Skip to main content

ဝါခေါင်လဘွဲ့

ထက်အာကာ ဘုံစွန်းက
ထွန်းတောက်လို့ ထိန်ဝါ
သရ၀ဏ်ရွှေကြယ်မင်း
လင်းတဲ့ချိန်ခါ။
လေညှင်းငယ်လာ သိဟ်ရာသီမို့
ရှူ့တိုင်းငယ် ဘယ်ညာက
ပန်းခတ္တာ ၀တ်မှုံကျင်းတယ်
သင်းပျံ့လှိုင်လို့။

ဖိုးသူတော် ဦးမင်း
NewYork မှာ သီတင်းသုံးနေတဲ့ မစိုးရိမ်ဆရာတော်ကြီးရဲ့ တပည့်အရင်း ဘုန်းဘုန်းကေသာလ လမ်းပြမှုကြောင့် မစိုးရိမ်ကျောင်းတိုက် (NY) ရဲ့ website ကိုရောက်ရှိသွားပါတယ်။ အဲဒီမှာ ဖိုးသူတော်ဦးမင်းရေးထားတဲ့ ၀ါခေါင်လဘွဲ့ ကဗျာလေးကို တွေ့တယ်။ နောက်ပြီး တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ဟာ ၀ါခေါင်လပြည့်နေ့။ ဒါနဲ့ ကျွန်တော့်ဘလော့မှာ ဒီကဗျာလေးကို အမှတ်တရအဖြစ် တင်ထားလိုက်ပါတယ်။

မစိုးရိမ်ကျောင်း (NY) ရဲ့ website ကိုလည်း သွားရောက် ဖတ်ရှူ့ဖို့ တိုက်တွန်းပါရစေ။ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေနဲ့ ပြည့်နှက်နေတဲ့ လူ့ဘ၀မှာ ဘုရားဟောကြားထားတဲ့ တရားတွေ၊ နောက်ပြီး ဘုရားသားတော်ဖြစ်တဲ့ ရဟန်းတော်တွေရေးသားထားတဲ့ ဆောင်းပါးတွေ၊ ဆုံးမ ကဗျာတွေကို ဖတ်ရှူ့ခြင်းအားဖြင့် ဘ၀အမောတွေကို ဖြေနိုင်ကြပါစေ။

Masoeyein Sāsanajotika Buddhist Temple - Visit here

Comments

Popular posts from this blog

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက်

ငါသာလျှင်တော် သူမတော်ရ
လူတော်ထင်မှာ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့်
နစ်လျှက်နေပါတို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့်
အထင်လွဲပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

သူ့ကိုငါညှိုး ငါ့သူညှိုးနှင့်
အညှိုးကြီးပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

ငြီး၍မပြီး ညူမပြီးဘူး
အပြီးတကာ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့
နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့

ဆရာကြီး မင်းသုဝဏ်


Buddhapadipa Temple

Camera: Nikon D7000 | 35mm, F8 @ 1/200s, ISO 200 Software : Adobe Lightroom, Photoshop © Chan Mya Soe