Skip to main content

London Chinese New Year 2009 : Year of Ox

၂၆ ရက်နေ့ (တနင်္ဂလာနေ့) ညက China Town ကို သူငယ်ချင်း သုံးယေက်နဲ့အတူ ပထမဆုံးအနေနဲ့ ရောက်ဖြစ်ခဲ့တယ်။ တရုတ်တန်းရောက်တော့ သိပ်လည်း မစည်လှပါလားပေါ့၊ ဘယ်လိုဖြစ်တာလည်း စဉ်းစားမိသေးတယ်။ ဒီနေ့ အင်တာနက်ထဲမှ သတင်းတွေဖတ်မိလိုက်တော့မှ ... တယ်'အ'တဲ့ ငါပါလား ဆိုတာသိလိုက်ရတယ်။

ကျွန်တော်တို့ သွားတဲ့နေ့က Chinese New Year တော့ မှန်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း စည်စည်ကားကား ကျင်းပမယ့်နေ့တွေက လကုန်ရက်ဖြစ်တဲ့ ၃၁ ရက်နေ့ နှင့် ဖေဖော်ဝါရီ ၁ ရက်နေ့ဆိုတာ သိလိုက်ရတယ်။ ပြည်ပတိုင်းပြည်တွေမှာ ရိုးရာပွဲတွေ ကျင်းပရင် ဘယ်တော့မှ ကျတဲ့ရက် အတိအကျမှ မကျင်းပနိုင်ကြဘူး။ အမြဲတမ်း Weekend တွေမှာပဲ ပျင်းပကြတယ်။ ဘာလို့လည်းဆိုတော့ Weekend လိုရက်တွေမှာက နားတဲ့လူများတော့ လူစုံတက်စုံ လာနိုင်ကြတာကိုး။ နောင်အတွက် သင်ခန်းစာ တစ်ခုပေါ့။

ဓာတ်ပုံတွေလည်း ရိုက်ခဲ့ပါတယ်။ ဒီတစ်ခါ ဘယ်လိုဖြစ်မှန်းမသိ ပုံတွေက တော်တော်များများ ၀ါးနေတော့ အများကြီးမတင်ပေးနိုင်တာ ခွေးလွှတ်ပါဗျာ။ အထူးသဖြင့် ကွန့်မန့်ပေးထားတဲ့ လန်ဒန်က ဟင်းချက်ကောင်းတဲ့ အန်တီကြီးကို အားနာမိပါတယ်။

မီးပုံးတွေက လူတွေထက် ပိုများတယ်

ကမ္ဘာကျော် ပုဂ္ဂိုလ်နှစ်ဦးကို တွေ့ရစဉ် :P

ဗိုက်ဆာစေရန် :P

ဒီနှစ် Chinese New Year ကတော့ ဒီလောက်ပါပဲဗျာ။ လကုန်တော့ ရောက်ဖြစ်ဖို့ မသေချာဘူး။ ဒီနှစ်က နွားနှစ်ဆိုတော့ နွားလိုရုန်းရဦးမယ်လေ။ တတ်နိုင်ဘူး ... တစ်ကမ္ဘာလုံး သူသူငါငါ ငုတ်တုတ်မေ့နေကြတာဆိုတော့ နွားနှစ်မှာလည်း နွားလို ဆက်ရုန်းကြဦးပေါ့။ ဖြစ်သမျှအကြောင်း အကြောင်းချည်းပါပဲ။ ဒီအကြောင်းဆက်ရေးရင် ငြီးတွားမှုသံစဉ်တွေ ပါလာတော့မယ်။

မြန်မာပြည်မှာလည်း တစ်နှစ်ကို အနည်းဆုံး သုံးခါလောက် New Year ဆိုပြီး နှုတ်ဆက်ရတယ်။ မြန်မာလိုတစ်ခါ၊ အင်္ဂလိပ်လိုတစ်ခါ၊ အခု တရုတ်လိုတစ်ခါ။ ဒါတောင် ကရင် နှစ်သစ်ကူး၊ မွန် နှစ်သစ်ကူးတွေ ကျန်သေးတယ် :) ဒီမှာလည်း အဲလို နှစ်သစ်ကူးပွဲတွေ ကျင်းပကြတယ်။ အဲဒီပွဲတွေကိုတော့ မရောက်ဖြစ်တာ များပါတယ်။ ရှိစေတော့။

အားလုံးပဲ ... Happy Chinese New Year !!!

စကားမစပ် ... မြန်မာပြည် (ရန်ကုန်) က Chinese New Year ကျင်းပတဲ့ ပုံတွေကြည့်ချင်ရင်တော့ ကျွန်တော့်ဘော်ဒါကြီး ကိုရဲလွင်ဦး ဆီမှာ သွားကြည့်နိုင်ပါတယ်။ ကျေးဇူးပဲ ကိုရဲလွင်ဦး :)

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

Mandalay Bloggers Feeds Network

အကြောင်းအရာ Mandalay Bloggers Feeds Network တည်ထောင်ရန် ရည်ရွယ်ချက် ပြည်တွင်းရှိ မန္တလေး Blogger များ နှင့် ပြည်ပရောက် မန္တလေး Blogger များ၏ သတင်းအချက်အလက်များ ဖန်တီးမှုများကို တစ်နေရာတည်းတွင် စုံစုံလင်လင် ဖတ်ရှူ့ လေ့လာနိုင်ရန်။ အထက်ပါအကြောင်းအရာနှင့် ပက်သက်၍ မန္တလေး Blogger များအားလုံးကို စည်းစည်းလုံးလုံးနှင့် Feeds Network မှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ကျွန်တော်သိသော မန္တလေး Blogger များ၏ စာရင်းကို ဖော်ပြလိုက်ပါတယ်။ အောက်ဖော်ပြပါ Blogger များအပြင် ကျွန်တော်မသိသေးသော မန္တလေး Blogger များကိုလည်း ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။ ပါဝင်နိုင်ရန်အတွက် ဒီပို့စ်မှာ Comment ပေး၍သော်လည်းကောင်း chanmyasoe@gmail.com နှင့် myochauhtun@gmail.com သို့ email ပေးပို့၍သော်လည်းကောင်း ဆက်သွယ် ပါဝင်နိုင်ပါတယ်။ Blogger တွေအားလုံးရဲ့အတူပြုချက်ကိုရယူပါမယ်။ ဒါကြောင့် ပါဝင်ချင်တဲ့ ဆန္ဒရှိသူတိုင်းရဲ့ Comment ဒါမှမဟုတ် email ကို စောင့်ပါမယ် ။ သုံးရက်မြောက်လို့မှ Comment ရော email ရော မလာလည်း ... List မှာထည့်ပြီးသားပဲဗျာ ( မှတ်ချက် - ဘာအကြောင်းပြချက်မှ လက်မခံ :D ) တကယ် ပါဝင်စေချင်တဲ့အတွက်ပါ :) မပါဝင်လိုသော ကန့်ကွက်လိုသော Blo...