ပြီးခဲ့သည့် စက်တင်ဘာလ (၉) ရက်နေ့က လန်ဒန်တွင် မြန်မာပြည်ရှိ ချို့တဲ့ကလေးသူငယ်များ ထောက်ပံ့ရေး ရံပုံငွေအဖြစ် ကျင်းပပြုလုပ်ခဲ့သည့် Temptation 4 ပွဲမှ မှတ်တမ်းတင်ဓာတ်ပုံများဖြစ်ပါတယ်။ ထိုပွဲသို့ မြန်မာပြည်မှ ဖိတ်ကြားထားသည့် အဆိုတော်များဖြစ်သည့် စိုးပိုင်၊ သျှီ၊ နောနော် နှင့် အောင်လ တို့မှ တက်ရောက်အားပေးသည့် မြန်မာမိသားစုများနှင့်အတူ အားပါးတရ သီဆိုဖျော်ဖြေသွားပါတယ်။ ညနေ (၅) နာရီတွင် စတင်ဖျော်ဖြေရမည့် ဖျော်ဖြေမှုကို လန်ဒန်မှပွဲများ ထုံးစံအတိုင်း (၆) နာရီကျော်လောက်မှ စဖြစ်ခဲ့ပြီး (၁၁)နာရီတွင် ပြီးရမည့်အစား ၁၀ နာရီ ၃၀မိနစ်ခန့်တွင် ပွဲကို ရုပ်သိမ်းခဲ့ပါတယ်။ အဆိုတော်တွေရဲ့ ဖျော်ဖြေမှုကတော့ ကြည့်လို့အရမ်းကောင်းခဲ့ပြီး ပွဲစီစဉ်မှု ချာတူးလန်တာကြောင့် နောက်ကျမှစပြီး စောပြန်ခဲ့ရတာကိုတော့ ကသိကအောက်ဖြစ်ခဲ့ရပါတယ်။
စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း သူတောင်းစား လေးတွေက တတွတ်တွတ် တောင်းကြတယ် ရုပ်ရှင်ကြည့်တိုင်းလည်း ဗုံးပေါက်မလားရယ်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ် ဓာတ်ပုံရိုက်တိုင်းလည်း Police လေးတွေက အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ် Bus Car တွေ စီးတိုင်းလည်း စပယ်ယာလေးတွေက လက်တဆော့ဆော့နဲ့ လုပ်ကြတယ် လက်မှတ် ၀ယ်တိုင်းလည်း အရောင်းသမားလေးတွေက မှောင်ခိုရှိုတိတ် လုပ်ကြတယ် ဘုရားတွေ သွားတိုင်းလည်း ဂေါပက လူကြီးတွေက ပတ်လည် ချက်စား လုပ်ကြတယ် လေဆိပ်တွေ ရောက်တိုင်းလည်း လ၀က လေးတွေက လက်ဆောင်ပါလား မေးကြတယ် အမှုတွေဖြစ်တိုင်းလည်း ရဲရဲ လေးတွေက လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ် ကျောင်းတွေ အပ်တိုင်းလည်း ကျောင်းအုပ်ကြီးတွေက ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ် နိုင်ငံခြားကို ရောက်တိုင်းလည်း အပေါင်းအသင်းလေးတွေက ဗမာဆို နှာခေါင်း ရှုံ့ကြတယ် အင်တာနက်တွေ သုံးတိုင်းလည်း ပြိတ္တာလေးတွေက အကုန်လုံးနီးပါး ဘန်းကြတယ် ပွဲတွေလုပ်တိုင်းလည်း ရပ်ကွက်ရုံးတွေက...