Follow me on Twitter

    1 August 2007

    Why I blog?

    ဘာလိုလိုနဲ့ ဘလော့ရေးနေတာတောင် တစ်နှစ်ကျော်သွားပြီ။ ကျွန်တော် လန်ဒန်ကို မရောက်ခင် နှစ်လ သုံးလ လောက်ကတည်းက စပြီး ဘလော့ကိုထိတွေ့မိတယ်။ အဲဒီတုန်းကတော့ ဆရာတုံ နဲ့ ဆရာဆန်းဦး တို့က စပြီး သုံးနေပြီ။ ဆရာတုံကတော့ ဆက်တိုက်ရေးတယ်။ ဆရာဆန်းကတော့ အစက မအားလို့လား မသိဘူး နည်းနည်းပဲရေးပြီး တင်ထားတယ်။ နောက်ပိုင်းမှ ရေးလာတယ်။ ကျွန်တော် စရေးခါစ (သို့) ဘလော့နဲ့စပြီး ထိတွေ့ခါစက ဘလော့ဆိုတာ ဘာလဲလို့ ကောင်းကောင်းနားမလည်သေးဘူး။ နောက်ပိုင်းမှ ဘလော့တွေကို လိုက်ဖတ်ရင်း ဘလော့ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို သိလာတယ်။ ကိုယ်တိုင်လည်း personal blog လေးတစ်ခု လုပ်ချင်စိတ်လည်း ဖြစ်ပေါ်လာမိတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်နဲ့ ဘလော့ ဇာတ်လမ်းစဖြစ်ခဲ့တယ် ဆိုပါတော့။
    ဘလော့နဲ့ ထိတွေ့ပြီး နှစ်လလောက်လည်း နေရော ကျွန်တော်ချစ်တဲ့ မန္တလေးတင်မကပဲ မြန်မာနိုင်ငံကပါ စွန့်ခွာပြီး နိုင်ငံခြားကို ရောက်လာခဲ့တယ်။ နိုင်ငံရပ်ခြားကိုလည်းရောက်ရော သူငယ်ချင်းခင်မင်တတ်တဲ့ ကျွန်တော့်အတွက် ပေါင်းစရာသူငယ်ချင်းအဖော်ကလည်း မရှိတော့ ကျွန်တော့်ရဲ့အဖော်က ဘလော့ ဖြစ်လာတယ်။ ဘလော့မှလွဲပြီး ပေါင်းစရာ သူငယ်ချင်းလည်း မရှိ။ အဲဒီအချိန်တွေကိုတော့ ပြန်ကို မတွေးချင်တော့ဘူး။ ဒါနဲ့ပဲ အထီးကျန်မှု လွမ်းဆွတ်မှုတွေကို ဖြေသိမ့်ဖို့ရာ ကျွန်တော် ဘလော့ခဲ့ပါတယ်။
    ရေးခါစကတော့ မန္တလေးကို လွမ်းတဲ့ စိတ်တွေနဲ့ မန္တလေးအကြောင်းတွေကိုပဲ တင်ဖြစ်ခဲ့တယ်။ တစ်ခါတလောတော့လည်း လန်ဒန်မှာ ဘယ်သွားတယ်၊ ဘာလုပ်တယ်ဆိုတာ တွေကိုလည်း ရေးဖြစ်တယ်။ တစ်ခါတလေကျတော့လည်း သတင်းလေးတွေပေါ့။

    ဒါပေမဲ့ နောက်ပိုင်းကျတော့ တစ်ချို့ဘလော့တွေကို ဖတ်ရင်း ကျွန်တော် အိုင်ဒီယာတစ်ခုရလာတယ်။ ငါဟာ ငါ့ရဲ့ဘလော့ထဲမှာ အိမ်ကိုလွမ်းတာ၊ မန္တလေးကို သတိရတာတွေချည်းပဲ ရေးနေလို့ကတော့ လာဖတ်တဲ့သူလည်း အကျိုးရှိမှာ မဟုတ်ဘူး။ ငါလည်း ဘာမှ အကျိုးရှိမှာမဟုတ်ဘူးဆိုပြီး တစ်ခြားအကြောင်းအရာတွေကို ပြောင်းလဲရေးဖို့ ကြိုးစားတယ်။ အဲဒီတုန်းက နေ့တိုင်းလိုလို ဖတ်မိတဲ့ဘလော့က ကိုညီလင်းဆက်ရဲ့ဘလော့ပါ။ သူ့ဘလော့မှာ လာရောက်လည်ပတ်တဲ့သူတွေအတွက် တစ်ခုခုကို ကျန်အောင်ပေးထားတယ်။ ကျွန်တော် အဲဒီလိုပုံစံမျိုး အရမ်းသဘောကျတယ်။ ကျွန်တော့်ရဲ့ နဂို ၀ါသနာအရလည်း မှတ်စုလေးတွေ ထုတ်ပြီးမှတ်တာ ရှစ်တန်း၊ ကိုးတန်းလောက်ကစပြီး အမြဲလုပ်ခဲ့တယ်။ စာဖတ်လို့ရလာတဲ့ ဗဟုသုတ ဒါမှမဟုတ် ကွန်ပျူတာနဲ့ ပက်သက်တဲ့ Tutorial လေးတွေကို အမြဲမှတ်လေ့ရှိတယ်။ အဲဒီတော့ ဘလော့နဲ့လည်း ထိတွေ့မိရော ဘလော့ပေါ်မှာ ကိုယ်ဖတ်၊ မှတ်ပြီးရလာတဲ့ ဗဟုသုတလေးတွေကို sharing လုပ်ချင်စိတ်ပေါ်လာမိတယ်။
    နောက်ပိုင်းမှာတော့ ကျွန်တော့်ဘလာ့မှာ အဲဒီလို မှတ်စုတိုလေးတွေ၊ tutorial လေးတွေ၊ ebook လေးတွေ ဒါမှမဟုတ် အသုံးဝင်တဲ့ software လေးတွေကို တင်နေမိပါတော့တယ်။ အဲဒီတော့ ဘလော့ လာတဲ့သူတွေအတွက်လည်း တစ်ခုခုကျန်သွားတယ်။ ကိုယ်လည်း ပို့စ်တင်ရကျိုးနပ်သွားတယ်။ ကွန့်မန့်တွေများ ပေးထားခဲ့ရင် အရမ်းပျော်တယ်။ ကိုယ်တင်တဲ့ ပို့စ်ကိုအားပေးတယ်ဆိုပြီးတော့ပေါ့။
    တစ်ခါတလေတော့လည်း သီချင်းလေးတွေကို တင်မိတယ်။ အခုတော့ သီချင်းတွေအတွက် ဘလော့တစ်ခု သက်သက်ခွဲပြီးလုပ်ထားလိုက်တယ်။ သီချင်းတွေက ကျွန်တော့အတွက် ပျော်ရွှင်မှုပေးနိုင်သလို၊ လွမ်းဆွတ်မှုတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ကျွန်တော်အားတဲ့အခါမှာ အဲဒီသီချင်းလေးတွေပါတဲ့ ဘလော့မှာ စာသားလေးတွေရေးရင်း သွားပြီးဘလော့တယ်။ အခုတော့ မရေးဖြစ် မတင်ဖြစ်တာတောင် နည်းနည်းကြာပြီ။

    စိတ်ထဲမှာ ခံစားမှုတွေများလာပြီး မွန်းကျပ်လာတဲ့အခါ ရင်ထဲက ခံစားချက်တွေကို ဘလော့ပေါ်ဖွင့်ထုတ်ပြီး ဘလော့ချင်မိတယ်။ ဒါပေမဲ့ ဘလော့ဆိုတာက သိတဲ့အတိုင်းပဲ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်းရှိတယ်လေ။
    အဲဒီတော့ personal နဲ့ လုံးဝသက်ဆိုတဲ့ဟာမျိုးကိုတော့ ဘလော့မတင်တော့ပဲ ကိုယ့်ရဲ့ ကိုယ်ပိုင်ဒိုင်ယာရီ စာအုပ်လေးမှာပဲ မှတ်ထားလိုက်တယ်။ အဲဒီပို့စ်မျိုးတင်ရင် ဖတ်ရတဲ့သူအတွက်လည်း အကျိုးရှိမှာမဟုတ်ဘူး။

    ဒါပေမဲ့ စိတ်မထိန်းနိုင်တော့တဲ့ အချိန်မျိုးမှာဆိုရင်တော့ လွမ်းဆွတ်မှုတွေကို ဘလော့ပေါ်မှာ ဖွင့်ချမိခဲ့တယ်။ ဒါကလည်း စိတ်ထဲမှာပေါ့သွားအောင် ကိုယ့်ရဲ့ အသိတစ်ယောက်ကို ရင်ဖွင့်သလိုမျိုးနဲ့ ရေးလိုက်တာပါ။ ရေးပြီးရင်တော့ စိတ်ထဲမှာ လုံးဝ ပေါ့ပါးသွားတာတော့ အမှန်ပါပဲ။
    အခုဆိုရင် တော်တော်များများလည်း ဘလော့ကို စိတ်ဝင်စားလာကြပါပြီ။ သင်တန်းတွေတောင် ပေးပြီးသင်နေကြပြီ။ ကျွန်တော်လည်း နောက်ပိုင်းမှာ chatting ထက်စာရင် ဘလော့ကို ပိုပြီး စိတ်ထားသန်လာတယ်။ chat ဆိုတာကတော့ ဟိုဟာပြော ဟိုသတင်းမေး ဒီသတင်းမေးပဲ ပြောကြတာ။ ကိုယ့်အတွက် ဗဟုသုတရတဲ့ အခါလည်း ရတာပေါ့။ ဒါပေမဲ့ နည်းပါတယ်။
    ဘလော့မှာကျတော့ ကိုယ့်ဘလော့ကိုလာတဲ့ စာဖတ်သူကို ဘာတွေပေးရင် ကောင်းမလဲလို့ စဉ်းစားရင်း စာတွေ၊ နည်းပညာတွေကို ပိုပြီးလေ့လာမှတ်သားဖြစ်တယ်။ အဲဒါကတော့ ဘလော့ရဲ့ ကောင်းကျိုးပါပဲ။ လွတ်လပ်စွာ ဝေမျှခံစားခွင့်ရှိသလို လွတ်လပ်စွာ ဝေဖန်ခွင့်လည်းရှိပါတယ်။ ဝေဖန်တာတွေ အကြံပေးတာတွေ မခံနိုင်ရင်တော့ author only ပဲ လုပ်ထားလိုက်တာ အကောင်းဆုံးပါ။
    အခုဆိုရင် ဘလော့ဟာ ကျွန်တော့်အတွက် နေ့တိုင်းစကားပြောဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်လို ဖြစ်နေပါပြီ။ သူပဲ ကျွန်တော့်ကို အပျင်းပြေအောင် ပျော်ရွှင်အောင် လွမ်းဆွတ်အောင် လုပ်ပေးနိုင်ပါတယ်။
    အရင်တုန်းက ကျွန်တော်ဘလော့ကို အရမ်း စွဲလန်းခဲ့ပါတယ်။ တစ်နေ့တစ်နေ့ ဘာတင်ရလဲ ဆိုတာ စဉ်းစားရင် အချိန်ကုန်တာလည်း မနည်းပါဘူး။ နောက်ပိုင်းမှာတော့ အဲဒီအကျင့်ကို ရအောင်ဖျောက်ရတယ်။ သူများကိုပေးတာလည်း ပေးတာပေါ့။ ကိုယ့်အတွက်လည်း လုပ်ဦးမှပေါ့ ဆိုတဲ့စိတ်နဲ့ အစားထိုးလာရတယ်။ အဓိကကတော့ "အချိန်အရမ်းကုန်တယ်" နောက်ပြီး အဲလိုဖြစ်နေတာကလည်း စိတ်ရဲ့လွမ်းမိုးမှုပေါ့။ မရင်ကျက်သေးတဲ့ သဘောလည်း ပါပါတယ်။
    အနှစ်ချုပ်လိုက်မယ်ဆိုရင် ဘလော့လုပ်ခါစက ကျွန်တော် အလွမ်းပြေအောင်၊ စိတ်ဖြေစရာ တစ်ခုအနေနဲ့ ဘလော့တယ်။ နောက်ပိုင်းမှာတော့ သူများကို ပေးချင်၊ မျှဝေချင်စိတ်တွေနဲ့ နေ့တစ်နေ့ရဲ့ အချိန်အစိတ်အပိုင်းတစ်ခုကို အသုံးချရင်း အခုထိ ဘလော့နေပါတယ်။ ကျွန်တော်တင်ထားတဲ့ ပို့စ်တွေအတွက်လည်း လွတ်လပ်စွာအကြံပေး ဝေဖန်နိုင်ပါတယ်။ "လူဆိုတာ ဝေဖန်မှုကို ခံနိုင်မှ တိုးတက်မှုရှိတယ်" ဆိုတာကို ကျွန်တော် လက်ခံ ယုံကြည်ထားပါတယ်။ ဒီလောက်နဲ့ပဲ ရပ်နားပါရစေ။

    ဒီပို့စ်လေးဖြစ်မြောက်လာဖို့အတွက် Tag လုပ်ခဲ့တဲ့ ကိုဖြိုး နှင့် အန်တီညလေးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

    ကျန်းမာ ပျော်ရွှင်ပါစေ smile

    About

    My Photo
    CMS
    London, United Kingdom
    အဝေးမြေတစ်နေရာကိုရောက်နေတဲ့ မန္တလေးသားတစ်ယောက်ပါ။ ကွန်ပျူတာ ပညာရပ်၊ ဒီဇိုင်းပညာရပ်နှင့် Social Networking တွေကို စိတ်ဝင်စားတယ်။ မျှဝေခံစားရခြင်းကို နှစ်သက်တယ်။ လွတ်လပ်ခြင်းရဲ့ အရသာကို နှစ်သက်တယ်။ စစ်အစိုးရကို မုန်းတယ်။ မိတ်ဆွေအပေါင်းအသင်း ခုံမင်တယ်။ အရမ်းခင်မင်တဲ့သူတွေကတော့ ဖိုးချမ်း လို့ပဲ ခေါ်ကြတယ် :)
    View my complete profile
    အချိန်ပေးပြီး လာရောက်ဖတ်ရှူ့သည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ လိုအပ်ချက်၊ အကြံပေးချက်များရှိခဲ့လျင် Message Wall တွင် မှာကြားထားခဲ့နိုင်ပါသည်။

      © Blogger template Newspaper III by Ourblogtemplates.com 2008

    Back to TOP