8 April 2009

သဟာကြွဖို့ ဖိတ်ကြားလွှာ (သို့) London Thingyan 2009

ဒီနှစ်သင်္ကြန်အတွက် ဘုန်းဘုန်းဦးသီ ရေးစပ်သီကုံးထားတဲ့ သဟာကြွဖို့ ဖိတ်ကြားလွှာ ဆိုတဲ့ကဗျာလေးကိုမျှဝေခံစားရင်း London Thingyan 2009 ကိုကြွရောက်ဖို့ ခင်မင်လေးစားစွာ ဖိတ်ကြားလိုက်ရပါတယ်ခင်ဗျာ။


သဟာကြွဖို့ ဖိတ်ကြားလွှာ

ပန်းစံပွင့်ကာ
ရွက်လွှာစိမ်းစိမ်း၊ မြရည်လိမ်းလျှက်
နွဲ့ယိမ်းလှုပ်ကာ၊ လေပြေလာသည့်
အတာတန်ခူး၊ နှစ်သစ်ဦးတွင်
ကြည်နူးသန့်ရှင်း၊ ဘေးရန်ကင်းလျှက်
ကောင်းခြင်းထွေထွေ၊ တွေ့ပါစေဟု
မှာချွေဆုတောင်း၊ ဆွမ်းဆန်လောင်းဘို့
ခွင့်ကောင်းအမှန်၊ မြို့လန်ဒန်မှ
ထိုက်တန်ဆုပေး၊ ကိုလန်ဒေး (Colindlae) သို့
လှူပေးသံဃာ၊ ဖူးမျှော်သာသည်
သဟာကြွခဲ့ပါအုံးနော်။

ဘုန်းသီ (လန်ဒန်)

ဒီနှစ်သင်္ကြန်ကိုတော့ ယခင်နှစ်သင်္ကြန်များအတိုင်းပဲ နှစ်နေရာခွဲပြီး ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ၁၈ ရက်နေ့ မနက်ပိုင်းမှာတော့ Colindale ကျောင်းမှာ ဘုရားအနေကဇာတင်ခြင်း၊ သံဃာတော်များကို ဆွမ်းကပ်ခြင်း၊ စုပေါင်းရဟန်းခံရှင်ပြုခြင်း တို့ကိုပြုလုပ်ပါမည်။ ထို့နောက် လူပရိသတ်များအား ဧည့်ခံကျွေးမွေးပါမည်။

နေ့လည်ပိုင်းမှာတော့ သင်္ကြန်ပွဲပျင်းပနေကျ St. Matthias Hall မှာ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ နှစ်သစ်ကူး တရားနာယူခြင်း တို့ကို ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ထို့နောက်မှာတော့ The Nox Band နှင့်အတူ သင်္ကြန်ယိမ်း၊ သင်္ကြန်တေးတို့ဖြင့် တင်ဆက်ဖျော်ဖြေပြီး မြန်မာနှစ်သစ်ကူးကို ပျော်ရွှင်စွာ ဆင်နွဲကြမှာဖြစ်ပါတယ်။

Related posts : Colindale Thingyan 2008 , Colindale Thingyan 2007
 

Followers

Total Visitors

Unique Visits, since 20 June 2006


Clicky Web Analytics


Site Info

ကျွန်တော် ရေးသား၊ မျှဝေထားတဲ့ ပို့စ်တွေထဲက မိတ်ဆွေတစ်ခုခု ရသွား တယ်ဆိုရင် ကျွန်တော့်ရဲ့ ဘလော့ ပို့စ်တွေရေးရကျိုး အချိန်ပေးရကျိုး နပ်သွားပါပြီ။ ထင်မြင်ချက်များကိုလည်း comment တွင် ရေးသား ပေးခဲ့နိုင်ပါသည်။ မိတ်ဆွေများ မျှဝေ လိုသည့် သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါးများ ရှိခဲ့ပါက chanmyasoe at gmail.com သို့ ပေးပို့ နိုင်ပါသည်။ စာဖတ်သူ မိတ်ဆွေများ အားလုံး ကျန်းမာပျော် ရွှင်ပါစေ :)
CMS's Web Diary Copyright © 2009 Blogger Template Designed by Bie Blogger Template