Skip to main content

၂၀၀၉ မြန်မာနှစ်ကူး အတာသင်္ကြန်ပုံရိပ်များ

၂၀၀၉ ခုနှစ် မြန်မာအတာသင်္ကြန်နှင့် ပက်သက်သော မှတ်တမ်များ၊ သတင်းများ၊ ဓာတ်ပုံများနှင့် ဗွီဒီယိုများကို တတ်နိုင်သမျှ Sharing လုပ်ပေးသွားပါမယ်။

သတင်းနှင့် ဓာတ်ပုံများ ပေးပို့ရန်ရှိခဲ့ပါက Comment တွင် ၀င်ရောက်ရေးသားခဲ့နိုင်ပါသည်။ အားလုံးပဲ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေခင်ဗျာ :)

မန္တလေးသင်္ကြန် ၂၀၀၉ (မောင်လှ)

မန္တလေးသင်္ကြန်ကတော့ တယ်စည်ကားတယ်ဆိုပဲ ... ဓာတ်ပုံကိုပဲကြည့်တော့ ပြွတ်သိပ်နေတာပဲ။ ဓာတ်ပုံကြည့်ပြီး ကိုယ်တိုင် ၀င်ခံစားလို့ရတယ် ;) ဆရာလှကြီးရဲ့ဘလော့မှာတော့ မတက်သေးဘူး။ ရှိတဲ့ကြွက်တိုးပေါက်လေး ပိတ်သွားလို့ဆိုပဲ။ ဘယ်တော့ ပြန်ရမလဲ မသိဘူး။ ကျွန်တော်လည်း မနေနိုင်မထိုင်နိုင် Facebook မှာတွေ့တုန်း ဒီဓာတ်ပုံကို အလှူခံထားလိုက်တာ :P

ဆောရီး ... :D
ဆရာလှကြီးရဲ့ဘလော့မှာ 2009 မန္တလေးသင်္ကြန်ဓာတ်ပုံတွေ တက်နေပြီဖြစ်ပါတယ်။ အခုလေးပဲ ၀င်ကြည့်ဖြစ်တာ :) ကျေးဇူးပါ ဆရာလှရေ


ပုဂံနတ်ကြီး ကျေးဇူးနဲ့ နောက်ထပ် မန္တလေးသင်္ကြန်ပုံတွေ လာပါပြီ။
နတ်ကြီးရေ ကျေးဇူးတင်ပါတယ်။ မန္တလေးပြန်လာမှ ကောင်းကောင်း ပသပါ့မယ် :P


သင်္ကြန်အကြတ်နေ့ (၁၅) ရက်နေ့မှာ မင်းယွန်းသစ် ရိုက်ထားတဲ့ ဓာတ်ပုံတွေကလည်း ရန်ကုန်သင်္ကြန်ကို လွမ်းဆွတ်နေသူများအတွက် ပို၍ လွမ်းသွားစေမှာဖြစ်ပါတယ်။

ဧပြီ ၁၆ ရက်နေ့ ... သင်္ကြန်အတက်နေ့ ရောက်ပြီနော် .... အတက်နေ့မှာတော့ ရခိုင်သားတစ်ယောက်ရဲ့ ကောင်းမှုဖြစ်တဲ့ ပြည်ကြီးငါးခြောက်ကင်လေးနဲ့ ရစ်ရွှေရည်ကိုတွဲဖက်ပြီး သိကြားမင်းနဲ့အတူ နတ်ပြည်ကို တက်ဖို့ လုပ်နေတယ် :P သင်္ကြန်ရောက်ဖို့ စောင့်လိုက်ရတာ မြန်သလို ရောက်လာတော့လည်း ပြီးသွားတာ ခဏလေးပါပဲလား ... ။ အားလုံး မင်္ဂလာနှစ်သစ်ပါဗျာ။

လန်ဒန်သင်္ကြန်ကိုတော့ လာမည့်စနေနေ့ (18 April) မှာ ကျင်းပပါမည်။ ဓာတ်ပုံတွေအပြင် Video တွေပါ တင်နိုင်အောင် ကျွန်တော် ကြိုးစားပါဦးမည်။


အတက်နေ့ အိပ်ယာနိုးလာချိန်မှာတော့ မန္တလေးသင်္ကြန်ဓာတ်ပုံတွေ ဆရာလှကြီး နှင့် ပုဂံနတ်ကြီးတို့ရဲ့ ဘလော့တွေမှာ တက်နေတာတွေ တွေ့ရပြန်တော့ ပြီးခါနီးလေ ပိုလွမ်းလေဆိုသလို ဖြစ်သွားမိပါတယ်။ မန်းသင်္ကြန်ကို ရှူ့စားလိုက်ပါဦး :)

သင်္ကြန်ပွဲတွေထဲမှာ ရခိုင်သင်္ကြန်သည်လည်း ကြည်နူးစရာကောင်းတဲ့ သင်္ကြန်ပွဲတစ်ခုဖြစ်ပါတယ်။ နံ့သာသွေးပွဲ၊ ဘုရားရေချိုးပွဲနှင့် ရေလောင်းပွဲ သုံးမျိုးကျင်းပကြတဲ့ ချစ်စရာ့ဓလေ့ကိုလည်း ရခိုင်သင်္ကြန်မှာတွေ့ရမှာဖြစ်ပါတယ်။ ရခိုင်သင်္ကြန်ပွဲနှင့်ပက်သက်ပြီးတော့ သတင်းတွေ၊ ဓာတ်ပုံတွေ မရခင် နှစ်သစ်ဆုတောင်း ဆိုတဲ့သီချင်းလေးကို မျှဝေခံစားလိုက်ရပါတယ်။ အဆိုတော်ကတော့ ရခိုင်နာမည်ကြီးအဆိုတော်ပါပဲ။


သင်္ကြန်နှင့် ပက်သက်ရင် နာမည်ကြီးရုပ်ရှင်တစ်ခုဖြစ်တဲ့ သင်္ကြန်မိုး ဇာတ်ကားကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ မောင်တင်ဦးကို ဧရာဝတီ သတင်းဌာနမှ သင်္ကြန်ခံစားမှုနှင့် ပက်သက်ပြီး အင်တာဗျူးလေးတစ်ခုလုပ်ထားတာကို တွေ့ရပါတယ်။ ဇာတ်ကားထဲမှာပါတဲ့ စာသားလေးကို ကျွန်တော် နှစ်သက်လွန်းလို့ ဘလော့ဘန်နာပေါ်မှာ တင်ထားပါတယ်။ "တန်ခူးမြည်မှတ် ဖက်စွတ်ရေတိုး သင်္ကြန်မိုး"

ဧပြီလ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံ၊ အော်ရီဂန်ပြည်နယ်၊ ပို့တ်လန်းမြို့တွင် မြန်မာ့ရိုးရာ နှစ်ကူး အတာ သင်္ကြန်နှင့် သက်ကြီး ပူဇော်ပွဲ ကျင်းပခဲ့ကြပါတယ်။ News via : Planet

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကျင်းပတဲ့ သင်္ကြန်ပွဲ Video လေးပါ။

စင်ကာပူက စွယ်တော်ရိပ်သင်္ကြန် (သံချပ်)

မန္တလေးသင်္ကြန်၊ ရန်ကုန်သင်္ကြန် နှင့် စင်ကာပူသင်္ကြန် ဓာတ်ပုံများကို နေးတစ်မြန်မာဖိုရမ်၏ Thingyan 2009 တော့ပစ်အောက်တွင် ၀င်ရောက်ရှူ့စားနိုင်ပါပြီ။ ပုံတွေ ရေလည်မိုက်တယ် ;) ဒီနေရာမှာ Register လုပ်ပါ။
  • ပြီးရင် ဒီတော့ပစ် ( Thingyan 2009 ) ကိုကြည့်ပါ။ နေးတစ်မြန်မာမှ ညီအစ်ကို မောင်နှမများကို အထူးကျေးဇူးတင်ရှိပါသည်။

ရန်ကုန်သင်္ကြန် အကျနေ့ ဆီဒိုးနား ဟိုတယ်အနီးရှိ T.Home မဏ္ဍပ်တွင် ပြည့်ဖူးခိုင် သီဆိုဖျော်ဖြေနေတဲ့ Video Clip ပါ။ News via : Freedom News Group

တောင်ကြီးသင်္ကြန် ၂၀၀၉

တောင်ကြီးသင်္ကြန်ကတော့ ကြိတ်ကြိတ်တိုးစည်ကားပါတယ်။ ပုံကတော့ IC ဖျော်ဖြေနေတဲ့ပုံပါ။ မတင်ဇာမော်လည်း တောင်ကြီးသင်္ကြန်ကြောင့် မြန်မာပြည် ပြန်သွားတာကိုး။ ကျန်တဲ့ပုံတွေကိုတော့ တောင်ကြီးမိသားစုရဲ့ Google Group မှာ ဆက်လက်ရှူ့စားနိုင်ပါတယ်။

မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ 17.04.09

နှစ်သစ်ကူးနေ့မှာ မဇ္ဈိမဂုဏ်ရည်ဆရာတော် ဟောကြားတော်မူခဲ့တဲ့ "သတိ နေ့တိုင်းသင်္ကြန် ကျနေသည်" ဆိုတဲ့ တရားတော် ဗွီဒီယိုကိုတွေကို sharing လုပ်ပေးလိုက်ပါတယ်။ ၂၀၀၉ခု ဧပြီလ ၁၁ ရက်နေ့က နယူးယောက်မြို့မှာ ဟောကြားခဲ့တဲ့ တရားတော်ဖြစ်ပါတယ်။ ဗွီဒီယိုတွေကို တင်ထားပေးတဲ့ tinmartun6 ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
AIT (Asian Institute of Technology, Thailand) သင်္ကြန်
မနေ့က ကိုရဲ နှင့် ကိုဖြိုး ပို့ပေးထားတဲ့ AIT သင်္ကြန်ပုံတွေကို sharing ထပ်လုပ်ပေးလိုက်ပါတယ်။ သင်္ကြန်အကျနေ့ (14.04.09) တုန်းက ရိုက်ထားတာဖြစ်ပြီး ဓာတ်ပုံဆရာကတော့ သူတို့နှစ်ယောက် ကိုယ်တိုင်ပါပဲ။ မောင်မင်းကြီးသားများကို ကျေးဇူးအထူးတင်ကြောင်းပါ :)


သင်္ကြန်လွမ်းပြေ (မစုမြတ်မွန်) : Via VoaBurmese

သင်္ကြန်အကြောင်း ရေးကြ မှတ်တမ်းတင်ကြတဲ့  Blog တွေရဲ့အကြောင်းကို ဒီတပတ် Blogger တွေပြောသမျှ အစီအစဉ်မှာ မစုမြတ်မွန်က ကိုသားညွန့်ဦးနဲ့အတူ ပြောပြသွားတာကို တွေ့ရပါတယ်။

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။