Skip to main content

Burmese Water Festival, Myanmar Thingyan 2013 in London

လန်ဒန်ရှိ မြန်မာများ၏ နှစ်သစ်ကူးအတာသင်္ကြန်ပွဲ နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို Wembley ရှိ Copland Community School တွင် ၁၃ရက်၊ ဧပြီ၊ ၂၀၁၃ နေ့က အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။ မနက်ပိုင်းအစီအစဉ်အဖြစ် သံဃာတော်များကို ဆွမ်းဆပ်ကပ်လှူဒါန်းပြီး သီလတရားတော်များ နာယူခဲ့ပါတယ်။ ထို့နောက် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြပါတယ်။ မွန်းလွဲပိုင်း အစီအစဉ်အနေဖြင့် လန်ဒန်တွင် ပထမဆုံးအနေဖြင့် သက်ကြီးပူဇော်ပွဲကို ကျင်းပခဲ့ပါတယ်။ ညနေပိုင်းမှာတော့ ဝါသနာရှင် ညီအစ်ကိုမောင်နှမ ဦးဦး ဒေါ်ဒေါ်တို့၏ အဆို၊ အက၊ အတီးတို့ဖြင့် ပရိသတ်ကို ဖျော်ဖြေခဲ့ပြီး မြန်မာ့ရိုးရာအစားအစာများကိုလည်း ရောင်းချခဲ့ပါတယ်။ လူငယ်၊ လူကြီး ပရိသတ်မြောက်များစွာ တက်ရောက်အားပေးခဲ့ကြပြီး အခမ်းအနားကို ည ၁၁ နာရီခန့်တွင် ဆရာတော်ဦးဥတ္တရမှ နှစ်သစ်ပရိတ်ရေများပက်ဖြန်းပေးပြီး အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။

လန်ဒန်သင်္ကြန်ပုံများကို Print out အနေဖြင့်သော်လည်းကောင်း Digital Download အနေဖြင့်သော်လည်းကောင်း အမှတ်တရ ဝယ်ယူနိုင်ပါပြီ။ Digital Download သည် ဈေးအသက်သာဆုံးဖြစ်သည်။

Digital Download ဖြင့် ဝယ်ယူရန်

၁။ မိမိနှစ်သက်ရာဓာတ်ပုံကို ရွေးပြီး ဓာတ်ပုံ၏ ညာဘက်အပေါ်ဒေါင့်မှ Buy ကိုနှိပ်ပြီး This photo ကိုရွေးပါ။


၂။ Print နှင့် Download tab နှစ်ခုပါဝင်သော window အသေးတစ်ခုပေါ်လာမှာဖြစ်ပါတယ်။ ထိုအထဲမှ Download tab ကိုနှိပ်ပါ။ ထို့နောက် check out လုပ်ရန်အတွက် Check Out button ကိုနှိပ်ပြီး card detail ထည့်ကာ ဝယ်ယူနိုင်ပါပြီ။ ဝယ်ယူပြီးသည့်နောက်တွင် watermark မပါဝင်သော ဓာတ်ပုံကို Download လုပ်ယူနိုင်မှာဖြစ်ပါတယ်။


ဝယ်ယူအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။