ဘိလပ်ကို လာခါနီးလူတွေ အိမ်ကနေ သံပုရာသီး၊ ငရုတ်ကြက်သွန်ကအစ ယူလာကြတယ်လို့ ကြားဖူးတယ်။ ကျွန်တော်လာတုန်းက မြန်မာအစားအစာ မစားရမှာ သိပ်ကိုကြောက်နေတာ။ ဘာလို့လဲဆိုတော့ ပေါင်မုန့်နှင့် သရေစာတွေက တစ်ခါစားပြီးရင် ၂နာရီလောက်ပဲ ခံတယ်လေ :P အခုဆိုရင် ဒီမှာ မြန်မာတွေကြိုက်တဲ့ ချဉ်ပေါင်ရွက်၊ မြင်းခွာရွက်၊ သရက်သီး ငပိ၊ ပဲပြုတ် နှင့် ဆူးပုတ်ရွက်ကအစ အကုန်ဝယ်လို့ရတယ်။
လန်ဒန်မှာဆိုရင် Southall နှင့် Wembley ဘက်က ကုလားဆိုင်တွေမှာ အကုန်နီးပါးရတယ်။ ဒါမှမဟုတ် ထိုင်းဆိုင် နှင့် ဖလစ်ပင်း ဆိုင်တွေမှာလည်း မြန်မာတွေကြိုက်တတ်တဲ့ အစားအသောက်တွေ အကုန်ဝယ်လို့ရနေပါပြီ။ လဘက်ကတော့ မရှိဘူး။ ဒါမေပဲ့ လန်ဒန်မှာ မြန်မာအစားအသောက်တွေ ရောင်းပေးနေတဲ့ အမေ့အိမ်၊ မြို့မ၊ ရသာမွန်၊ ရွှေဟင်္သာ၊ ရွှေမန်းတလေး နှင့် Hayes Oriental တို့လို့ဆိုင်တွေမှာ လိုသလောက်ဝယ်လို့ရနေပါပြီ။ အခု ဒီချဉ်ပေါင်ရွက်ကတော့ Hayes Oriental ကနေ ရလာတာပါ။ ဈေးကတော့ တစ်စီးကို နှစ်ပေါင်လောက်ကျတယ်။ ဒါပေမဲ့ ကီလိုနဲ့ ဝယ်ရင်တော့ ပိုသက်သာပါတယ်။ စားချင်တော့လည်း ဈေးကြည့်မနေပဲ ဝယ်စားလိုက်ရတာပဲလေ။ အစာအိမ်က တောင်းဆိုလာတာကိုး။ ဝယ်ချင်ရင် ဖုန်းဆက်ပြီး မှာလို့လည်း ရတယ်။ ဒါပေမဲ့ order ကတော့ £25 အထက်ဖြစ်မှ ရမှာ။ လူကိုယ်တိုင် သွားဝယ်ချင်ရင်တော့ Hayes station နဲ့ တော်တော်လေး နီးပါတယ်။ ဖုန်းနံပါတ်က မဇင် - 07528 726040 ဖြစ်ပါတယ်။ မြန်မာအစားအစာတွေအပြင် ထိုင်း၊ ဖလစ်ပင်း၊ ဗီယက်နမ် အစားအစားတွေကိုပါ ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချပေးနေတာတွေ့ရပါတယ်။
အစားအသောက်အကြောင်း စာရေးရင် ဗိုက်တောင် ဆာလာပြီ။ ဝါးတီးသွားဆွဲဦးမယ်ဗျာ ;)
Comments
Post a Comment
Thanks for your comment.