Skip to main content

Cartoon: ဗျောက်တန်းလန်းနဲ့ ၂၀၁၀ ပြည်သူ့လွှတ်တော်

ကာတွန်းဆရာ ဘီရုမာရဲ့ ၂၀၁၀ ရွေးကောက်ပွဲနှင့် အရပ်ဝတ်ပြောင်းလဲသွားကြတဲ့ မောင်သိန်းစိန်ဦးဆောင်တဲ့ ဝန်ကြီးများအဖွဲ့ကို ပြောင်လှောင်သရော်ထားတဲ့ ကာတွန်းဖြစ်ပါတယ်။ ရွေးကောက်ပွဲဟာလည်း ဒီပုံစံအတိုင်းဆို သူတို့ပဲ နိုင်မည့်အလားအလာ ပိုပိုပြီးများသွားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ လူမှုရေးလုပ်ငန်းတွေကိုပဲ ဆက်လက်လုပ်ကိုင်သွားဖို့ ကြေငြာချက်ထုတ်ပြီးသွားပြီ ဖြစ်ပါတယ်။

ပြည်သူတွေရင်ထဲ စိတ်ထဲမှာ ဘယ်သူ့ကို တက်စေချင်တယ်ဆိုတာက တစ်သတ်မတ်တည်းရှိပြီးသားပါ။ ဒါပေမဲ့ တခြားတစ်ဘက်က ပြန်တွေးကြည့်မယ်ဆိုရင် ဘယ်သူတက်တက်ပါ ပြည်သူတွေစားဝတ်နေရေးပြေလည်ဖို့နှင့် လူ့အခွင့်ရေးရရှိဖို့က အဓိကပါပဲ။

Voa News မှ
မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ စစ်အစိုးရကို သရော်တဲ့ ကာတွန်းတွေ၊ သရုပ်ဖော်ပုံတွေ ရေးဆွဲနေတဲ့ ရှမ်းတိုင်းရင်းသား ကာတွန်းဆရာ ကိုဟန်လေးကို နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ Human Rights Watch က ဂုဏ်ပြုဆု ချီးမြှင့်လိုက်ပါတယ်။

၂၀၀၉ ခုနှစ်အတွက် Hellman/Hammett ဆုကို အခုထိ အကျဉ်းကျခံနေရတဲ့ ကဗျာဆရာ စောဝေ အပြင် ကွယ်လွန်သူ ကဗျာဆရာကြီး ဦးတင်မိုးကိုလည်း ၂၀၀၂ ခုနှစ်မှာ ဂုဏ်ပြု ပေးအပ်ခဲ့ပါတယ်။

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။