Skip to main content

5th Anniversary of Buddha Day Celebration - UK

သာသနာ သက္ကရာဇ် ၂၅၅၁
မြန်မာသက္ကရာဇ် ၁၃၇၀၊ ကဆုန်လဆန်း ၁၄ရက်

ဒီနေ့ မနက်စောစော ၆ နာရီလောက်တည်းက နိုးနေသည်။ အခန်းစည်းလေးကို ဖယ်ပြီး အပြင်ကိုလှမ်းကြည့်လောက်တော့ ရှင်နေမင်းက ၀င်းပလျှက်။ စိတ်ထဲမှာ ကြည်နူးမိသွားသည်။ အကြောင်းမှာ အင်္ဂလန်တွင် အခမ်းအနား (သို့) ပွဲလုပ်တိုင်း ရာသီဥတုက အနည်းနှင့်အများတော့ နှောက်ယှက်တတ်သည်။ ဒီနေ့တော့ လောကကြီးကို မင်္ဂလာပါလို့ နှုတ်ဆက်ပြီး ကျေးဇူးတင်စကား ပြောရမလို ဖြစ်နေပြီ။

ဤသို့ဖြင့် ဗုဒ္ဓနေ့အခမ်းအနားသို့ တက်ရောက်ပူဇော်ရန်အတွက် ကျွန်တော်နှင့် မိတ်ဆွေနှစ်ယောက် ဗုဒ္ဓနေ့ ကျင်းပရာ Ealing Town Hall သို့ ချီတက်ခဲ့ကြပါတော့သည်။

Buddha Day Logo
ဗုဒ္ဓနေ့အမှတ်တရ ရင်ထိုး

Monks
တက်ရောက်လာကြတဲ့ ဆရာတော်များနှင့် အခမ်းအနားမှုး ဦးမောင်မောင်သန်း (BBC)

LunchDonation
ဆရာတော်များကို ဆွမ်းကပ်လှူ ကုသိုလ်ယူကြစဉ်

buffet
ဧည့်သည်တော်များအတွက် အခမဲ့ ဘူဖေး

KoHtainLin
ဒေါက်တာလှဘူး နှင့် ပန်းချီ ကိုထိန်လင်းတို့မှ ဗုဒ္ဓနေ့ ဂုဏ်ပြုတေးများဖြင့် ပူဇော်

TayarNar
နိဗ္ဗာန်ရောက်ကြောင်း တရားနာ

entertainment
ဒေါင်းအိုးဝေေ၀အငြိမ့် မောင်မယ်များကလည်း ဗုဒ္ဓနေ့ကို တတပ်တအား ပူဇော်

အခမ်းအနားပြီးဆုံးတဲ့အထိ နေမယ်လို့ ရည်ရွယ်ထားခဲ့ပေမယ့် နေသိပ်မကောင်းဖြစ်နေတဲ့ကျွန်တော် အငြိမ့်မပြီးခင်မှာပဲ အိမ်ပြန်ခဲ့ရပါတယ်။ ဒါကြောင့် အငြိမ့်ပြီး နောက်ဆုံး အစီအစဉ်တွေဖြစ်တဲ့ ဆွမ်းဆန်စိမ်းလောင်းခြင်း နှင့် စုပေါင်းဓာတ်ပုံရိုက်ခြင်းတို့မှာ မပါဝင် နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဘုန်းဘုန်းတွေ ဟောကြားခဲ့တဲ့ တရားတွေ၊ ဗုဒ္ဓနေ့နှင့် ပက်သက်တဲ့ ဖြစ်စဉ်တွေ၊ သမိုင်းတွေ၊ ၀တ်အသင်းတွေနှင့် အတူ ရွတ်ဖတ်ခဲ့တဲ့ မင်္ဂလာကဗျာများ၊ ရှစ်လုံးဖွဲ့ကဗျာများ နှင့် ခုနှစ်နေ့ ဘုရားရှိခိုး ကဗျာများကြောင့် နေမကောင်းသော်ငြားလည်း စိတ်ထဲမှာ တကယ်ပဲ ကြည်နူးအေးချမ်းခဲ့ရပါတယ်။

သာဓု သာဓု သာဓု

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။