 မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။
မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။
မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ် မရှိဘူး။ အပြင်ကို ငေးလိုက် အိမ်ကို သတိရလိုက်နဲ့ ... အင်း ... ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့လေ။ မန္တလေးမိုးကတော့ ရန်ကုန်မိုးထက် ပြတ်တယ်။ မရွာရင်လည်း လုံးဝ မရွာဘူး။ ရွာရင်လည်း အမုန်းပဲ။ ရန်ကုန်မိုးကတော့ အိပဲ့ အိပဲ့နဲ့ စိတ်ညစ်ဖို့ကောင်းတယ်။
မိုးတွေရွာရင် ... ကော်ဖီကိုလည်း တစ်ခွက်ပြီး တစ်ခွက် သောက်နေတတ်တယ်။ မန္တလေးမှာ မိုးရွာရင် ရုံးက အန်တီ့ဆိုင်မှာ ကော်ဖီ သောက်ရင်သောက် မသောက်ရင် အောက်ထပ်ကိုဆင်းပြီး ကော်ဖီသွားသောက်ရတာလည်း အလုပ်တစ်လုပ်။ မိုးရွာနေတုန်း လဘက်ရည်ဆိုင်ကို သူငယ်ချင်းတွေနဲ့ ရောက်နေတဲ့အချိန်ဆိုရင် ဘယ်လိုပျော်စရာ ကောင်းမှန်းမသိ ပျော်နေတတ်တယ်။ လမ်းမပေါ်မှာကျနေတဲ့ မိုးစက်သံတွေနဲ့အတူတူ စကားလိုက်ပြောနေရသလိုပဲ။ အထူးသဖြင့် မန္တလေးက Friends ကဖေး၊ ၇၃လမ်းပေါ်က 3 Colours ကဖေး ... စတဲ့ နေရာမျိုးတွေမှာပေါ့။ အင်း ... သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲ။ ဒါပေမဲ့ အခုတော့ ငုတ်တုတ်မေ့ပေါ့

မိုးတွေရွာရင် ... မန္တလေးက ရေတွေပြည့်နေတဲ့ လမ်းမတွေပေါ်မှာ ဆိုင်ကယ်နဲ့ လျောက်သွားရတာလည်း မန္တလေးသားတွေရဲ့ အကျင့်တစ်ခုပါ။ နောက်ပိုင်း မန္တလေးသူတွေကိုပါ တွေ့လာရတတ်ပါတယ်။ ကျွန်တော်လည်း မိုးရွာရင် သူငယ်ချင်းတွေနဲ့ အတူတူ လျောက်လည်တတ်တယ်။ မိုးရွာတိုင်း မန္တလေးရဲ့ လမ်းမတွေပေါ်မှာ အတွေ့အရဆုံး လူတစ်ယောက်ကတော့ ကျွန်တော့်သူငယ်ချင်းကြီး အောင်သူရပါပဲ။ ဒါ့ကြောင့်လည်း မိုးရွာလို့ လျောက်လည်ချင်ပြီဆိုရင် သူ့ကိုတွေ့အောင် လိုက်ရှာရတယ်။ မိုးရော လေရော ကြမ်းလေပြီဆိုရင်တော့ သိပ် မလည်ရဲဘူး။ အသက်ကို ဥာဏ်စောင့်တယ်လေ

မိုးတွေရွာရင် ... မန္တလေးရဲ့ လမ်းတွေပေါ်မှာ ဆိုင်ကယ်ပျက်လို့ ဒုက္ခ ခဏခဏရောက်ဖူးတယ်။ မယုံရင် လျှောက်လည်ကြည့်။ ဒါ့ကြောင့်လည်း မိုးရွာရင် ရေများတဲ့လမ်းတွေကို ရှောင်ပြီး မောင်းရတာလည်း အလုပ်တစ်လုပ်ပါပဲ။ ချိုင့်တွေ မရှိလောက်ဘူးထင်ပြီး မောင်းလိုက်တယ် ... နောက်ပြီး ချိုင့် ခပ်ကြီးကြီးနဲ့ တွေ့ပြီး ဖင်ညောင်ရိုးနဲ့ ဆိုင်ကယ် ဖင်ထိုင်ခုံနဲ့ မိတ်ဆက်ရတဲ့ အကြိမ်ပေါင်းလည်း မနည်းတော့ဘူး။ မိုးရေထဲမှာ အိပ်ဇောကထွက်တဲ့ မီးခိုးလေးတွေ တလူလူနဲ့ ဆိုင်ကယ်ပျက်၊ ကားပျက် ဖြစ်နေတဲ့သူတွေကိုလည်း တွေ့ရတတ်တယ်။ ရာသီဥတုက ဘယ်သူမှ လွန်ဆန်လို့မှ မရတာ။ နောက်ပြီး ဘောလုံးကန်နေကြတဲ့ ကိုရင်လေးတွေ၊ ရပ်ကွက်ထဲမှာ ဆော့နေကြတဲ့ ကလေးတွေကလည်း မန္တလေး မိုးရာသီရဲ့ သင်္ကေတ တစ်ခုလိုပါပဲ။ အဲဒီမြင်ကွင်းတွေလည်း အခုတော့ ဝေးနေဆဲပါ။
မိုးတွေရွာရင် ... ကျွန်တော်လွမ်းနေတဲ့ မန္တလေး၊ ကျွန်တော်သတိရနေတဲ့သူတွေ၊ ကျွန်တော့်ကို အမှတ်တရဖြစ်စေခဲ့တဲ့ နေရာလေးတွေ ... အင်း ... တစ်နေ့နေ့တော့ ပြန်ပြီး မြင်တွေ့ရမှာပါ။ အခုတော့ ... မိုးခြိမ်းသံတွေ မိုးစက်တွေနဲ့အတူ မန္တလေးမြို့ကြီး လှပနေနှင့်ဦးပေါ့။
ကျွန်တော့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းများကိုလည်း "မိုးတွေရွာရင်" ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ အမှတ်တရ ပို့စ်လေးတွေကိုရေးဖို့ ခင်မင်လေးစားစွာ တောင်းဆိုပါရစေ။ "ဒီကောင် ... တော်တော် အလုပ်ရှုပ်တာပဲ" လိုတော့ မထင်စေချင်ဘူး။ အမှတ်တရ အနေနဲ့ပေါ့။
မောင်လှရဲ့ ဒိုင်ယာရီ - ကိုတုံ (Done)
My Splendid Ideas - ကိုဆန်းဦး (Done)
My Myo Aung - ကိုမျိုးအောင် (Done)
Memories of Random Thoughts - ကိုမျိုးကျော်ထွန်း (Done)
ကိုတိုးရဲ့ယဉ်ယဉ်လေးရူးလို့နေ - ကိုတိုး (Done)
KalvinWebDiary - ကိုကယ်လ်ဗင်
Stevenalexander - ကိုအောင်ဇော်ဇော်ဌေး (Done)
Forget Me Not! - ကိုဇော်မိုးအောင်
Kyaw Min Tun - ကိုကျော်မင်းထွန်း
Myanmar Blues - ကိုကျော်သူ (Done)
MM.IT.LAD - မောင်သန့်ဇင်
Ah Mei's Blog - မစိုးစိုးကြည် (Done)
ကြာပီ - ကြည်ပြာ (Done)
SAINUX - ကိုစိုင်းလင်းသူ (Done)
ဂျစ်တူးဆိုသူ၏ အပိုင်းအစများ - မဂျစ်တူး (Done)
တွေးမိတွေးရာ ရေးမိရေးရာ - မမေဓာဝီ (Done)
ရှင်မင်းရဲ့ Coffee Corner - မရှင်မင်း
ကျွန်မခံစားရေးသားခဲ့သော ၀တ္တုတိုများ - မချောအိမာန်
ByN-181 - ကိုဘုရင့်နောင် (Done)
Wai Hin - ကိုဝေဟင်
အိပ်မက်ဒိုင်ယာရီ - အန်တီညလေး (Done)
Mayvelous - မမေနှင်းဖြူ (Done)
Letranger - ကိုဖြိုး (Done)
PanPwintLay-MyDiary - ပန်းပွင့်လေး
Me and My Bar Nyars - မထိုက် (Done)
TZA - ကိုသန့်ဇင်အောင် (Done)
Freedom From Fear - မလင်းလက်ကြယ်စင်
မျက်လုံး - ကိုမျက်လုံး (Done)
ခံစားချက်ပြင်းတဲ့ မိုးကုတ်သား - ကိုအောင်ချမ်းလင်း
YanAung - ကိုရန်အောင် (Done)
WaiYan - ကိုဝေယံလင်း
အဖြူရောင်အတွေးပုံရိပ် - နှစ်ကူး (Done)
ကျွန်မနှင့် တွေ့သမျှ မြင်သမျှ ခံစားလို့ရသမျှ - မရတနာချို (Done)
Ko Nay Gyi - ကိုနေကြီး (Done)
Wai Myint Maw - ကိုဝေမြင့်မော်
အလွမ်းတွေဝေ - သိလိ (Done)
ပို့စ် တင်ပြီးသွားလို့ စိတ်ပါတယ်ဆိုရင်တော့ ကိုယ့်ရဲ့သူငယ်ချင်းတွေကိုလည်း "မိုးတွေရွာရင်" ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ပို့စ်ရေးဖို့ ထပ်ပြီး ဖိတ်ခေါ်လိုက်ပါ။ ကျန်းမာပျော်ရွှင်ပါစေ

Tags: 
အာ.. ဖိုးချမ်း လုပ်ချလိုက်ကျန်ပီ... အင်း..ဒါပေမယ့် နချိုးဖူး.. ဘီလိုရေးရမလဲ...အိပ်ရင်းနဲ့ ချင်းချားလိုက်ဦးမယ်... ခလော...ခလူးး.... :P
ReplyDeleteတစ်ရေးနိုးသော် အကြံပေါ်... ပေါ်သည့် အကြံ ပြန်အိပ်ရန်.... ဟိ..ဟိ..
Next meme lah ? Anyway, I'll do.
ReplyDeleteမင်းမနေ့က ပြောလို့ ငါTodayမိုးတွေစိုကုန်ပြီ...ရေးကိုရေးအုံးမှာ...
ReplyDeleteဟေးဖိုးချမ်း ရေးလိုက်ပီနော်.. နှစ်ကူးရဲ့ပုံတွေကြည့်ရ ကတည်းက ဖီလင်းဖြစ်နေတာ..
ReplyDeleteမန္တလေးက လူတိုင်းတော့ ဘယ်ရောက်ရောက် မန်းမိုးကို သတိရနေတာတော့ အမှန်ပဲ..Lဆိုင်းဇီရဲ့ သီချင်းနဲ့အတူပေါ့..
ငါ့ညီ CMS ရေ .. ရေးဆိုလို့ ရေးချလိုက်ပါတယ် ..
ReplyDeleteမိုးရွာတိုင်း အရူးရင့်လေ လို့ ဆိုလေမလား
ကိုတိုး
အင်း ဦးချမ်းတို့တော့ အချွန်နဲ့ မနေပီ။ ဒါပေမယ့် ရေးပေးပါ့မယ်လေ စိတ်ချမ်းသာဖို့အရေးကြီးတယ်။ တော်နေကြာ ကမ္ဘာကြီး မငြိမ်းချမ်းပဲနေဦးမယ် :P
ReplyDeleteငါတကယ်ချရေးပြီးသွားပြီ...ကျေးဇူး သူငယ်ချင်း..
ReplyDeleteပြီးသွားပြီဖိုးချမ်းရေ
ReplyDeleteမိုးကလေးဖွဲတုန်း သတိရတယ် မိုးကလေးစဲတော့ ထီးပျောက်တယ်(သူငယ်ချင်းတွေထဲက ဘယ်သူယူဆောင်းသွားမှန်းမသိလို့ ငေးနေတုန်းမှာလေ) မိုးကလေးညိုရင် ရင်ဖိုတယ် (ချိန်းထားတဲ့ အချိန် သူမရောက်မှာ ဆိုင်ကယ်ပျက်လို့ )
ReplyDeleteမိုးတွေရွာရင် ကျူရှင်လဲသွားဘူး ကျောင်းလဲသွားဘူး ဆရာလဲလာဘူးလေ သတိရတယ် မန်းလေးမှာမိုးရွာတဲ့ နေ့ တွေရယ် :P
ကိုဖိုးချမ်းရေ ..မိုးသီချင်းလေးတွေကို ..စောင့်နေပါတယ်ဗျာ .. အားပေးပါဦးမယ် ..
ReplyDeleteခင်မင်လျှက် ငြိမ်းချမ်း
Hi
ReplyDeleteCMS
I have already posted my article, about rainy day, i hope enjoy all of u and fell every drop of rain, where ever you have been!
:)
Ko Sann Oo
ကိုချမ်းမြစိုးရေ.... မိုးတွေရွာရင်... ပိုစ့် တင်ပြီးပါပြီဗျာ...။ ကြာပီး အကြောင်းပြောပြဦး...။ သူကဘယ်သူလဲဗျ....။
ReplyDeleteဖိုးချမ်း နာရေးပြီးသွားပြီ။တင်လျုက်မယ်နော်။
ReplyDeleteကွိကွိ
ReplyDeleteဖက်တီးတကောင် ငါ့ကိုတောင် မသိတော့ဘူးတဲ့။
မေ့ချင်ယောင်ဆောင်နေပြီပေါ့လေ။ ငချမ်း အပြောနဲ့ဟ။
ကိုဖိုးချမ်းခင်ဗျာ။ ကျွန်တော်ဘလော့ဂ်မှာလည်း မိုးရွာပြီးသွားပါပြီခင်ဗျာ။
ReplyDeleteKo Chan, I've posted.
ReplyDeleteမိုးတွေရွာနေပြီ
ReplyDeleteဒီအချိန်တွေရောက်တိုင်း
ပျောက်ဆုံးလေသူတစ်ယောက်ပြန်ပေါ်လာလေမလား
ရင်မှာအားငယ်စိတ်နဲ့
မိုးစက်တွေကြားထဲကို
တထိတ်ထိတ်ငေးမျှော်ကြည့်နေဆဲပဲ
အဖြူအ၀ါမကွဲပြား
ခံစားချက်တွေတလိပ်လိပ်တက်လို့
ငါဘယ်သူ့ကိုလွမ်းရမလဲဟင်…
ဩော်..
မိုးတွေကတော့ ရွာနေပြီပေါ့နော်…
ရန်အောင်