Skip to main content

The Sanatan Hindu Mandir Wembley




Hindu တွေရဲ့ ဂုဏ်ယူစရာကောင်းလှတဲ့ ဒီ Temple ကို London ရဲ့ Wembley Area မှာ တွေ့နိုင်ပါတယ်။ တည်ဆောက်မှု ကုန်ကျစရိတ်ဟာ £16m ဖြစ်ပြီး ၁၄ နှစ်ကျော်ကြာ တည်ဆောက်ခဲ့ရပါတယ်။ အလားတူ ပုံတူ temple ကို Leytonstone area မှာလည်း တွေ့ရှိနိုင်ပါတယ်။ Wembley area မှာ ယခုလို Asian လူမျိုးတွေရဲ့ ယဉ်ကျေးမှုအဆောက်အဦးတွေအပြင် ဘောလုံးလောကမှာ ကျော်ကြားလှတဲ့ Wembley ဘောလုံးကွင်းကြီးလည်း တည်ရှိပါတယ်။ Wembley area မှာ India လူမျိုးအများဆုံးနေထိုင်ပြီး ကျွန်တော်တို့ မြန်မာလူမျိုးများ နှစ်သက်လှသော ဟင်းသီးဟင်းရွက်မျိုးစုံ (ဘူးသီး၊ မြင်းခွာရွက်၊ ဟင်းနုနွယ်၊ ကန်စွန်းရွက်၊ ဒန့်ဒလွန်သီး စသည်ဖြင့်) ဝယ်ယူရရှိနိုင်ပါတယ်။ ကွမ်းယာကြိုက်နှစ်သက်သူများအတွက်လည်း အမျိုးစုံလင်လှသော ဆေးမျိုးစုံဖြင့် သုံးဆောင်နိုင်ပါတယ်။ လန်ဒန်မှာ ကွမ်းမရှိဘူးလို့ ပြောလာခဲ့ရင် အဲဒီနေရာတဝိုက်ကိုသာ ခေါ်သွားလိုက်။ အဲဒီ ဧရိယာမှာ ကွမ်းစားပြီး နံရံတွေ လမ်းတွေ ထွေးကြလွန်းလို့ Council ကတောင် ဒဏ်ရိုက်မယ်လို့ သတိပေးတားမြစ်ရတဲ့ အထိပါပဲ။

ယခုလို အခြားဘာသာဝင်တွေရဲ့ Temple အကြီးကြီးတွေကို မြင်တိုင်း ကျွန်တော်တို့ မြန်မာများအတွက် Community Center ကြီးတွေ၊ Buddha Center ကြီးတွေ ဘယ်တော့များမှ ဖြစ်လာပါ့မလဲလို့ စဉ်းစားနေမိတယ်။ ဒါပေမဲ့ ဒီလို Center ကြီးတွေ ဖြစ်လာဖို့ဆိုတာ နေ့ချင်းညချင်းတော့ ဘယ်လွယ်ပါ့မလဲ။ အချိန်တော့ ယူရမပေါ့။ အဓိကတော့ ကျွန်တော်တို့ မြန်မာတွေ ၂ ယောက်ရှိရင် ၃ ဖွဲ့မကွဲဘဲ ညီညွတ်ကြဖို့ပဲ လိုတယ်မဟုတ်ပါလားဗျာ။

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။