Skip to main content

တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ပဏာမရွးချယ်ခံ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၂၀ ရဲ့ အမည်စာရင်း ထုတ်ပြန် ကြေငြာ


အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက် ကင်းဒဲန်း၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က အဖွဲ့ခွဲ ၁၅ ခုနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ဂုဏ်ရည်အဖွဲ့ရဲ့ တတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဆု ချီးမြှင့်ပွဲကို ၂၀၁၂ မေ ၂၇ ရက်နေ့တွင် နယူးယောက်၌ ကျင်းပရန် ပြင်ဆင်လျက်ရှိရာ ၂၀၁၂ ဧပြီ ၁၆ ရက်နေ့က ပဏာမ ရွေးချယ်ခံ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၂၀ ရဲ့ အမည်စာရင်း ထုတ်ပြန် ကြေငြာလိုက်ပါတယ်။ ထို ပဏာမစာရင်းအတွက် ၂၀၁၂ မတ်လလယ်မှ မတ်လ ၃၁ ရက်နေ့အထိ ကောက်ခံခဲ့ရာ အမည်စာရင်း တင်သွင်းသူ ၃၃ ဦးအနက် ဂုဏ်ပြုပွဲ အခမ်းအနားများ ကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီက လူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၂၀ ရဲ့ စာရင်းကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အခု ရွေးချယ်ထားတဲ့ ပဏာမစာရင်းထဲမှ ငါးဦးစီကို သက်ဆိုင်ရာ ပြည်သူ့ဂုဏ်ရည် အဖွဲ့ခွဲများက ဧပြီ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည် ရွေးချယ်မှာ ဖြစ်ကြောင်း၊ ထိုသို့ ရွေးချယ်ပြီး စုစုပေါင်း ဆန္ဒမဲ အများဆုံး ရရှိသူ ငါးဦးစာရင်းကို ထပ်မံ ထုတ်ပြန် ကြေငြာကာ အွန်လိုင်းမှ မဲပေးစနစ်နဲ့ ရွေးချယ်ပြီး ပြည်သူ့ဂုဏ်ရည်ဆု ရရှိသူကို မေလ ၂၇ ရက်နေ့တွင် ကြေငြာပြီး ဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။

 မေလ ၂၇ ရက်နေ့ နယူးယောက်တွင် ကျင်းပမယ့် ၂၀၁၂ အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲကို ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ရရှိသူ ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်တို့ ကိုယ်တိုင် တက်ရောက်မှာ ဖြစ်ပြီး ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ရရှိသူ ဒေါ်ရှုကလည်း အသံ (သို့) ဗီဒီယိုနဲ့ တက်ေ၇ာက်လြာ ကမည့်နှုတ်ဆက်စကား ပြောကြားမှာ ဖြစ်ပါတယ်။ ဒီနှစ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲတွင် ပြည်သူ့ဂုဏ်ရည်အဖွဲ့က ရွေးချယ်တဲ့ သီးခြား ဆု တဆု ချီးမြှင့်ရန် စီစဉ်နေကြောင်းလည်း သတင်းရရှိပါတယ်။
ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲကိုတက်ရောက်မယ့် ဦးကျော်သူတို့ဇနီးမောင်နှံဟာ မေလဆန်းကတည်းက အမေရိကန်ပြည်ထောင်စုကို ရောက်ရှိမှာ ဖြစ်ကာ ပြည်သူ့ဂုဏ်ရည်အဖွဲ့ခွဲများ ရှိရာသို့ လှည့်လည် သွားရောက်ပြီးနောက် နယူးယောက်ရှိ ဆုချီးမြှင့်ပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ (သတင်းအကျယ်ကို ယနေ့မြန်မာတွင် ဧပြီ ၉ ရက်နေ့ ရက်စွဲနဲ့ ဖော်ပြခဲ့တဲ့ “ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ ဇနီးမောင်နှံ အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ် လာရောက်ရန် စီစဉ်ထား” http://www.burmatoday.net/news.php?news_ID=245 သတင်းတွင် ဖတ်ရှုနိုင်ပါတယ်။)

တတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ရန်အတွက် ပဏာမ ရွေးချယ်ထားတဲ့ စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ဇီဝိတဒါန သံဃာ့ဆေးရုံ
၂။ အရှင် ဉာဏိဿရ
၃။ အရှင်နာယက (မန္တလေး ဖောင်တော်ဦးကျောင်း ဆရာတော်)
၎။ အရှင် ပညာစာရ
၅။ ဦးဖိုးဖြူ (ခ) ဦးရန်နိုင်အောင်
၆။ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း
၇။ မေတ္တာမွန်ကုန်လှောင်ရုံ မီးလောင်မှုတွင် အသက်ပေးသွားသော မီးသတ်ရဲဘော် ၅ ဦး
၈။ မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံ
၉။ ရခိုင်သဟာရအသင်း (ရန်ကုန်)
၁၀။ ဦးရောဘတ်စန်းအောင်
၁၁။ ရွှေခြင်္သေ့ လူမှုစောင့်ရှောက်ရေးအဖွဲ့
၁၂။ လဖိုင်နော်မိန်း
၁၃။ လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
၁၄။ သုခရိပ်မြုံ HIV ကူးစက်ခံ မိဘမဲ့လေးများ ဂေဟာ
၁၅။ ဦးသန်းနိုင် Community Water Filtration System
၁၆။ ဒေါ်သန်းမြင့်အောင်
၁၇။ ဆရာတော် ဦးအာစိဏ္ဏ (တေဇာရာမ ဘုန်းတော်ကြီးသင် အလယ်တန်းကျောင်း)
၁၈။ ဦးအုန်း (Minamata Environmental Award ဆုရှင်)
၁၉။ Metta Development Foundation
၂၀။ Swanyee Development Foundation

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

စမူ = ဇယ် = ရည်းစား = စော် = ချစ်သူ

မြန်မာစကားရဲ့ အရှုပ်တော်ပုံလေးတွေကို နည်းနည်းစဉ်းစားမိပြီး ရေးမိတာပါ။ ပြီးတော့ ၈တန်းတုန်းက အင်္ဂလိပ်စာသင်ခဲ့တဲ့ဆရာကြီး ပြောခဲ့တဲ့ဟာလေးကိုလည်း သွားပြီးသတိရမိလို့ပါ။ အဲဒီဆရာကြီးက မန်းလေးရေစစ်ကန်နားလေးမှာနေတယ်။ သူပြောတာက ဘာလဲဆိုတော့ ယောက်ျားလေးတွေက သူ့ချစ်သူမိန်းကလေးတွေကို ခေါ်ဝေါ်သုံးစွဲပုံလေးပါ။ ဒီခေတ်မှာတော့ ကိုယ့်ရည်းစားကို ချစ်စနိုးနဲ့ ခေါ်တဲ့ အသုံးအနှုန်းလေးကတော့ "စော်" တဲ့ ... အင်း ... ခေါ်ရတာတော့ တော်တော် ကသီးကအောက်နိုင်ပါတယ်။ [ ဟေ့ကောင် .. ငါ့စော်ကို တွေ့မိလား ... ကျွန်တော်တို့ ယောက်ျားလေးတွေ အချင်းချင်း မေးလေ့မေးထရှိကြတဲ့ စကားတွေပါ] အင်း ... သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ ကြားရတဲ့သူအတွက်လည်း ကသီးကအောက်နိုင်လွန်းလှပါတယ်။ ကျွန်တော့်ဆရာကြီးပြောတာကတော့ ဆန်းတယ်ဗျ ကျွန်တော်လည်းမကြားဘူးဖူး ... ဟီးဟီး။ သူတို့လူပျိုတုန်းက "စော်" အစား "စမူ" လို့ခေါ်တာတဲ့ အဲဒီကမှတဆင့် "ဇယ်" ဆိုတာဖြစ်လာတယ်တဲ့ ပြီးတော့ မင်းတို့ ခေတ်ရောက်မှ ရည်းစား ... အဲဒီကမှ "စော်" ဆိုတာကြီး ဖြစ်သွားတာတဲ့။ တော်တော်တော့ စဉ်းစားကြည့်သေးတယ်ဗျ ဘာလို့ "စမူ" လို့ခေါ်သလဲပေါ့ ဟီးဟ...

ချစ်ခြင်းရင်ခုန် ယုံကြည်စွာဖြင့်

မန္တလေးမှာ ရိုက်ထားတဲ့ ဇာတ်လမ်းလေး၊ အရမ်းကြိုက်တယ်။ ရန်ကင်တောင်နားက နည်းပညာတက္ကသိုလ်ထဲမှာ နောက်ခံထားပြီးရိုက်ထားတယ်။ နောက်ခံသီချင်းလေးလည်း အရမ်းမိုက်တယ်။ ဒွေး ဆိုထားတာ။ ဒီဇာတ်ကားလေးကြည့်ပြီး နည်းပညာတက္ကသိုလ်မှာ Evening Class တက်တုန်းက သွားခဲ့တဲ့အချိန်တွေကို သတိရမိတယ်။ တကယ်တော့နည်းပညာတက္ကသိုလ်ဟာ ကျွန်တော်အရင်တုန်းက နေခဲ့တဲ့အိမ်နဲ့ နီးနီးလေး။ အရင်တုန်းက ရန်ကင်းတောင်ခြေက မန္တလေး သမ၀ါယမကောလိပ်မှာ နေခဲ့တယ်။ ငယ်ငယ်လေးကတည်းကပေါ့။ ရန်ကင်းတောင်တ၀ိုက်ဟာ အရမ်းသာယာတဲ့နေရာလေးပါပဲ။ ရေတံခွန်တောင်နဲ့လည်း နီးနီးလေး။ မေမြို့ကိုလည်း ဆက်သွားလို့ရသေးတယ်။ ပြီးတော့ ရန်ကင်းတောင်ခြေနားလေးမှာ မြကျောက်စေတီဆိုတာရှိတယ်။ အဲဒီမှာ သဘာဝအတိုင်း ရေသန့်တွေထွက်နေတယ်။ မြကျောက်ဆရာတော် ဆိုတာလည်းရှိတယ်။ နာမည်ကြီးပေါ့။ လူကြီးပိုင်းတွေ တော်တော်ကိုးကွယ်ကြတယ်။ အထူးသဖြင့် နန်းတွင်းထဲက လုလင်တွေပေါ့။ ဒီဇာတ်ကားလေးတင်ပေးတဲ့ ခရမ်းပြာအိမ်မက် မှ ကိုကို မမ များကို ကျေးဇူးတင်ပါ၏။ [ အပိုင်း ၁ ] [ အပိုင်း ၂ ]