Skip to main content

Mandalay 150th Anniversary Ah-Nyeint



မန္တလေး နှစ် (၁၅၀) ပြည့် အနုပညာပုံရိပ်ပွဲတော်တွင် ဝါရင့် အနုပညာရှင်ကြီးများ ဖျော်ဖြေတင်ဆက်ခဲ့သော အငြိမ့် ဖြစ်ပါတယ်။ အပြည့်အစုံရအောင် ကြိုးစားရှာပေမယ့် ဒီအပိုင်းလေးတွေပဲ ရခဲ့တယ်။ နောက် အပြည့်အစုံရမှ ထပ်ပြီး တင်ပေးပါဦးမယ်။ ဒီအပိုင်းလေးတွေကို Facebook မှာ ကိုအောင်အောင်မျိုး Tag လုပ်ထားတဲ့ video ကနေ ပြန်လည်ရယူထားပြီး အမှတ်တရအဖြစ် ကျွန်တော့်ရဲ့ Youtube မှာ ပြန်လည်တင်ထားတာဖြစ်ပါတယ်။ အခုလက်ရှိ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတစ်ခုနဲ့ ဒီအငြိမ့်ထဲက ပျက်လုံးတစ်ခုနဲ့ ကွက်တိပဲဗျာ။

A : သတင်းအတိအကျရထားပြီးပါပြီ။ ဘုရားပွဲတော်ကြီးပြီးရင် တစ်နိုင်ငံလုံး ၂၄ နာရီ မီးထိန်ထိန် လင်းမယ်တဲ့။

B : ဘယ် ဘုရားပွဲတော်တုန်း ?

A : အရိမေတ္တယ :P


ခုခေတ် ပေါ့ပျက်ပျက် လူရွှင်တော်တွေ အောက်လုံးတွေချည်းပျက်နေတဲ့ လူရွှင်တော်တွေ ဒီအငြိမ့်ကိုကြည့်ပြီး အတုယူသင့်ပါတယ်။

--
ခံစားကြည့်ကြပါဦး :)

Comments