Skip to main content

မချစ်နဲ့တော့

သီချင်းလေးတွေ နားထောင်ရတာ တစ်ခါတလေမှာ အပန်းပြေတယ်၊ တစ်ခါတလေမှာ စိတ်ခံစားမှုတွေ ပိုပြီးဖြစ်စေတယ်၊ တစ်ခါတလေကျတော့လည်း ရင်ဘတ်ထဲကို တည့်တည့်ကြီး လာထိတယ်။ သီချင်းနားထောင်ခြင်းဟာ ကျွန်တော့်ရဲ့အပန်းဖြေနည်းတစ်မျိုးပါပဲ။ အခုတလော နားထဲမှာ ဒီသီချင်းလေးပဲ စွဲနေတယ်။ သူငယ်ချင်းတို့ နားထောင်ဖို့ရာ မျှဝေလိုက်ပါတယ်။

မချစ်နဲ့တော့

တေးဆို - ကိုကိုမောင်
တေးရေး - ကေအေတီ

မချစ်နဲ့တော့ ... ဖြေသိမ့်စရာအဖြေမရှိတော့
မချစ်နဲ့တော့ ... တိမ်တိုက်လိုထွက်သွားတော့
ဒီထက်ပိုရင်ခုန်ရင် ... ဒီထက်ပိုကြေကွဲခြင်းနဲ့
တို့တွေ့ရလိမ့်မယ်
မဖြစ်သင့်ပြီမို့ ... မင်းလွတ်လပ်တဲ့ဆီသွားပါ
မချစ်နဲ့တော့ ... ဖွင့်ပြောရန်အချိန်မဟုတ်တော့
မချစ်နဲ့တော့ ... ပြတ်သားစွာချန်ရစ်တော့
အနာဂတ်ကို ယုံကြည်ပါ
လူတိုင်းဟာ ကိုယ်ကျိုးစွန့်ဖို့ ... တကယ်ပေးဆပ်ဖို့ဆက်
နင်တစ်နေ့နေ့မှာတော့ ... ငါ့ဆုံးဖြတ်ချက်ကို နားလည်မယ်
မဆိုင်သူတွေလိုနေမယ် ... တို့ ခြားနားခြင်းသိပ်များတယ်
တို့နီးစပ်ဖို့သိပ်ခက်နေတယ်
ပျော်ရွှင်စွာဘ၀ခရီးဆက်ကြမယ် ... နောင်တစ်ချိန်မှာ ဖြူစင်စွာတွေ့ကြမယ်

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။