Skip to main content

ဟင်္သာတို့ရဲ့ နန်းတော်ရှေ့








မန္တလေးကိုလွမ်းရင် ဒီသီချင်းကိုလဲ နားထောင်ဖြစ်တယ်။ နားထောင်မိရင် ပိုပြီးလွမ်းတယ် :)

မန္တလေးမှာ နန်းရှေ့ (သို့) နန်းတော်ရှေ့ဆိုတဲ့ အေးချမ်းတဲ့ ရပ်ကွက်လေးတစ်ခုရှိပါတယ်။ နန်းမြို့ရိုးကြီးရဲ့ အရှေ့ဘက်မှာ တည်ရှိတာဖြစ်တဲ့အတွက် နန်းရှေ့လို့ခေါ်ဆိုကြတယ်လို့ မှတ်သားခဲ့ဖူးပါတယ်။ ဒီသီချင်းလေးဟာလည်း နန်းတော်ရှေ့မှာနေသွားတဲ့ "ဟင်္သာ"ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်း ရေးဖွဲ့ရင်း ဖြစ်ပေါ်လာတယ်လို့ ကြားသိရပါတယ်။

မေမေ ပင်စင်မယူခင်တုန်းကတော့ မန္တလေး သမ၀ါယမကောလိပ်ထဲမှာနေခဲ့ပါတယ်။ မေမေ ပင်စင်ယူပြီးနောက်ပိုင်းမှာတော့ အဲဒီ နန်းတော်ရှေ့ ရပ်ကွက်လေးထဲကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ တကယ့်ကို အေးချမ်းတဲ့ ရပ်ကွက်လေးပါ။ အရိပ်အာဝါသကောင်းတဲ့ သစ်ပင်ကြီးတွေနဲ့ ညှို့မှိုင်းနေတတ်ပြီး ဘုန်းကြီးကျောင်းတွေ၊ စာသင်တိုက်တွေနဲ့ ၀န်းရံထားတဲ့ နေချင်စဖွယ် ရပ်ကွက်လေးပါ။

နေ့တစ်နေ့ရဲ့ နိဒါန်းဖြစ်တဲ့ မနက်ပိုင်း နေ၀န်းနီနီလေးကိုလည်း ကျွန်တော်တို့ နန်းရှေ့ဘက်ကနေ အရင်ဦးဆုံး မြင်တွေ့ရပါတယ်။ မနက်ပိုင်းဆိုရင် နန်းရှေ့ဈေးကြီးထဲမှာ နံနက်ခင်းရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ ဈေးသည်တွေရဲ့ ဈေးခေါ်သံတွေကိုလည်း ကြားနေရတတ်ပါတယ်။ ရန်ကင်းတောင်၊ ပုသိမ်ကြီးဘက်ကနေ မန္တလေးမြို့ထဲသို့ အလုပ်သွား အလုပ်ပြန်ကြတဲ့ အလုပ်သမားစက်ဘီးတန်းကြီးလည်း နန်းရှေ့မှ တွေ့မြင်ခံစားနိုင်ပါသေးတယ်။ မန္တလေးမြို့ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ မန္တလေးတောင်၊ ရွှေကျောင်းကြီး၊ ရွှေနန်းတော်၊ ကုသိုလ်တော်၊ အမျိုးသားပြဇာတ်ရုံ စတဲ့နေရာတွေကိုလည်း ကျွန်တော်တို့ နန်းတော်ရှေ့ ငါးမိနစ်ခန့် ခရီးဖြင့် ရောက်ရှိနိုင်ပါတယ်။

နန်းရှေ့ကိုသွားရင်း မောလို့ အပန်းဖြေချင်တယ်ဆိုရင်လည်း မန္တလေးကျုံးရှေ့ အမျိုးသားကဇာတ်ရုံအနီးက Cafe City ဆိုတဲ့ဆိုင်လေးမှာ ကျုံးအလှအပကို ခံစားရင်း အပန်းဖြေနိုင်ပါသေးတယ်။ ကဲ ... လမ်းကြုံလို့ ကျွန်တော်တို့ ရွှေမန္တလေးကို ရောက်ရှိခဲ့ရင် နန်းတော်ရှေ့ရက်ကွက်လေးကိုလည်း သွားရောက်လည်ပတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။

Comments

Popular posts from this blog

တကယ့်ကို မလွယ်ပါလား

စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း သူတောင်းစား လေးတွေက တတွတ်တွတ် တောင်းကြတယ် ရုပ်ရှင်ကြည့်တိုင်းလည်း ဗုံးပေါက်မလားရယ်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ် ဓာတ်ပုံရိုက်တိုင်းလည်း Police လေးတွေက အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ် Bus Car တွေ စီးတိုင်းလည်း စပယ်ယာလေးတွေက လက်တဆော့ဆော့နဲ့ လုပ်ကြတယ် လက်မှတ် ၀ယ်တိုင်းလည်း အရောင်းသမားလေးတွေက မှောင်ခိုရှိုတိတ် လုပ်ကြတယ် ဘုရားတွေ သွားတိုင်းလည်း ဂေါပက လူကြီးတွေက ပတ်လည် ချက်စား လုပ်ကြတယ် လေဆိပ်တွေ ရောက်တိုင်းလည်း လ၀က လေးတွေက လက်ဆောင်ပါလား မေးကြတယ် အမှုတွေဖြစ်တိုင်းလည်း ရဲရဲ လေးတွေက လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ် ကျောင်းတွေ အပ်တိုင်းလည်း ကျောင်းအုပ်ကြီးတွေက ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ် နိုင်ငံခြားကို ရောက်တိုင်းလည်း အပေါင်းအသင်းလေးတွေက ဗမာဆို နှာခေါင်း ရှုံ့ကြတယ် အင်တာနက်တွေ သုံးတိုင်းလည်း ပြိတ္တာလေးတွေက အကုန်လုံးနီးပါး ဘန်းကြတယ် ပွဲတွေလုပ်တိုင်းလည်း ရပ်ကွက်ရုံးတွေက...

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

Mac မှ Adware များကိုဖယ်ရှားခြင်း

Mac ကွန်ပျူတာတွေဟာ အများအားဖြင့် security system ကောင်းမွန်အောင် တည်ဆောက်ထားကြပါတယ်။ သို့ပေမယ့် popular ဖြစ်လာတာနဲ့အမျှ hacker တွေဟာလည်း target ထားလာကြပါတယ်။ သင့်ရဲ့ ကွန်ပျူတာမှာ ကြော်ငြာတွေ၊ popup window အသေးလေးတွေ ပုံမှန်မဟုတ်တာတွေဖြစ်လာဖြစ်ဆိုရင်တော့ Mac ကို Adware ဝင်မဝင်စစ်ဆေးဖို့လိုပါပြီ။ အဲဒီအတွက် အသင့်တော်ဆုံးနဲ့ အလကားပေးထားတဲ့  Software ကတော့ AdwareMedic ပဲဖြစ်ပါတယ်။ Window အတွက်ကတော့ Malwarebytes  ကတော့ အကောင်းဆုံးဖြစ်ပါတယ်။ အခြားပြဿနာတွေ ကွန်ပျူတာမှဖြစ်နေရင်လည်း comment ပေးခဲ့နိုင်ပါတယ်။ လက်လမ်းမှီသလောက် ရှာဖွေဖြေရှင်းပေးပါမယ်။ Download : AdwareMedic