Skip to main content

မြို့မတူရိယာအသင်းကြီး နယ်ပွဲများ ဆက်တိုက်ဖျော်ဖြေပေးနေ

မြို့မအပျော်တမ်းတူရိယာ အသင်းကြီးဟာ မန္တလေးမြို့ပေါ်တွင် မင်္ဂလာဧည့်ခံပွဲများ အလှူတော်မင်္ဂလာပွဲများ၊ အဖွဲ့အစည်းအသီးသီးရဲ့ဖွင့်ပွဲ အခမ်းအနားများ၊ ဈေးပွဲတော်များ နိုင်ငံတော်အခမ်းအနားများ၊ အလှူအောင်ပွဲ မင်္ဂလာအောင်ပွဲများ စသည့်ပွဲအတော်များများကို လက်ခံဖျော်ဖြေပေးနေတာကို အများပြည်သူများအသိဖြစ်ပါတယ်။ ပွဲငှါးသူများရဲ့ စေတနာကိုတုံ့ပြန်လေးစားသောအားဖြင့် မခိုမကပ် မရပ်မနား အကောင်းတကာ့ အကောင်းဆုံးဖြစ်အောင်လည်း စီစဉ်ပေးတဲ့အတွက် ယခုနှစ်တွင် ယခင်နှစ်များထက် ပွဲချီများတိုးတက် များပြားလာတာကို တွေ့ရပါတယ်။ အဆိုတော်များ တီးမှုတ်သူများကိုလည်းတိုးချဲ့ ဖွဲ့စည်းထားရုံမက အသံပိုင်းဆိုင်ရာ စက်ပစ္စည်းအသစ်များကိုလည်း ထပ်မံဝယ်ယူဖြည့်တင်းထားသဖြင့် ပရိသတ်များ နားသောတဆင်ရာတွင်လည်း ကျေနပ်မှုများ ထူးကဲစွာရရှိပါတယ်။ ဒါကြောင့်မို့ ပရိသတ်များရဲ့အားပေးမှုကို အထူးရရှိကာ မန္တလေးမြို့ပေါ်ပွဲများအပြင် ရန်ကုန်မြို့၊ မြင်းခြံ၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ မကွေး၊ ပေါင်းတည်၊ ချောက်၊ ဆိပ်ဖြူ၊ စလေ၊ ရေနံချောင်း၊ မုဒုံ၊ လားရှိုး၊ ရေဦး၊ ခင်ဦး၊ မြောင် ၊ ကျောက်ပန်းတောင်း၊ မြစ်ငယ်၊ ကျောက်ဆည်၊ မိတ္ထီလာ စတဲ့မြို့များကိုပါ သွားရောက်ဖျော်ဖြေပေးနေရကြောင်း မြို့မတူရိယာအသင်းကြီး၏ အင်တာနက်စာမျက်နှာ သတင်းများအရ သိရှိရပါသည်။ (ပုံတွင်) မြို့မအပျော်တမ်းတူရိယာအသင်းကြီး နဲ့အတူ အဆိုတော် သန်းမြတ်စိုး၊ စိုးစန္ဒာထွန်း တို့က ရေနံချောင်းမြို့ ဦးမင်းမင်းမောင် ဒေါ်စိန်ဝါ၀ါဦးတို့ရဲ့ အလှူတော်မင်္ဂလာတွင် ဖျော်ဖြေနေကြစဉ်။

မြို့မတူရိယာအသင်းကြီးကို ၁၉၂၅ ခုနှစ်တွင် စတည်တည်ထောင်ခဲ့ပြီး ယခုဆိုလျှင် ၈၅ နှစ် သက်တမ်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။ မြို့မကိုချစ်ခင်အားပေးတဲ့ ပရိသတ်များအနေဖြင့် အောက်ပါ ဆိုဒ်များတွင် ဝင်ရောက်ပြီး မြို့မ၏ သတင်းများ၊ ဓာတ်ပုံများ နှင့် သီချင်းများကို ဝင်ရောက်လေ့လာဆက်သွယ်နိုင်ကြပါပြီ။

မြို့မအသင်း၏ အင်တာနက်စာမျက်နှာ - http://myomamusicmyanmar.ning.com/
မြို့မအသင်း၏ Facbook - http://www.facebook.com/pages/Myo-Ma/335176251444

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ချစ်ခြင်းရင်ခုန် ယုံကြည်စွာဖြင့်

မန္တလေးမှာ ရိုက်ထားတဲ့ ဇာတ်လမ်းလေး၊ အရမ်းကြိုက်တယ်။ ရန်ကင်တောင်နားက နည်းပညာတက္ကသိုလ်ထဲမှာ နောက်ခံထားပြီးရိုက်ထားတယ်။ နောက်ခံသီချင်းလေးလည်း အရမ်းမိုက်တယ်။ ဒွေး ဆိုထားတာ။ ဒီဇာတ်ကားလေးကြည့်ပြီး နည်းပညာတက္ကသိုလ်မှာ Evening Class တက်တုန်းက သွားခဲ့တဲ့အချိန်တွေကို သတိရမိတယ်။ တကယ်တော့နည်းပညာတက္ကသိုလ်ဟာ ကျွန်တော်အရင်တုန်းက နေခဲ့တဲ့အိမ်နဲ့ နီးနီးလေး။ အရင်တုန်းက ရန်ကင်းတောင်ခြေက မန္တလေး သမ၀ါယမကောလိပ်မှာ နေခဲ့တယ်။ ငယ်ငယ်လေးကတည်းကပေါ့။ ရန်ကင်းတောင်တ၀ိုက်ဟာ အရမ်းသာယာတဲ့နေရာလေးပါပဲ။ ရေတံခွန်တောင်နဲ့လည်း နီးနီးလေး။ မေမြို့ကိုလည်း ဆက်သွားလို့ရသေးတယ်။ ပြီးတော့ ရန်ကင်းတောင်ခြေနားလေးမှာ မြကျောက်စေတီဆိုတာရှိတယ်။ အဲဒီမှာ သဘာဝအတိုင်း ရေသန့်တွေထွက်နေတယ်။ မြကျောက်ဆရာတော် ဆိုတာလည်းရှိတယ်။ နာမည်ကြီးပေါ့။ လူကြီးပိုင်းတွေ တော်တော်ကိုးကွယ်ကြတယ်။ အထူးသဖြင့် နန်းတွင်းထဲက လုလင်တွေပေါ့။ ဒီဇာတ်ကားလေးတင်ပေးတဲ့ ခရမ်းပြာအိမ်မက် မှ ကိုကို မမ များကို ကျေးဇူးတင်ပါ၏။ [ အပိုင်း ၁ ] [ အပိုင်း ၂ ]

တကယ့်ကို မလွယ်ပါလား

စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း သူတောင်းစား လေးတွေက တတွတ်တွတ် တောင်းကြတယ် ရုပ်ရှင်ကြည့်တိုင်းလည်း ဗုံးပေါက်မလားရယ်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ် ဓာတ်ပုံရိုက်တိုင်းလည်း Police လေးတွေက အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ် Bus Car တွေ စီးတိုင်းလည်း စပယ်ယာလေးတွေက လက်တဆော့ဆော့နဲ့ လုပ်ကြတယ် လက်မှတ် ၀ယ်တိုင်းလည်း အရောင်းသမားလေးတွေက မှောင်ခိုရှိုတိတ် လုပ်ကြတယ် ဘုရားတွေ သွားတိုင်းလည်း ဂေါပက လူကြီးတွေက ပတ်လည် ချက်စား လုပ်ကြတယ် လေဆိပ်တွေ ရောက်တိုင်းလည်း လ၀က လေးတွေက လက်ဆောင်ပါလား မေးကြတယ် အမှုတွေဖြစ်တိုင်းလည်း ရဲရဲ လေးတွေက လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ် ကျောင်းတွေ အပ်တိုင်းလည်း ကျောင်းအုပ်ကြီးတွေက ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ် နိုင်ငံခြားကို ရောက်တိုင်းလည်း အပေါင်းအသင်းလေးတွေက ဗမာဆို နှာခေါင်း ရှုံ့ကြတယ် အင်တာနက်တွေ သုံးတိုင်းလည်း ပြိတ္တာလေးတွေက အကုန်လုံးနီးပါး ဘန်းကြတယ် ပွဲတွေလုပ်တိုင်းလည်း ရပ်ကွက်ရုံးတွေက...