Skip to main content

Facebook နှင့် Twitter တို့ကြောင့် ပင်ကိုယ်သရုပ် ပျောက်နေသည့် မျိုးဆက် ဆောင်းပါအား ပြန်လည်သုံးသပ်ကြည့်ခြင်း

ယခုပို့စ်သည် မောက္ခသတင်းပါ ဘာသာပြန်ဆောင်းပါးအား ကျွန်တော့်အမြင်ဖြင့် (အနီရောင်စာသား) ပြန်လည်သုံးသပ်တင်ပြထားခြင်းဖြစ်ပါသည်။


ဖေ့စ်ဘွတ်နှင့် တွစ်တာစသည့် လူမှုကွန်ယက်များကို အသုံးပြုနေသည့် မျိုးဆက်များမှာ စိတ္တဇ ဆန်ဆန် ပြုမူ တတ်ကြခြင်း၊ အာရုံ စူးစိုက်ချိန် လျော့နည်းလာခြင်းနှင့် ရှင်သန်မှုတွင် ကလေးငယ်များကဲ့သို့ အထောက်အကူ လိုအပ်ခြင်း တို့ကို ရင်ဆိုင် နေရပြီဖြစ်ကြောင်း ထိပ်တန်း သိပ္ပံပညာရှင် တစ်ဦးက ထုတ်ဖော် ပြောကြားလိုက်သည်။

မျိုးဆက်သစ် Teenage ပိုင်းတွေကိုတော့ မိဘတွေအနေနဲ့ အချိန်ပေးပြီး ထိန်းသိမ်းစောင့်ကြည့်ဖို့တော့လိုပါတယ်။ Carrot and stick ပုံစံသွန်သင်သွားမယ်ဆိုရင်တော့ ပိုကောင်းပါလိမ့်မယ်။ Facebook နှင့် Twitter သာမက Youtube ကဲ့သို့သော website တွေမှာ underage မကြည့်သင့်သည်များကို မကြည့်မိစေဖို့ မိဘတွေအနေဖြင့်လည်း Computer Knowledge ရှိသင့်ပြီး security software မှာပါဝင်သင့် Parental Control ဖြင့် မိမိကလေးငယ်၏ online ဝင်ရောက်မှု့ကို စောင့်ကြည့်ထိန်းချုပ်နိုင်ပါသည်။

အောက်စဖို့ဒ်တက္ကသိုလ်၊ ဆေးဝါးဗေဒဌာနမှ ပါမောက္ခ Baroness Greenfield က အင်တာနက်ပေါ်တွင် “သူငယ်ချင်းများ” တိုးပွားလာနေပုံ၊ ကွန်ပျူတာဂိမ်းများကို အလွန်အမင်း ကစားလာကြပုံတို့မှာ ဦးနှောက် အလုပ်လုပ်ပုံကို ပြောင်းပြန်ပြန်လည်တည်ဆောက်နေပြီဟု ယုံကြည်ထားသည်။ ရလဒ်အနေဖြင့် စိတ်အာရုံ စူးစိုက်မှု လျော့နည်းလာခြင်း၊ မိမိကိုယ်ကို စိတ်ကျေနပ်မှု အစဉ် လိုအပ်နေခြင်း၊ ပြောဆို ဆွေးနွေးခြင်း၊ နှုတ်ပြောစွမ်းရည် ကျဆင်းလာခြင်းနှင့် မျက်လုံးချင်းဆိုင်ပြီး စကားပြောဆိုတတ်မှု အားနည်းလာခြင်းတို့ ဖြစ်ကြောင်းဆိုသည်။

ကလေးကို အလွန်အမင်းအလိုလိုက်တတ်တဲ့ မိဘတွေမှာတော့ အထက်ပါ ပြဿနာများကို များစွာ ကြုံတွေရပါလိမ့်မယ်။ တန်ဆေး လွန်ရင် ဘေးဖြစ်တတ်တယ်ဆိုတာ သတိရှိထားကြစေချင်ပါတယ်။

“ကျမ စိုးရိမ်နေတာကတော့ တွစ်တာပေါ်မှာ တင်နေကြတဲ့ ပေါက်ပန်းလေးဆယ်၊ ဘာမဟုတ်၊ ညာမဟုတ်၊ အခြေအမြစ်မရှိတဲ့ အကြောင်းအရာတွေပါပဲ။” တော်ဝင် သုတေသနအသင်းကြီး ဒါရိုက်တာဟောင်း၊ ပညာရှင်က Daily Mail ကို ရှင်းပြခဲ့သည်။ “တစ်ယောက်ယောက် ဒီမနက် ဘာစားခဲ့သလဲ ဆိုတာကို အခြားတစ်ယောက်က ဘာလို့ စိတ်ဝင်စားရမှာတုန်း၊ ကလေး ငယ်ငယ်လေးတွေက ပြောတာလိုမျိုးပါပဲ -မေမေရေ… တားတား လုပ်ထားတာ ကြည့်ပါဦး” “ဟိုဟာလည်းပဲ တားတား လုပ်ထားတယ်။” “အမှတ်အသား သရုပ်နဲ့ ပတ်သက်ပြီး အတော်ကလေး ပြဿနာ တတ်နေကြပုံပါပဲ။ အချိန်ဆိုတဲ့ ကာလယန္တရားဟာ ပုံစံပျက်ပြီး ဦးနှောက်ထဲမှာ ပျောက်ဆုံးလာနေပုံမျိုး။” Greenfield က ထပ်ပြောပြခဲ့သည်။

Facebook ကို တည်ထောင်ခဲ့ခြင်းဟာ အခြေအမြစ်မရှိတဲ့ Website တွေ status update တွေကို sharing လုပ်ဖို့မဟုတ်ဘူးဆိုတာ သတိမူစေချင်ပါတယ်။ အရာဝထ္ထုတစ်ခုဟာ အသုံးချတတ်ရင် အသုံချတတ်သလို အကျိုးရှိပါလိမ့်မယ်။ အကျိုးမဲ့စွာ အသုံးချနေရင်တော့ အချိန်ကုန် စိတ်ပင်ပန်းတာတာပဲ အဖတ်တင်မှာဖြစ်ပါတယ်။ Twitter နှင့် Facebook ကို မိမိသင်ယူလေ့လာနေတဲ့ ဘာသာရပ်ဆိုင်ရာ သို့မဟုတ် စီးပွာရေးဆိုင်ရာ website တွေကို follow လုပ်ထားပြီး အမြဲတမ်း update ဖြစ်နေတဲ့ သူတို့ဆိုဒ်ရဲ့ ဆောင်းပါးတွေကို ဖတ်ယူလေ့လာနိုင်ပါတယ်။ မိမိသိချင်တဲ့အကြောင်းအရာဖြစ်ဖြစ်၊ မိမိဖြေရှင်းလို့မရတဲ့ ပြဿနာမျိုးတွေမှာ Facebook နှင့် Twitter တို့ရဲ့ status မှာ တင်လိုက်ခြင်းအားဖြင့် solution ထွက်လာတဲ့ သာဓက များစွာရှိပါတယ်။ ထမင်းစား၊ ရေသောက်၊ အိမ်သာတက်တာတွေတင်နေမည့်အစား ထိုကဲ့သို့ အကျိုးရှိရှိ အသုံးချနိုင်မယ်ဆိုရင် မိမိရဲ့ တိုးတက်ရာတိုးတက်ကြောင်း Tool တစ်ခု ဖြစ်လာစေမှာ အမှန်ပါပဲ။ Twitter Search ကို မိမိသင်ချင်တဲ့ topic နဲ့ပက်သက်ပြီး update to date သတင်းတွေဖတ်ဖို့ tool တစ်ခုအနေဖြင့် သုံးကြည့်စေချင်ပါတယ်။ နောက်ပြီး notes, group and discussion တွေကို မိမိတိုးတက်ရာ တိုးတက်ကြောင်း ဒါမှမဟုတ် မသိသေးသူတွေကို မျှဝေဖို့ tools တွေအနေဖြင့် အသုံးချပြီး ထိုမှ ရလာတဲ့ comment တွေကို ပီတိအဖြစ် ခံစားကြည့်စေချင်ပါသည်။ နောက်တစ်ခုအနေဖြင့် twitter update တွေကြောင့် ဘေးဒုက္ခ အသက်ဘေးကနေ လွတ်မြောက်သွားရတဲ့ သာဓကတွေလည်း များစွာရှိပါတယ်။

အချို့သော ဖေ့စ်ဘွတ်သုံးစွဲသူများမှာ “နာမည်ကျော်” လူတန်းစားဝင်၊ “ဆဲလစ်ဘရစ်တီ” အသေးစားလေးများသဖွယ် မိမိကိုယ်ကို ခံယူလာကြပြီးလျှင် ပိုမို၍ လူကြိုက်များလာ စေချင်ကြပြန်သည်။ အခြားသူများက မိမိတို့ကို နေ့စဉ်ပင် စောင့်ကြည့်နေကြပြီးလျှင် ချီးမွမ်း ထောပနာလည်း ပြုနေကြခြင်းကို လိုလား တောင့်တလျက်။ “ဖေ့စ်ဘွတ် စာမျက်နှာပေါ်တွင် မျက်နှာသာရရန်” အတွက်လည်း ပြုမူ လုပ်ဆောင် နေတတ်ပြန်သည်။ အဘယ်ကြောင့်ဆိုသော် “အခြားသူများက မိမိတို့ကို သိရှိနားလည်နေသည့်ပုံစံ” မျိုးဖြင့်သာ မိမိကိုယ်ကို အဓိပ္ပါယ်ဖွင့်ဆို၊ ရှုမြင်လို့ရခြင်း ရောဂါ စွဲကပ် လာသောကြောင့်ပင်ဖြစ်သည်။ “အစစ်အမှန် မဟုတ်တဲ့ သီးခြား ကမ္ဘာ တစ်ခုမှာ သူတို့ဟာ နေထိုင်နေကြသလိုဖြစ်နေပြီ။ အဲဒီကမ္ဘာမှာ သူတို့က ကိုယ့်ကို ကလစ်လုပ်ပြီး ပုံဖေါ်ထားကြတဲ့ ကမ္ဘာ။” ပညာရှင်သုတေသီက ရှင်းပြခဲ့သည်။

ဒါကတော့ အဲဒီလူရဲ့ ရောဂါတစ်မျိုးလို့ပဲ ဆိုရတော့မှာပါ။ အဲလိုလူတွေလည်း အမှန်တကယ်ရှိနေတာပါပဲ။ အဲလိုမျိုးလူတွေရဲ့ Facebook နှင့် Twitter တွေကိုတော့ never follow ပေါ့ဗျာ။ ကိုယ့်အတွက်လည်း အကျိုးမရှိဘူးလေ။ တော်ရုံတန်ရုံ sharing မလုပ်ဘဲ လူသောက်မြင်ကတ်အောင် ကွန့်မန့်အရှည်ကြီးတွေရေးတာမျိုး၊ ကြွားဝါတာမျိုးရှိတဲ့အကောင့်တွေကိုတော့ စောစောစီးစီး remove လုပ်ပစ်တာအကောင်းဆုံးပါပဲ။ တစ်ချို့တွေကို အကောင့်ဖွင့်ထားပြီး သူများတွေကို add လုပ်၊ status တွေလိုက်ဖတ်ပြီး သောက်တင်းတုပ်နေတာတွေလည်းရှိတာပဲ။ သူများအကြောင်းပဲ သိချင်တယ်။ ကိုယ့်အကြောင်းကိုကျတော့ ဘာမှရေးထားတာမရှိ။ ယုတ်စွအဆုံး ဓာတ်ပုံတောင်တင်မထားဘူး။ ဒါပေမဲ့ Facebook ကို ကောင်းစွာအသုံးချပြီး အကျိုးဖြစ်ထွန်းနေတာကတော့ စီးပွားရေးသမားတွေ၊ နိုင်ငံရေးနှင့် အနုပညာလောက လူတွေပါပဲ။ ဝါဒဖြန့်ချီရေး၊ ပရိသတ်ရရှိရေး နှင့် marketing တို့ဆိုတာ Facebok မှာ အလွယ်တကူလုပ်ဆောင်နိုင်လို့ပါပဲ။

နောက်ဆုံးအနေဖြင့် အကြံပေးပြောချင်တာကတော့ လူငယ်တွေအနေဖြင့် Facebook ကိုသူငယ်ချင်းမိတ်ဆွေ ပြန်လည်တွေ့ဆုံဖို့ ဝါသနာတူအချင်းချင်း sharing လုပ်ဖို့ ပညာဖလှယ်ဖို့ tool တစ်ခုအနေဖြင့်ထားပြီး အသုံးပြုမယ်ဆိုရင် အချိန်ကုန်ရကျိုးနပ်ပါလိမ့်မယ်။ ထို့အတူ twitter ကိုလည်း မိမိစိတ်ဝင်စားရာ ဘာသာရပ်အလိုက် website တွေကို follow လုပ်ပြီး update ဖြစ်တာတွေကို လေ့လာမယ်ဆိုရင် twitter ဟာလည်း သင့်အတွက် အချိန်ကုန် မျက်စိညောင်းရကျိုးနပ်မည့် social networking site တစ်ခုဖြစ်လာမှာ မလွဲမသွေပါပဲဗျာ။ လူတိုင်းဟာ social networking သုံးနေတဲ့အတွက် ယခုပို့စ်နှင့် ပက်သက်ပြီး မိမိအမြင်တွေကိုလည်း ပွင့်ပွင့်လင်းလင်း ဝေဖန်နိုင်ပါတယ်။ ဒါတွေအားလုံးကတော့ ကျွန်တော့်ရဲ့အမြင်သက်သက်ပါ။ Facebok နှင့် Twitter မှ အကျိုးအမြတ်များစွာ ရရှိခံစားနိုင်ကြပါစေ။

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

စမူ = ဇယ် = ရည်းစား = စော် = ချစ်သူ

မြန်မာစကားရဲ့ အရှုပ်တော်ပုံလေးတွေကို နည်းနည်းစဉ်းစားမိပြီး ရေးမိတာပါ။ ပြီးတော့ ၈တန်းတုန်းက အင်္ဂလိပ်စာသင်ခဲ့တဲ့ဆရာကြီး ပြောခဲ့တဲ့ဟာလေးကိုလည်း သွားပြီးသတိရမိလို့ပါ။ အဲဒီဆရာကြီးက မန်းလေးရေစစ်ကန်နားလေးမှာနေတယ်။ သူပြောတာက ဘာလဲဆိုတော့ ယောက်ျားလေးတွေက သူ့ချစ်သူမိန်းကလေးတွေကို ခေါ်ဝေါ်သုံးစွဲပုံလေးပါ။ ဒီခေတ်မှာတော့ ကိုယ့်ရည်းစားကို ချစ်စနိုးနဲ့ ခေါ်တဲ့ အသုံးအနှုန်းလေးကတော့ "စော်" တဲ့ ... အင်း ... ခေါ်ရတာတော့ တော်တော် ကသီးကအောက်နိုင်ပါတယ်။ [ ဟေ့ကောင် .. ငါ့စော်ကို တွေ့မိလား ... ကျွန်တော်တို့ ယောက်ျားလေးတွေ အချင်းချင်း မေးလေ့မေးထရှိကြတဲ့ စကားတွေပါ] အင်း ... သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ ကြားရတဲ့သူအတွက်လည်း ကသီးကအောက်နိုင်လွန်းလှပါတယ်။ ကျွန်တော့်ဆရာကြီးပြောတာကတော့ ဆန်းတယ်ဗျ ကျွန်တော်လည်းမကြားဘူးဖူး ... ဟီးဟီး။ သူတို့လူပျိုတုန်းက "စော်" အစား "စမူ" လို့ခေါ်တာတဲ့ အဲဒီကမှတဆင့် "ဇယ်" ဆိုတာဖြစ်လာတယ်တဲ့ ပြီးတော့ မင်းတို့ ခေတ်ရောက်မှ ရည်းစား ... အဲဒီကမှ "စော်" ဆိုတာကြီး ဖြစ်သွားတာတဲ့။ တော်တော်တော့ စဉ်းစားကြည့်သေးတယ်ဗျ ဘာလို့ "စမူ" လို့ခေါ်သလဲပေါ့ ဟီးဟ...