Skip to main content

Site Launcher - A Firefox Add-on

SiteLauncher ဆိုတာကတော့ မိမိကြိုက်နှစ်သက်တဲ့ အင်တာနက်ဆိုဒ်တွေ (Google, Facebook, Twitter, etc ..) ကို Keyboard Shortcut သုံးပြီး လျင်မြန်စွာဖွင့်ပေးနိုင်တဲ့ Firefox add-on တစ်ခုပါပဲ။ Bookmark တွေကို shortcut အနေနဲ့ပြောင်းလဲလိုက်တဲ့သဘောလို့လည်း ပြောလို့ရပါတယ်။ ဒီနေရာမှာ ရယူပါ။
၁။ Install လုပ်ပြီးသွားရင် Firefox ကို restart ပြန်လုပ်ပေးပါ။

၂။ Launcher ကို ခေါ်ယူအသုံးပြုဖို့အတွက် Ctrl+Space ကို အသုံးပြုပါ။ Launcher screen မှာ Default အနေနဲ့ထည့်ပေးထားတဲ့ site တစ်ချို့ကို တွေ့မြင်နိုင်ပါတယ်။ Screen မှာပါတဲ့ site တွေရဲ့ဘယ်ဘက်ဘေးမှာပါတဲ့ Key အတိုင်း နှိပ်ရုံဖြင့် အဲဒီ site ကိုရောက်ရှိစေမှာဖြစ်ပါတယ်။

၃။ မိမိစိတ်ကြိုက် ပြန်လည်သတ်မှတ်ချင်တယ်ဆိုရင်တော့ Firefox Menubar မှာပါတဲ့ Site launcher menu ကိုနှိပ်ပါ။ အဲဒီထဲကမှ Manage Shortcuts ကိုနှိပ်ပြီး Shortcut တွေကို စိတ်ကြိုက်ပြန်လည်ပြင်ဆင်နိုင်ပါတယ်။

၎။ site အသစ်တစ်ခုကို ထပ်ပြီးထည့်ချင်ရင်တော့ browser ရဲ့ address bar မှာ site ရဲ့ လိပ်စာ (eg. twitter.com) ကို အရင်ရိုက်ထည့်ပြီး browse လုပ်ပါ။ site ပွင့်သွားပြီဆိုရင် Site launcher menu ထဲက Shortcut this page ကိုရွေးပါ။ Site Launcher management window ပေါ်လာပါလိမ့်မယ်။ မိမိသက်မှတ်ချင်တဲ့ Key (eg. t) နှင့် Title (eg. Twitter) ကိုရိုက်ထည့်ပြီး OK ပေးပါ။ ဒါဆိုရင် site launcher ထဲမှာ မိမိအသစ်ထည့်လိုက်တဲ့ site တစ်ခုရောက်ရှိသွားပါပြီ။ ပြန်လည်စမ်းသပ်ဖို့အတွက် ctrl+space ကိုနှိပ်ပြီး t ကိုနှိပ်လိုက်ပါက Twitter.com ကို ဖွင့်ပေးမှာဖြစ်ပါတယ်။
Appearance (Column, Font size, Text color, etc..) နှင့် Effect (background transparency, gradient background, etc..) ပြောင်းချင်တယ်ဆိုရင်တော့ Site launcher menu ထဲက Options ထဲမှာ ၀င်ရောက်ပြောင်းလဲနိုင်ပါတယ်။

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။