Skip to main content

Posts

ကျွန်တော်ရဲ့ ရှူ့ခင်းဓာတ်ပုံ

မရေးဖြစ်တာကြာပြီဖြစ်တဲ့ ကျွန်တော့်ရဲ့ဘလော့လေးကို ဒီရှူ့ခင်းပုံလေးနဲ့အတူ ဒီနေ့ဖုန်သုတ်ပြီး ပြန်ရေးလိုက်ပါတယ်။ ကျွန်တော်တို့ဘလော့ရေးတဲ့သူတွေ တော်တော်များများ Facebook ပေါ်လာပြီးနောက်ပိုင်းမှာ ဘလော့ကိုဘယ်သူမှစိတ်မဝင်စားကြတော့သလောက်ပဲ။ Facebook ကလည်း စသုံးခါစကတော့ သုံးချင်စရာပါ။ ဟုတ်တာရော မဟုတ်တာရော အတင်းရော သတင်းရော စုံလှပါတယ်။ ဒါပေမဲ့ စိတ်ပျက်စရာတွေက ပိုများလာတော့ ကြော်ငြာလုပ်ရုံကလွဲလို့ သိပ်ပြီး မသုံးချင်တော့ဘူး။ ဒါနဲ့ပဲ မူလအစကို ပြန်လာဖြစ်ပါတော့တယ်။ ဒီဘလော့လေးကို ပစ်ထားတဲ့ကာလမှာ အများဆုံးလုပ်ဖြစ်တာက ဓာတ်ပုံရိုက်ခြင်းပါပဲ။ အဓိကကတော့ Street Photo တွေရိုက်ဖြစ်တယ်။ ဒီပုံကတော့ street ဓာတ်ပုံတွေလိုက်ရိုက်ရင်း ရှူ့ခင်းလေးလှလို့ ရိုက်ထားလိုက်တာ။ Lightroom သုံးပြီးတော့ ကာလာနည်းနည်းပြန်ပြင်ထားတယ်။ ဝေဖန်ပေးပါဦး :)

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

ဒီနေရာတွေမှာ ရှိနေမယ်ဗျာ

မင်္ဂလာနှစ်သစ်ပါခင်ဗျာ။ ကျွန်တော့်ရဲ့ဘလော့ကို update မလုပ်ဖြစ်တာအတော်လေးကြာသွားပါပြီ။ ဘလော့ကိုပစ်ထားပြီး Facebook နှင့် Twitter မှာပဲ ကျင်လည်နေမိတယ်။ နောက်ပြီးတော့ ဝါသနာအရ ဓာတ်ပုံတွေလိုက်ရိုက်နေတော့ ဘလော့ဘက်ကို မလှည့်ဖြစ်ဘူး။ ပုံမှန်ပြန်ရေးဖို့ကြိုးစားပေမယ့်လည်း အမှန်အတိုင်းပြောရရင် စိတ်သိပ်ပြီး မပါသေးဘူးဗျာ။ လောလောဆယ်တော့ ကျွန်တော် ဒီနေရာတွေမှာ ရှိနေမယ်ဗျာ။ အားလုံးပဲ ကျန်းမာပျော်ရွှင်ပါစေ။  Follow me on : Website | Facebook | Twitter | Tumbler

ပဲ့ပြားပင်လား ... မဏ္ဍိုင်လား

Time Magazine မှ ရေးသားတဲ့ ဦးဝီရသူရဲ့ ဆောင်းပါးနဲ့ပက်သက်ပြီး ဓမ္မဘေရီ ဆရာတော် အရှင်ဝီရိယ (တောင်စွန်း) ရဲ့ သုံးသပ်ချက်လေးပါ။ အချိန်ရရင် ဖတ်ကြည့်စေချင်ပါတယ်။

Burmese Water Festival, Myanmar Thingyan 2013 in London

လန်ဒန်ရှိ မြန်မာများ၏ နှစ်သစ်ကူးအတာသင်္ကြန်ပွဲ နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို Wembley ရှိ Copland Community School တွင် ၁၃ရက်၊ ဧပြီ၊ ၂၀၁၃ နေ့က အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။ မနက်ပိုင်းအစီအစဉ်အဖြစ် သံဃာတော်များကို ဆွမ်းဆပ်ကပ်လှူဒါန်းပြီး သီလတရားတော်များ နာယူခဲ့ပါတယ်။ ထို့နောက် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြပါတယ်။ မွန်းလွဲပိုင်း အစီအစဉ်အနေဖြင့် လန်ဒန်တွင် ပထမဆုံးအနေဖြင့် သက်ကြီးပူဇော်ပွဲကို ကျင်းပခဲ့ပါတယ်။ ညနေပိုင်းမှာတော့ ဝါသနာရှင် ညီအစ်ကိုမောင်နှမ ဦးဦး ဒေါ်ဒေါ်တို့၏ အဆို၊ အက၊ အတီးတို့ဖြင့် ပရိသတ်ကို ဖျော်ဖြေခဲ့ပြီး မြန်မာ့ရိုးရာအစားအစာများကိုလည်း ရောင်းချခဲ့ပါတယ်။ လူငယ်၊ လူကြီး ပရိသတ်မြောက်များစွာ တက်ရောက်အားပေးခဲ့ကြပြီး အခမ်းအနားကို ည ၁၁ နာရီခန့်တွင် ဆရာတော်ဦးဥတ္တရမှ နှစ်သစ်ပရိတ်ရေများပက်ဖြန်းပေးပြီး အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။ လန်ဒန်သင်္ကြန်ပုံများကို Print out အနေဖြင့်သော်လည်းကောင်း Digital Download အနေဖြင့်သော်လည်းကောင်း အမှတ်တရ ဝယ်ယူနိုင်ပါပြီ။ Digital Download သည် ဈေးအသက်သာဆုံးဖြစ်သည်။ ...

Buddhapadipa Temple

Camera: Nikon D7000 | 35mm, F8 @ 1/200s, ISO 200 Software : Adobe Lightroom, Photoshop © Chan Mya Soe

Strangers

   Camera: Nikon D7000 | 35mm, F4 @ 1/125s, ISO 250   Software : Adobe Lightroom  © Chan Mya Soe