကြည့်ပြီးငတ်ခွင့်ပေးတဲ့အတွက် thax ပါ နော်....... :)

    ReplyDelete
  2. "ငတ်ကြသည် ဆိုရာဝယ်" ဆိုတဲ့ ဇာတ်ကားရိုက်ဖြစ်ရင် နင့်ကို ခေါ်လိုက်မယ်နော် :P

    ReplyDelete
  3. ဒီ video ကို ကြည့်ပြီး လူဖြစ်ရကျိုးမနပ်သလိုတောင် ခံစားရတယ်။ ဗိုက်ဆာလာပြီ...

    ReplyDelete
  4. နာကတော့ တို့ဟူးပျော့ကို သုံးပွဲလောက်စားပြီး ထမင်းမစားပဲနေနိုင်တယ်
    သင်္ကြန်တွင်းကျ အိမ်မှာ လုပ်စားဖြစ်ရင် ကိုချမ်းရေ နင့်ဖို့ ပိုစားပေးမယ်ကွ ငှက်ငှက်ငှက်

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ချစ်ခြင်းရင်ခုန် ယုံကြည်စွာဖြင့်

မန္တလေးမှာ ရိုက်ထားတဲ့ ဇာတ်လမ်းလေး၊ အရမ်းကြိုက်တယ်။ ရန်ကင်တောင်နားက နည်းပညာတက္ကသိုလ်ထဲမှာ နောက်ခံထားပြီးရိုက်ထားတယ်။ နောက်ခံသီချင်းလေးလည်း အရမ်းမိုက်တယ်။ ဒွေး ဆိုထားတာ။ ဒီဇာတ်ကားလေးကြည့်ပြီး နည်းပညာတက္ကသိုလ်မှာ Evening Class တက်တုန်းက သွားခဲ့တဲ့အချိန်တွေကို သတိရမိတယ်။ တကယ်တော့နည်းပညာတက္ကသိုလ်ဟာ ကျွန်တော်အရင်တုန်းက နေခဲ့တဲ့အိမ်နဲ့ နီးနီးလေး။ အရင်တုန်းက ရန်ကင်းတောင်ခြေက မန္တလေး သမ၀ါယမကောလိပ်မှာ နေခဲ့တယ်။ ငယ်ငယ်လေးကတည်းကပေါ့။ ရန်ကင်းတောင်တ၀ိုက်ဟာ အရမ်းသာယာတဲ့နေရာလေးပါပဲ။ ရေတံခွန်တောင်နဲ့လည်း နီးနီးလေး။ မေမြို့ကိုလည်း ဆက်သွားလို့ရသေးတယ်။ ပြီးတော့ ရန်ကင်းတောင်ခြေနားလေးမှာ မြကျောက်စေတီဆိုတာရှိတယ်။ အဲဒီမှာ သဘာဝအတိုင်း ရေသန့်တွေထွက်နေတယ်။ မြကျောက်ဆရာတော် ဆိုတာလည်းရှိတယ်။ နာမည်ကြီးပေါ့။ လူကြီးပိုင်းတွေ တော်တော်ကိုးကွယ်ကြတယ်။ အထူးသဖြင့် နန်းတွင်းထဲက လုလင်တွေပေါ့။ ဒီဇာတ်ကားလေးတင်ပေးတဲ့ ခရမ်းပြာအိမ်မက် မှ ကိုကို မမ များကို ကျေးဇူးတင်ပါ၏။ [ အပိုင်း ၁ ] [ အပိုင်း ၂ ]

တကယ့်ကို မလွယ်ပါလား

စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း သူတောင်းစား လေးတွေက တတွတ်တွတ် တောင်းကြတယ် ရုပ်ရှင်ကြည့်တိုင်းလည်း ဗုံးပေါက်မလားရယ်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ် ဓာတ်ပုံရိုက်တိုင်းလည်း Police လေးတွေက အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ် Bus Car တွေ စီးတိုင်းလည်း စပယ်ယာလေးတွေက လက်တဆော့ဆော့နဲ့ လုပ်ကြတယ် လက်မှတ် ၀ယ်တိုင်းလည်း အရောင်းသမားလေးတွေက မှောင်ခိုရှိုတိတ် လုပ်ကြတယ် ဘုရားတွေ သွားတိုင်းလည်း ဂေါပက လူကြီးတွေက ပတ်လည် ချက်စား လုပ်ကြတယ် လေဆိပ်တွေ ရောက်တိုင်းလည်း လ၀က လေးတွေက လက်ဆောင်ပါလား မေးကြတယ် အမှုတွေဖြစ်တိုင်းလည်း ရဲရဲ လေးတွေက လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ် ကျောင်းတွေ အပ်တိုင်းလည်း ကျောင်းအုပ်ကြီးတွေက ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ် နိုင်ငံခြားကို ရောက်တိုင်းလည်း အပေါင်းအသင်းလေးတွေက ဗမာဆို နှာခေါင်း ရှုံ့ကြတယ် အင်တာနက်တွေ သုံးတိုင်းလည်း ပြိတ္တာလေးတွေက အကုန်လုံးနီးပါး ဘန်းကြတယ် ပွဲတွေလုပ်တိုင်းလည်း ရပ်ကွက်ရုံးတွေက...