Skip to main content

ရွှေမန္တလေးတွင် ရှေးဟောင်းဘုရားများ ပေါ်ထွက်လာ

မန္တလေးမှ သူငယ်ချင်း နှစ်ကူးဆီကနေ ဒီနေ့ email တစ်စောင်ကို ရရှိခဲ့ပါတယ်။ အကြောင်းကတော့ ကျွန်တော်တို့ ရွှေမန္တလေးမှာ ရှေးဟောင်းဘုရားတွေ ပေါ်ထွက်လာတဲ့ အတွက်ကြောင့်ပါ။ ပေါ်ထွက်လာတဲ့ ရှေးဟောင်းဘုရားတွေအကြောင်း သူဖော်ပြထားသလောက်ကတော့ ...
မန်းလေးမှာ ဘုရားနှစ်ဆူပေါ်လာတယ်။ နှစ်ရက်လောက်ရှိပြီတဲ့။ ဒီနေ့သွားကြည့်လာခဲ့တယ်။ ၃ ဆူပေါ်တာ ၂ ဆူပဲဆယ်လို့ရတယ်။ တစ်ဆူက ပြန်ပျောက်သွားတာတဲ့။ မြစ်လယ်မှာပေါ်တာ။ အဲ့ဒီကိုသွားချင်ရင် ၄၁လမ်း အနောက်ထဲ တန်းတန်းဆင်းတွားရင်ရောက်ပြီ။ မြစ်ဆိပ်က ရန်မျိုးလုံ ဆုတောင်းပြည့်မြတ်စွာဘုရားမှာ ခေတ္တစံပါယ်နေတယ်။ ဘုရား တစ်ဆူက ထုထည်အကြီးကြီးပဲ။ နောက်တစ်ဆူက ဟိုတစ်ဆူထက်တော့ နည်းနည်းသေးတယ်။ ရှေးဟောင်းဘုရားလို့တော့ ပြောတာပဲ။ ဓါတ်ပုံရိုက်လာခဲ့တယ်။ အဝေးရောက် သူငယ်ချင်းများအားလုံး ဖူးကြဖို့အတွက်...
သူငယ်ချင်း နှစ်ကူးလိုပဲ ကျွန်တော်လဲ ဘုရားများကို သူငယ်ချင်းများအားလုံး ဖူးမျှော်နိုင်ဖို့ရာ ဓာတ်ပုံများကို blog မှတဆင့် ပြန်လည်ဝေမျှလိုက်ရပါတယ်။ ဓာတ်ပုံတွေပို့ပေးတဲ့ နှစ်ကူးကိုလဲ အထူးကျေးဇူးတင်ပါတယ်။

Ancient Pagoda - Mandalay

Ancient Pagoda - Mandalay

Ancient Pagoda - Mandalay

Ancient Pagoda - Mandalay

Ancient Pagoda - Mandalay

ဘုရားတွေပေါ်ထွက်လာခြင်းနှင့်အတူ နိမိတ်တွေ၊ တဘောင်တွေလည်း ပေါ်လာပါလိမ့်ဦးမည်။

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။