ကျွန်တော်အပါအ၀င် လူတစ်ချို့ပေါ့ ...
ကျွန်တော်အပါဝင် လူတစ်ချို့ပေါ့ ...
တိုက်၊ အိမ် အကြီးကြီးတွေ၊ ကား အကောင်းစားကြီးတွေကို ပိုင်ချင် စီးချင်စိတ်တွေ များနေကြတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင် ရှိရင်းစွဲ "စိတ်ဓာတ်"လေးကိုကျတော့ ဘယ်လို မွန်မြတ်သန့်စင်အောင်ထားမလဲ၊ ဘယ်လို မြင့်မားကြီးကျယ်အောင် ကြံစည်အားထုတ်ရမလဲဆိုတာကိုကျတော့ မလုပ်ချင်ကြဘူး။
မဟာဂန္ဓာရုံဆရာတော်ကြီး ရေးထားတာ ရှိပါတယ်။
"စိတ်ကောင်းရှိဖို့က ပထမ"
"စိတ်ကောင်းရှိဖို့က ပထမ"
ကျွန်တော်အပါဝင် လူတစ်ချို့ပေါ့ ...
ကိုယ့်ထက် သာတဲ့လူ၊ ကိုယ့်ထက်ချမ်းသာတဲ့သူ၊ ကိုယ့်ထက် ရာထူးဂုဏ်ရှိန်ဝါ မြင့်တဲ့သူတွေကို မနာလို စိတ်ကလေးများက auto ဖြစ်ဖြစ်လာတတ်တယ်။ သူတို့ ဘယ်လို ကိုယ့်ထက်သာအောင် ကြံစည်အားထုတ်ခဲ့သလဲ၊ ဘယ်လို ချမ်းသာအောင် ကြိုးစားခဲ့သလဲ၊ ဘာတွေ ပေးဆပ်ခဲ့ရသလဲ ဆိုတာတွေကိုကျတော့ မေးမြန်းပြီး လိုက်လံကျင့်ကြံ အားမထုတ်ချင်ကြဘူး။
"သူ့လို ချမ်းသာချင်လိုက်တာ" လို့ပဲ ပြောကြတာများတယ်။
"သူ့လို ချမ်းသာအောင် ဘယ်လိုမျိုး ကြိုးစားရမလဲ" ဆိုပြီး တွေးတော စဉ်းစားတဲ့သူ အတော်ကို နည်းပါတယ်။မှတ်ချက်။ ။ ကိုယ့်ကိုယ်ကို သတိပေး ဆုံးမတဲ့အနေနဲ့ ရေးသားထားခြင်းသာ ဖြစ်ပါတယ်။ တိုက်ဆိုင်မှုများရှိပါက ခွင့်လွှတ်ပါ။ သူများကို လိုက်လံပြီး ဝေဖန်သုံးသပ်တာထက်စာရင် ကိုယ့်ကိုယ်အရင်ဆုံး ပြီးအောင် ဝေဖန်သုံးသပ်တာ ပိုပြီး လုပ်သင့်တယ်လို့ ယုံကြည်ပါတယ်။ ကိုယ့်ကိုကိုယ် ဝေဖန်မသုံးတတ်သေးရင် သူများကို ဝေဖန်ဖို့ဆိုတာ ..... ။
Tags:
ကိုဖိုးချမ်း၊ တရားတွေ ရနေပြီလားဗျာ။
ReplyDeleteဒီလိုပါပဲဗျာ ... တွေးမိတာလေးတွေပါ။ တရားကတော့ မြန်မြန်ရလေ ကောင်းလေပေါ့ :)
ReplyDeleteGood Job. I want to give u a solution for u. U said some people are just jealous of the rich but don't think about what to do to get rich. But u should know that nobody is rich. I don't think that even the richest feels he's the richest. If u think that way, u won't get jealous of anybody. For example, when u see ur boss is so rich, u can think that ur boss doesn't feel he's rich and wants to get richer. Then u will b ok. I hope u understand what I mean.
ReplyDeleteI like your thoughts. Yeah...most of people including me often forget to try to get that we want.:)
ReplyDeletesuch a great post :) cheers
ReplyDelete