Skip to main content

ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက်မွေးနေ့ လန်ဒန်တွင် ကျင်းပပြီးစီး


ယနေ့ကျရောက်သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက်မွေးနေ့အခမ်းအနားကို NLD လွတ်မြောက်နယ်မြေ ယူကေဌာနခွဲမှ ဦးဆောင်ပြီး သာသနရံသီ ဘုန်းတော်ကြီးကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ အခမ်းအနားအစီအစဉ် မနက်ပိုင်းတွင် သံဃာတော်များအား ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းပြီး ကြွရောက်လာသော ပရိသတ်များကို မြန်မာရိုးရာအစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါတယ်။ နေ့လည်ပိုင်းအစီအစဉ်များအဖြစ် ဘာသာပေါင်းစုံမှ မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းပေးခြင်း၊ ကဗျာရွတ်ပြိုင်ပွဲ နှင့် ကျပန်စကားပြောပြိုင်ပွဲများကို ကျင်းပပေးခဲ့ပါတယ်။ သာသနရံသီဆရာတော် ဦးဥတ္တရ၊ NLD လွတ်မြောက်နယ်မြေ(ယူကေ)ဋ္ဌာနခွဲ၏ ဥက္ကဌ ဒေါက်တာဝင်းနိုင်၊ Burma Campaign - UK မှ Anna Roberts တိုင်းရင်းသားခေါင်းဆောင်များမှ မွေးနေ့အထိမ်းအမှတ်အမှာစကားများ အသီးသီးပြောကြာခဲ့ပါတယ်။ ထို့နောက် ပြိုင်ပွဲအသီးသီးတွင်ဆုရရှိသူများကို ဒေါက်တာဝင်းနိုင်မှ ဆုချီးမြှင့်ပေးခဲ့ပြီး ကမ္ဘာမကျေဘူး သီချင်းကို သံပြိုင်သီဆိုကာ အခမ်းအနားကို ညနေ ၅ နာရီခန့်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။

မှတ်တမ်းတင်ဓာတ်ပုံများကို ဆက်လက်ဖော်ပြပေးသွားပါမည်။

Update: 20/06/2011


မှတ်တမ်းတင်ဓာတ်ပုံများကို Slide show အနေဖြင့် ဖော်ပြပေးလိုက်ပါသည်။ Download လုပ်ယူပြီး သိမ်းထားလိုယူသူများအနေဖြင့် အောက်ပါ link တွင် သွားရောက်ရယူနိုင်ပါသည်။

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။