March 2009 နောက်ပိုင်းမှာ UK Student Visa လျောက်မည့်သူတွေ၊ Extension လုပ်မည့်သူတွေအတွက် အထူးသတိထားပြင်ဆင်ပြီး လျောက်ထားဖို့ လိုပါလိမ့်မယ်။ အဓိက ပြောချင်တာကတော့ Finance နဲ့ ပက်သက်ပြီး ပြောင်းလဲသွားတဲ့ information တွေပါ :(
31 Jan 2009
28 Jan 2009
London Chinese New Year 2009 : Year of Ox
၂၆ ရက်နေ့ (တနင်္ဂလာနေ့) ညက China Town ကို သူငယ်ချင်း သုံးယေက်နဲ့အတူ ပထမဆုံးအနေနဲ့ ရောက်ဖြစ်ခဲ့တယ်။ တရုတ်တန်းရောက်တော့ သိပ်လည်း မစည်လှပါလားပေါ့၊ ဘယ်လိုဖြစ်တာလည်း စဉ်းစားမိသေးတယ်။ ဒီနေ့ အင်တာနက်ထဲမှ သတင်းတွေဖတ်မိလိုက်တော့မှ ... တယ်'အ'တဲ့ ငါပါလား ဆိုတာသိလိုက်ရတယ်။ကျွန်တော်တို့ သွားတဲ့နေ့က Chinese New Year တော့ မှန်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း စည်စည်ကားကား ကျင်းပမယ့်နေ့တွေက လကုန်ရက်ဖြစ်တဲ့ ၃၁ ရက်နေ့ နှင့် ဖေဖော်ဝါရီ ၁ ရက်နေ့ဆိုတာ သိလိုက်ရတယ်။ ပြည်ပတိုင်းပြည်တွေမှာ ရိုးရာပွဲတွေ ကျင်းပရင် ဘယ်တော့မှ ကျတဲ့ရက် အတိအကျမှ မကျင်းပနိုင်ကြဘူး။ အမြဲတမ်း Weekend တွေမှာပဲ ပျင်းပကြတယ်။ ဘာလို့လည်းဆိုတော့ Weekend လိုရက်တွေမှာက နားတဲ့လူများတော့ လူစုံတက်စုံ လာနိုင်ကြတာကိုး။ နောင်အတွက် သင်ခန်းစာ တစ်ခုပေါ့။
ဓာတ်ပုံတွေလည်း ရိုက်ခဲ့ပါတယ်။ ဒီတစ်ခါ ဘယ်လိုဖြစ်မှန်းမသိ ပုံတွေက တော်တော်များများ ၀ါးနေတော့ အများကြီးမတင်ပေးနိုင်တာ ခွေးလွှတ်ပါဗျာ။ အထူးသဖြင့် ကွန့်မန့်ပေးထားတဲ့ လန်ဒန်က ဟင်းချက်ကောင်းတဲ့ အန်တီကြီးကို အားနာမိပါတယ်။
ကမ္ဘာကျော် ပုဂ္ဂိုလ်နှစ်ဦးကို တွေ့ရစဉ် :P
ဗိုက်ဆာစေရန် :Pဒီနှစ် Chinese New Year ကတော့ ဒီလောက်ပါပဲဗျာ။ လကုန်တော့ ရောက်ဖြစ်ဖို့ မသေချာဘူး။ ဒီနှစ်က နွားနှစ်ဆိုတော့ နွားလိုရုန်းရဦးမယ်လေ။ တတ်နိုင်ဘူး ... တစ်ကမ္ဘာလုံး သူသူငါငါ ငုတ်တုတ်မေ့နေကြတာဆိုတော့ နွားနှစ်မှာလည်း နွားလို ဆက်ရုန်းကြဦးပေါ့။ ဖြစ်သမျှအကြောင်း အကြောင်းချည်းပါပဲ။ ဒီအကြောင်းဆက်ရေးရင် ငြီးတွားမှုသံစဉ်တွေ ပါလာတော့မယ်။
မြန်မာပြည်မှာလည်း တစ်နှစ်ကို အနည်းဆုံး သုံးခါလောက် New Year ဆိုပြီး နှုတ်ဆက်ရတယ်။ မြန်မာလိုတစ်ခါ၊ အင်္ဂလိပ်လိုတစ်ခါ၊ အခု တရုတ်လိုတစ်ခါ။ ဒါတောင် ကရင် နှစ်သစ်ကူး၊ မွန် နှစ်သစ်ကူးတွေ ကျန်သေးတယ် :) ဒီမှာလည်း အဲလို နှစ်သစ်ကူးပွဲတွေ ကျင်းပကြတယ်။ အဲဒီပွဲတွေကိုတော့ မရောက်ဖြစ်တာ များပါတယ်။ ရှိစေတော့။
စကားမစပ် ... မြန်မာပြည် (ရန်ကုန်) က Chinese New Year ကျင်းပတဲ့ ပုံတွေကြည့်ချင်ရင်တော့ ကျွန်တော့်ဘော်ဒါကြီး ကိုရဲလွင်ဦး ဆီမှာ သွားကြည့်နိုင်ပါတယ်။ ကျေးဇူးပဲ ကိုရဲလွင်ဦး :)
မြန်မာပြည်မှာလည်း တစ်နှစ်ကို အနည်းဆုံး သုံးခါလောက် New Year ဆိုပြီး နှုတ်ဆက်ရတယ်။ မြန်မာလိုတစ်ခါ၊ အင်္ဂလိပ်လိုတစ်ခါ၊ အခု တရုတ်လိုတစ်ခါ။ ဒါတောင် ကရင် နှစ်သစ်ကူး၊ မွန် နှစ်သစ်ကူးတွေ ကျန်သေးတယ် :) ဒီမှာလည်း အဲလို နှစ်သစ်ကူးပွဲတွေ ကျင်းပကြတယ်။ အဲဒီပွဲတွေကိုတော့ မရောက်ဖြစ်တာ များပါတယ်။ ရှိစေတော့။
အားလုံးပဲ ... Happy Chinese New Year !!!
စကားမစပ် ... မြန်မာပြည် (ရန်ကုန်) က Chinese New Year ကျင်းပတဲ့ ပုံတွေကြည့်ချင်ရင်တော့ ကျွန်တော့်ဘော်ဒါကြီး ကိုရဲလွင်ဦး ဆီမှာ သွားကြည့်နိုင်ပါတယ်။ ကျေးဇူးပဲ ကိုရဲလွင်ဦး :)
26 Jan 2009
Old Church
ဘလော့မှာ တစ်ခါမှ မတင်ဘူးသေးတဲ့ Church ကျောင်း သီးသန့်ရိုက်ထားတဲ့ပုံလေးပါ။ သူငယ်ချင်းတွေနဲ့ Dr K K Gyi ရဲ့ ဆေးခန်းကိုသွားရင်း လမ်းမှာ ရိုက်ဖြစ်ခဲ့တာပါ။ အဲဒီနေ့က မိုးဖွဲလေးတွေလည်း ကျနေတယ်။ ဓာတ်ပုံရိုက်ရင်း ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့ Church မှာ သီချင်းလိုက်ဆိုဖူးခဲ့တဲ့ ပုံရိပ်တစ်ချို့ကိုလည်း ပြန်သတိရမိသေးတယ်။19 Jan 2009
အပြစ်ကင်းစင်သော မော်ဒယ်လေး
လွန်ခဲ့တဲ့ နှစ်ရက်လောက်က သူငယ်ချင်းတစ်ယောက်ကို ထိုင်စောင့်နေရင်း သူ့ရဲ့သားလေးကို ဓာတ်ပုံတွေရိုက်ဖြစ်ခဲ့ပါတယ်။ ကလေးကို ဓာတ်ပုံတွေရိုက်ရင်း စိတ်ထဲမှာလည်း ဆန္ဒတစ်ခုကို သူ့မိဘတွေအတွက်လည်း ဆုတောင်းပေးမိခဲ့တယ်။
Labels:
Friends,
London,
remembrance
16 Jan 2009
ဗိုလ်ချုပ်ပြောတဲ့ ခေါင်းဆောင်ဆိုတာ
ယောင်္ကျားပီပီ တိုင်းပြည်တစ်ခုလုံး၏ ခေါင်းဆောင်လုပ်မည်ဆိုလျှင် တိုင်းပြည်မှာ အဆိုးဆုံးတစ်ခုတွေ့လာလျှင် ကိုယ်က ရှေ့ကနေ သွားရမယ်။ အကောင်းဆုံးတစ်ခုကို တွေ့လာလျှင်လည်း ကိုယ်ကနောက်မှာ နေရမယ်။ဗိုလ်ချုပ်အောင်ဆန်း
ဗိုလ်အောင်ဆန်းပြောသည့် စကားဟာ မှန်နေပြီ။ အဆိုးဆုံးကိုတွေ့တော့ ရှေ့ကသွားတဲ့ ဗိုလ်အောင်ဆန်းဟာ သေရှာပြီ။ အကောင်းဆုံးကိုတွေ့တော့လည်း ဗိုလ်အောင်ဆန်းဟာ နောက်ချန်နေရစ်ခဲ့ပြီ။ဦးစပ်စု (ခ) အောင်ခေချောင်း
ဆရာ ဦးအောင်သင်းရဲ့ "မျိုးဆက်သစ် တိုးတက်ရစ်ဖို့ (၃)" ထဲက မှတ်သားဖွယ်ရာ စာသားလေးတွေပါ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိန့်ခွန်းဟာ အတုယူမှတ်သားဖွယ်ကောင်းသလို ဦးစပ်စုရဲ့ မှတ်ချက်လေးတွေဟာလည်း တကယ့်ကို လွမ်းမောဖွယ်ကောင်းလှပါတယ်။ အခုခေတ် ခေါင်းဆောင်တွေများ ... ။
Labels:
remembrance,
sharing,
မှတ်စု
10 Jan 2009
ပြာသိုလပြည့် အမေနေ့
ဒီနေ့ အမေများနေ့ ...
ဒီလိုနေ့မျိုးမှာ ကွယ်လွန်သွားတဲ့ မေမေကို သိပ်သတိရတယ်ဗျာ။
အဝေးရောက်နေတဲ့ သူငယ်ချင်းတွေ ... အမေတွေဆီကို ဖုန်းဆက်ပြီး သတိတရ နှုတ်ဆက်ကြဦးဗျာ။ လူ့ဘ၀က တိုတိုလေးပါ။
ကျွန်တော်လည်း ဒီနေ့အိမ်ကို ဖုန်းဆက်ရဦးမယ်။
အမေတွေအားလုံး ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းပါတယ်။
Tweet
ဒီလိုနေ့မျိုးမှာ ကွယ်လွန်သွားတဲ့ မေမေကို သိပ်သတိရတယ်ဗျာ။
အဝေးရောက်နေတဲ့ သူငယ်ချင်းတွေ ... အမေတွေဆီကို ဖုန်းဆက်ပြီး သတိတရ နှုတ်ဆက်ကြဦးဗျာ။ လူ့ဘ၀က တိုတိုလေးပါ။
ကျွန်တော်လည်း ဒီနေ့အိမ်ကို ဖုန်းဆက်ရဦးမယ်။
အမေတွေအားလုံး ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းပါတယ်။
7 Jan 2009
Site Launcher - A Firefox Add-on
SiteLauncher ဆိုတာကတော့ မိမိကြိုက်နှစ်သက်တဲ့ အင်တာနက်ဆိုဒ်တွေ (Google, Facebook, Twitter, etc ..) ကို Keyboard Shortcut သုံးပြီး လျင်မြန်စွာဖွင့်ပေးနိုင်တဲ့ Firefox add-on တစ်ခုပါပဲ။ Bookmark တွေကို shortcut အနေနဲ့ပြောင်းလဲလိုက်တဲ့သဘောလို့လည်း ပြောလို့ရပါတယ်။ ဒီနေရာမှာ ရယူပါ။၁။ Install လုပ်ပြီးသွားရင် Firefox ကို restart ပြန်လုပ်ပေးပါ။Appearance (Column, Font size, Text color, etc..) နှင့် Effect (background transparency, gradient background, etc..) ပြောင်းချင်တယ်ဆိုရင်တော့ Site launcher menu ထဲက Options ထဲမှာ ၀င်ရောက်ပြောင်းလဲနိုင်ပါတယ်။
၂။ Launcher ကို ခေါ်ယူအသုံးပြုဖို့အတွက် Ctrl+Space ကို အသုံးပြုပါ။ Launcher screen မှာ Default အနေနဲ့ထည့်ပေးထားတဲ့ site တစ်ချို့ကို တွေ့မြင်နိုင်ပါတယ်။ Screen မှာပါတဲ့ site တွေရဲ့ဘယ်ဘက်ဘေးမှာပါတဲ့ Key အတိုင်း နှိပ်ရုံဖြင့် အဲဒီ site ကိုရောက်ရှိစေမှာဖြစ်ပါတယ်။
၃။ မိမိစိတ်ကြိုက် ပြန်လည်သတ်မှတ်ချင်တယ်ဆိုရင်တော့ Firefox Menubar မှာပါတဲ့ Site launcher menu ကိုနှိပ်ပါ။ အဲဒီထဲကမှ Manage Shortcuts ကိုနှိပ်ပြီး Shortcut တွေကို စိတ်ကြိုက်ပြန်လည်ပြင်ဆင်နိုင်ပါတယ်။
၎။ site အသစ်တစ်ခုကို ထပ်ပြီးထည့်ချင်ရင်တော့ browser ရဲ့ address bar မှာ site ရဲ့ လိပ်စာ (eg. twitter.com) ကို အရင်ရိုက်ထည့်ပြီး browse လုပ်ပါ။ site ပွင့်သွားပြီဆိုရင် Site launcher menu ထဲက Shortcut this page ကိုရွေးပါ။ Site Launcher management window ပေါ်လာပါလိမ့်မယ်။ မိမိသက်မှတ်ချင်တဲ့ Key (eg. t) နှင့် Title (eg. Twitter) ကိုရိုက်ထည့်ပြီး OK ပေးပါ။ ဒါဆိုရင် site launcher ထဲမှာ မိမိအသစ်ထည့်လိုက်တဲ့ site တစ်ခုရောက်ရှိသွားပါပြီ။ ပြန်လည်စမ်းသပ်ဖို့အတွက် ctrl+space ကိုနှိပ်ပြီး t ကိုနှိပ်လိုက်ပါက Twitter.com ကို ဖွင့်ပေးမှာဖြစ်ပါတယ်။
Common Colors and Their Most Common Meanings
Web Design မှာ Colour အသုံးပြုပုံနှင့် ပက်သက်တဲ့ Article တစ်ခုကိုဖတ်ရင်း အရောင်တွေနဲ့ သူတို့ရဲ့ စိတ်ဝင်စားဖွယ်ရာ အဓိပ္ပာယ်ဖော်ပြချက်တွေကို မှတ်စုသဘောမျိုး ဘလော့မှာ မှတ်ထားရင်း ပြန်လည် မျှဝေလိုက်ရပါတယ်။
RedVia : Avangate
energy, passion, excitement, power; also implies aggression, danger
Blue
coolness, spirituality, freedom, patience, loyalty, peace, trustworthiness; can also imply sadness, depression
Yellow
light, optimism, happiness, brightness, joy
Green
life, naturalness, restfulness, health, wealth, prosperity; in certain contexts, can imply decay, toxicity
Orange
friendliness, warmth, approachability, energy, playfulness, courage
Violet
wisdom, sophistication, celebration
White
purity, cleanliness, youth, freshness, peace
Black
purity, cleanliness, youth, freshness, peace
Gray
security, maturity, reliability
Pink
romance a feminine color
Brown
romance a feminine color
Labels:
Graphic/Web Design,
sharing,
မှတ်စု
6 Jan 2009
Adobe Lightroom 2 ebooks for Designers and Photographers
Adobe Photoshop Lightroom 2 - A Digital photographer's GuideSize : 57.37 MB (rar)
Adobe Lightroom 2 ကိုလေ့လာနေသူတွေ ဒါမှမဟုတ် Photographer တွေအတွက် အသုံးဝင်မည့် ebook တွေပါ။ အားလုံးအဆင်ပြေအောင် Mediafire မှာ Upload လုပ်ပေးထားပါတယ်။ (မပြေခဲ့ရင် Comment ပေးခဲ့ပါ) စာအုပ်နာမည် (သို့) ပုံကို Click နှိပ်ပြီး Download ရယူပါ။
2 Jan 2009
London Fireworks on New Year's Day 2009
BBC one ကနေ ရိုက်ကူးပေးထားတဲ့ လန်ဒန်နှစ်သစ်ကူးည မီးပန်းအလှတွေပါ။ လူကိုယ်တိုင် မရောက်နိုင်ခဲ့တော့လည်း ဒီ video clip လေးပဲ ထိုင်ကြည့်နေလိုက်တယ် :) Big Ben ကနေ ၁၂ ချက်တီးပြီးတဲ့အချိန်မှာ ပေါ်ထွက်လာတဲ့ အသံတွေ မီးပန်းတွေနဲ့အတူ အားပါတရ နှစ်သစ်ကို ကြိုဆိုတဲ့ပုံရိပ်တွေကိုကြည့်ရတာ ကြည်နူးစရာပါ။ Big Ben ရဲ့သက်တမ်းဟာလည်း ၂၀၀၉ ဆိုရင် နှစ် ၁၅၀ ပြည့်ပါပြီ။ ကျွန်တော်တို့ မန္တလေးမြို့ကြီးနဲ့ သက်တမ်းအတူတူပေါ့ဗျာ။
အစားကောင်းစားရတဲ့အချိန်မှာ မိတ်ဆွေကောင်းတွေကို သတိရကြတယ် ဆိုသလိုပဲ ကျွန်တော်လည်း အခု ဒီ clip လေးကို သူငယ်ချင်းတွေကို ပြန်လည်မျှဝေလိုက်ရပါတယ်။
1 Jan 2009
Anatomy of The Photoshop Toolbox
Photoshop Toolbox မှာပါဝင်တဲ့ Tools တွေကို အလွယ်တကူ နားလည်နိုင်မည့်ပုံစံကို ဒီနေရာမှာတွေ့လို့ Photoshop လေ့လာနေသူများကို တဆင့်ပြန်လည်မျှဝေလိုက်ရပါတယ်။ ပုံကို ကြည့်လိုက်ရုံနှင့် ဘယ် Tool တွေကို ဘယ်နေရာမှာ ဘယ်လို အသုံးပြုရမလဲဆိုတာ အလွယ်တကူ နားလည်သဘောပေါက်စေနိုင်မှာ ဖြစ်ပါတယ်။ အကျယ်ကိုတော့ ဒီနေရာမှာ သွားရောက်ဖတ်ရှူ့ပါ။Photo via : Tutorial9.net
Labels:
Cool Site,
photography,
photoshop
Subscribe to:
Posts (Atom)









