မန္တလေးမှာ ရိုက်ထားတဲ့ ဇာတ်လမ်းလေး၊ အရမ်းကြိုက်တယ်။ ရန်ကင်တောင်နားက နည်းပညာတက္ကသိုလ်ထဲမှာ နောက်ခံထားပြီးရိုက်ထားတယ်။ နောက်ခံသီချင်းလေးလည်း အရမ်းမိုက်တယ်။ ဒွေး ဆိုထားတာ။ ဒီဇာတ်ကားလေးကြည့်ပြီး နည်းပညာတက္ကသိုလ်မှာ Evening Class တက်တုန်းက သွားခဲ့တဲ့အချိန်တွေကို သတိရမိတယ်။ တကယ်တော့နည်းပညာတက္ကသိုလ်ဟာ ကျွန်တော်အရင်တုန်းက နေခဲ့တဲ့အိမ်နဲ့ နီးနီးလေး။ အရင်တုန်းက ရန်ကင်းတောင်ခြေက မန္တလေး သမ၀ါယမကောလိပ်မှာ နေခဲ့တယ်။ ငယ်ငယ်လေးကတည်းကပေါ့။ ရန်ကင်းတောင်တ၀ိုက်ဟာ အရမ်းသာယာတဲ့နေရာလေးပါပဲ။ ရေတံခွန်တောင်နဲ့လည်း နီးနီးလေး။ မေမြို့ကိုလည်း ဆက်သွားလို့ရသေးတယ်။ ပြီးတော့ ရန်ကင်းတောင်ခြေနားလေးမှာ မြကျောက်စေတီဆိုတာရှိတယ်။ အဲဒီမှာ သဘာဝအတိုင်း ရေသန့်တွေထွက်နေတယ်။ မြကျောက်ဆရာတော် ဆိုတာလည်းရှိတယ်။ နာမည်ကြီးပေါ့။ လူကြီးပိုင်းတွေ တော်တော်ကိုးကွယ်ကြတယ်။ အထူးသဖြင့် နန်းတွင်းထဲက လုလင်တွေပေါ့။
ဒီဇာတ်ကားလေးတင်ပေးတဲ့ ခရမ်းပြာအိမ်မက် မှ ကိုကို မမ များကို ကျေးဇူးတင်ပါ၏။
[ အပိုင်း ၁ ] [ အပိုင်း ၂ ]
ဒီဇာတ်ကားလေးတင်ပေးတဲ့ ခရမ်းပြာအိမ်မက် မှ ကိုကို မမ များကို ကျေးဇူးတင်ပါ၏။
[ အပိုင်း ၁ ] [ အပိုင်း ၂ ]
brother လဲ evening ကျောင်းသားပဲလား?
ReplyDeleteတွေ့ ရတာဝမ်းသာပါတယ် ။
ကျွန်တော်လဲ YTU evening ကပဲ.........
အခုမှ blog စလုပ်တာမို့ ကြုံရင်ဝင်သင်ပေးအုံးနော်.....
:)
အကိုရေ ....
ReplyDeleteကျနော် အဲဒီဇာတ်ကားရဲ့ ၀တ္ထုလေးလိုချင်တယ်ဗျာ ... နီကိုရဲ ရေးတယ်လို့ သိရတယ် ... ၀တ္ထုနာမည်ကိုတော့ မသိဘူး .... ဖြစ်နိုင်ရင် ပြန်ပြောပေးပါလား ... စောင့်နေမယ်နော် ....
brother ရေ.. ညီလေးက ချစ်ခြင်းရင်ခုန်ယုံကြည်စွာဖြင့် ဇာတ်ကားလေးကို download လုပ်ချင်လို့ပါ။ ကြာနေပြီ ဖြစ်ပေမဲ့ ဖြစ်နိုင်ရင် လိုချင်ပါတယ်။ ကူညီပေးပါဗျာ။ ကျေးဇူးတင်ပါတယ်။
ReplyDeleteအဲဒီဇာတ်ကားခွေ ကျွန်တော်ရှာမတွေ့ဘူးဖြစ်နေတယ်။ ကျွန်တော်လည်း ပြန်ကြည့်ချင်နေတာ :(
ReplyDelete