ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရနိုင်သေးဘူး။ ကံကြမ္မာဂြိုလ်ဆိုးရေ မင်းထပ်ပြီး လာဦးမှာလားကွာ။
ညပိုင်းမှာတော့ အေးအေးချမ်းချမ်းရှိလှတဲ့ အောင်တော်မူဘုရားကို တစ်ယောက်တည်းသွားပြီး ရွှေသင်္ကန်းကပ်လှူ၊ ကွယ်လွန်သွားတဲ့ မေမေ နှင့် သတ္တ၀ါတွေအတွက် အမျှဝေဆုတောင်းမှုတွေ လုပ်ခဲ့တယ်။ ဘုရားကို တစ်ယောက်တည်း သွားရတာ အရမ်းအေးချမ်းတယ်ဗျာ။ ဘုရားရင်ပြင်မှာများ တစ်ယောက်တည်းထိုင်ပြီး ဘုရားကို ကြည်ညိုရတဲ့ စိတ်ကြည်နူးမှုမျိုးက ဘာနဲ့မှ မတူဘူး။ အထူးသဖြင့် ညနေချမ်းလို အချိန်မျိုးပေါ့။ ဘုရားက အပြန်မှာတော့ ကျွန်တော့် ဘော်ဒါကြီး ကိုဆန်းဦးနဲ့ လဘက်ရည်သောက်ရင်း ကွန်ပျူတာအကြောင်းတွေ၊ ဆေးကုသမှုအကြောင်းတွေ၊ ရင်ထဲက ခံပြင်းချက်၊ ခံစားချက်တွေကို ပြောဖြစ်ခဲ့ကြတယ်။ သူ့အသိတစ်ယောက် သူ့ကိုပြောသွားခဲ့တဲ့ လက်ဆင့်ကမ်း စကားလေးတစ်ခွန်းကို အမှတ်တရ သိမ်းထားလိုက်မိတယ်။
"နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုကိုကြည့်ချင်တယ်ဆိုရင် အဲဒီနိုင်ငံမှာရှိတဲ့ မီးခလုတ်တွေကို ဖွင့်လိုက်၊ ဖွင့်တိုင်းလာနေရမယ်။ ရေပိုက်တွေကို ဖွင့်လိုက်၊ ရေအမြဲတမ်းလာနေရမယ်" တဲ့ ... အရမ်းအနှစ်သာရပြည့်ဝလှတဲ့ စကားလေးပါပဲ။ ကျွန်တော့်ရဲ့ဝါသနာကလည်း ကိုယ်ကြိုက်နှစ်သက်တဲ့စကားတွေ၊ စာစုတွေဆိုရင် မှတ်စုထဲမှာ ရေးမှတ်တတ်တဲ့ အကျင့်ရှိတယ်။ အခုတော့ အင်တာနက် စာမျက်နှာပေါ့။
အရင်တစ်ပတ်က email ကနေ ပို့စ်တင်ပို့ ကြိုးစားခဲ့တာ အောင်မြင်ခဲ့ပါတယ်။ comment ၀င်ပေးထားတဲ့ KoKhunMaung ကိုလည်း ကျေးဇူးတင်ပါတယ်။ ရွှေနိုင်ငံမှာကလည်း သိကြားတဲ့အတိုင်း blog တွေဆိုရင် ခြင်၊ ယင်တွေကို ရိုက်သလို တဘန်းဘန်းနဲ့ဖြစ်နေပြီလေ။ ပိုက်ဆံပေးသုံးပြီး မျက်စိအညောင်းခံ၊ လက်ညောင်းခံပြီး အင်တာနက် စာမျက်နှာလေးတွေကို စိတ်ရှည်လက်ရှည် ထိုင်စောင့်ဖတ်ရတာလည်း ဘယ်နိုင်ငံမှာမှ ရှိမှာမဟုတ်ဘူးဗျ။ ကျွန်တော်တော့ အဲဒါအတွက် အရမ်းဂုဏ်ယူတယ်ဗျာ။ ပိတ်လိုက်တဲ့ website တွေလည်း ၀ီခေါ်နေတာပဲ။ ပုပ်လို့ပေါ် ဟုတ်လို့ကျော်တာပဲဗျာ အဲဒီလောက်ထိ ပိတ်ဖို့မလိုပါဘူး။ information hidden လုပ်ဖို့ဆိုတာ ဒီခေတ်ကြီးမှာ သိပ်မလွယ်တော့ဘူးဗျ။ အဲဒီဟာတွေကို သတိမထားမိပဲ လုပ်ချင်ရာ လုပ်နေမယ်ဆိုလို့ကတော့ တုံးလိုက်တဲ့ အတုံး "ငတုံးကြီးတွေရဲ့ ... ဟဲ့ ... ငအကြီးတွေရဲ့"လို့ပဲ လှမ်းပြီး ခေါ်လိုက်ချင်တော့တယ်။
ကျွန်တော် ပြန်ထွက်ပြီးရင် ဟိုမှာ operation လုပ်ရဦးမယ်။ ဘယ်ဘက်လက်မှာ အဆီကြိတ်လေးတစ်ခုဖြစ်နေတာ တော်တော်ကြာနေပြီ။ ရွှေနိုင်ငံမှာ လုပ်မလို့ပါပဲ ဒါပေမဲ့ စိတ်မချဘူးဗျာ။ ဆရာ မောင်သစ်ဆင်းပြောသလို ဘက်ထရီအိုးထဲ ထည့်တဲ့အက်ဆစ် ဘာအက်ဆစ်မှန်းမသိဘဲနဲ့ ဘွဲ့ရထားတဲ့ ဆရာဝန်မျိုးတွေနဲ့ တွေ့လို့ကတော့ ငုတ်တုတ်မေ့ပဲ။ ကျွန်တော်တို့ မိသားစုကိုယ်တိုင် လက်တွေ့ကြုံခဲ့ရတော့ ရွှေနိုင်ငံရဲ့ဆေးလောကကို နည်းနည်းတော့ ကြောက်လန့်နေမိတာ အမှန်ပါပဲ။ ကျွန်တော်တို့လို သာမာန်လူတွေမပြောနဲ့ ဆရာဝန်ကြီးတွေတောင် သူတို့ကိုယ်တိုင် ရောဂါတစ်ခုခုဖြစ်ရင် ရွှေနိုင်ငံတွင်းမှာ ဘယ်သူမှ မကုဘူး။ ဘန်ကောက်၊ စင်ကာပူ စတဲ့ နိုင်ငံတွေမှာ သွားရောက် ကုသကြတယ်။ အဲဒီတစ်ချက်တည်းကိုပဲ ကြည့်ခြင်းအားဖြင့် ရွှေနိုင်ငံရဲ့ ဆေးလောကဟာ ဘယ်လောက် ဆိုးရွား ပျက်စီးနေသလဲဆိုတာကို သိနိုင်ပါတယ်။ ဒီကြားထဲ ဒေါက်တာရမ်းကုတို့ ဓာတ်မှန်ရမ်းဖတ်တို့ စတဲ့ ဆရာဝန်တွေနဲ့ တွေ့မိရင် ရောဂါနဲ့ဆေး မတွေ့ဘဲ မြန်မြန် အနိစ္စရောက်သွားကြရတဲ့ သူတွေလည်း နည်းတာမဟုတ်ဘူး။ မန္တလေးမှာဆိုရင် မျက်စိအထူးကု ဆရာဝန်ကြီးတစ်ယောက် ဆေးသွားစစ်တာ အဆုတ်မှာ ကင်ဆာဖြစ်နေတယ်လို့ ပြောလိုက်တယ်။ ဒါပေမဲ့ သူ့ကိုယ်သူစိတ်မချတာနဲ့ ဘန်ကောက်မှ ပြန်သွားပြီး စစ်တယ်။ ဟိုလည်းရောက်ရော ရောဂါက ကင်ဆာမဟုတ်ဘဲ အဆုတ်မှာ တီဘီဖြစ်နေတာဆိုတာ သိရတယ်။ ဘယ်လောက်ကြောက်ဖို့ကောင်းလဲဗျာ ကင်ဆာလို့ထင်ပြီး ကင်ဆာဆေးတွေသာ ပေးလို့ကတော့ မြန်မြန်ကိစ္စချောသွားမှာ သေချာတယ်။
အဲဒီတော့ ရောဂါတစ်ခုခုဖြစ်ပြီဆိုရင် စဖြစ်တာနဲ့ ဘန်ကောက် ဒါမှမဟုတ် စင်ကာပူလောက်ကို သွားရောက် ကုသမှုခံယူတာဟာ အကောင်းဆုံးပဲ။ ရောဂါအရမ်းကျွမ်းနေပြီဆိုရင်တော့ တစ်မျိုးပေါ့လေ။ ကျွန်တော်တို့ရဲ့ ဘဘဘုပ်ချိုကြီးတွေလည်း စင်ကာပူမှာပဲ သွားရောက် ကုသကြတာ မဟုတ်လား။ ရွှေနိုင်ငံမှာကလည်း ပိုက်ဆံမရှိရင် သေရတော့မယ့် အခြေအနေမျိုးဖြစ်နေတယ်ဗျာ။ ကိုယ့်ကိုကိုယ် လူလတ်တန်းစားအဖြစ် ရပ်တည်ရှင်သန်ခွင့်ရတာကိုပဲ မိဘနှစ်ပါးကို အရမ်းကျေးဇူး တင်လှပါပြီ။ ဒီခေတ်မှာကလည်း ဆေးရုံတစ်ခါတက်ရင် ကုန်လိုက်တာကလည်း သောက်သောက်လဲ၊ တစ်ခါတစ်လေဆိုရင် ဆေးဖိုးထက် ၀ါးခက ပိုများနေတယ်။ ဆေးရုံတက်ရပြီဆိုတာနဲ့ ငွေထပ်ကိုင်ပြီး လိုက်ဖို့ ပြင်ပေတော့ပဲ။ ၀င်ငွေပိုကောင်းအောင် လူနာတွေကို ရက်ရှည်ဆွဲကုတဲ့ သမားတု သမားယောင်တွေကလည်း မှိုလိုပေါက်နေတာပဲ။ အဲလောက်မှ ပိုက်ဆံရချင်နေရင် ဘာလို့ ဆရာဝန်လုပ်နေတာလဲ၊ ဘိန်းမှောင်ခိုသာလုပ်လိုက် ချမ်းသာတယ်။ နောက်ပြီး ဆေးဝါးလောကကိုလည်း ကြည့်ဦး။ ၀င်လိုက်တဲ့ ဆေးအတုတွေ။ လူပေါင်းများစွာအသက်ကို သောက်ဂရုမစိုက်ပဲ ကိုယ်ကြီးပွားဖို့အတွက်ပဲ လုပ်နေကြတဲ့သူတွေ၊ သောက်ရမ်းချဉ်ဖို့ကောင်းတယ်။ ဆက်ပြောရင်တော့ အကုသိုလ်က တဖြည်းဖြည်းများများလာတယ်။ ဒီနေ့ မွေးနေ့ဖြစ်တဲ့အတွက် ပို့စ်ကို ဒီလောက်မှာပဲ ရပ်နားပြီး ကုသိုလ်အလုပ်လေး လုပ်လိုက်ဦးမယ်ဗျာ။ နောက်နေ့ ပြန်ဆုံကြတာပေါ့။ ကျန်းမာပျော်ရွှင်ပါစေ။

Happy Birthday !!! Ko Chan. :) I hope you're doing well.
ReplyDeleteHappy Birthday Ko Chan.....wishing you more good and prosperous years.
ReplyDeleteHappy birthday to u ! big bro
ReplyDelete& have a great time in MDY ^^
happy birthday to u ! Big bro
ReplyDeleteand have a great time in MDY ^^
Bro! happy birthday to u N have a great time in MDY
ReplyDeletebro! happy birthday & have a great time in MDY~

ReplyDeletew-w
မင်းပြေတာတွေ မှန်လိုက်လေ..သူငယ်ချင်း...happy birthday also!
ReplyDeleteကိုချမ်းရေ မင်္ဂလာပါ။ ကိုချမ်း ယနေ့မှစ၍ နောင်နှစ်ပေါင်းများစွာထိတိုင်အောင် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း ပြန်စုံပါစေ...ဆုမွန်ကောင်းတောင်လိုက်ပါတယ်။
ReplyDeleteကိုချမ်းမင်္ဂလာပါ။ ယနေ့မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်အောင် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ReplyDeleteHappy birthday Saya Chan. Look for the future.
ReplyDeleteSee yuo soon.
¨Happy Brithday CMS¨
ReplyDeleteHappy Birthday !
ReplyDeleteကျနော်တို့ ရွှေနိုင်ငံမှာက မီးခလုတ်ဖွင့်ရင် လာချင်မှလာမယ်.. မဖွင့်ရင်လဲ လာချင်လာနေတာဗျ။
ရေပိုက်ခေါင်းတွေလဲ အတူတူပဲ .. ပိတ်မရဘဲ ဒီအတိုင်းပွင့်နေတဲ့ ရေပိုက်ခေါင်းတွေလဲ အများကြီး
မောင်ဖိုးချမ်းရေ အခုမှအင်တာနက်သုံးလို့ အခုမှ မောင်မင်းမွေးနေ့မှန်းသိတော့တယ်
ReplyDeleteမောင်မင်းက အကျွန်ုပ်ထက် ၁၁ ရက်ပိုကြီးတယ် ဟ
လိလိမ္မာမ္မာဆက်ဆံမှ နော့။.....:P
မွေးနေ့ပျော်ရွှင်ပါစေကွယ်.....အေး အသက်တွေလည်းကြီးပြီနော် မဆိုးနဲ့တော့ ကြားလား
:)
ဘိုးတော်....
ReplyDeleteမိန်းမများရသွားပြီလားလို့။
ငါ့ဆီမေးပို့အုန်း။ ငါနင့်ဆီကို ဖုန်းဆက်မလို့။ ဘုန်းဘုန်း ဦးသီ နေမကောင်းဘူးတဲ့။
ပျော်ရွှင်ဖွယ်မွေးနေ့ပါ ကိုဖိုးချမ်း၊ အမြဲပဲ ပျော်ရွှင်စွာနဲ့ ကိုယ်နှစ်သက်ရာ ပြုလုပ်နေနိုင်ပါစေ။
ReplyDeleteHappy Birthday Phoe Chan ရေ
ReplyDeleteHappy Birthday!! Bro and Welcome back.
ReplyDeleteHappy Birthday Ko Pho Chan !!!
ReplyDeleteSorry for My belated birthday wish !!!
Happy birthday bro. Take care in MM..
ReplyDeleteဒီမွေးနေ့ကစလို့ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းလိုက်ပါတယ် သူငယ်ချင်းဖိုးချမ်းရေ ....
ReplyDeleteဘီလိတ်တက် ဟက်ပီးဘတ်သ်ဒေး ... :P
ReplyDeleteWish u Happy Birthday!!
ReplyDeletei'm glad u r bck to blogging again..
ဟေး တူနယ်ဂျင်းး
ReplyDeleteVery Happy Birthday !!!
ဟိုရောက်ရင်တော့.... အရာအားလုံးက မခံချင်စရာ ဒေါသဖြစ်စရာတွေ ပါပဲဟာ..
Hope you could value the every single moment of your time coz it's so precious , right. Just too far to go back again.
Come back quickly anyway,, we miss you. :D
Amrub EerF
ReplyDeletehttp://www.esnips.com/nsdoc/c584b34f-7823-4621-8a16-febcef19eac9/?id=1195189661030
Happy very very belated Birthday
ReplyDeleteကိုချမ်းရေ အသက်ရာကျော်ရှည်ပါစေသော်
Happy Birthday pho chan!!I was late to wish you.Sorry..I wish your dreams all come ture..
ReplyDeletehappy birthday
ReplyDeleteနောက်ကျသွားတယ် အစ်ကို ..
ReplyDeleteမွေးနေ့မှစလို့ နောင်နှစ်များစွာတိုင် ပျော်ရွှင်အဆင်ပြေါစေဗျာ။
အီးဟီးးးး မွေးနေ့မှန်း အဲ့နေ့က သိလိုက်ဘူး မဟုတ်ရင် မုံ့ ချားရဦးမှာ
ReplyDeleteHi Ko Chan
ReplyDeleteOne of the information is wrong. The Famous Eye surgeon who went to Singapore was for medical check-up. He was diagnosed as TB (not Cancer)first in Myanmar by Dr. Aung Gyi who is a very good Professor. The diagnosis is correct. He was also treated by Myanmar dr. in myanmar as Sing. dr. recommended myanmar dr. r better than them in treating TB.