မြန်မာ့ရိုးရာ စကားပုံများကို စုစည်းတင်ပြထားသော အင်တာနက်စာမျက်နှာတစ်ခုကို မျှဝေပါရစေ။ အဲဒီဆိုဒ်ရဲ့နာမည်ကတော့ www.mmproverb.com ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ မြန်မာ့ရိုးရာစကားပုံပေါင်း ၄၅၀ ကျော်ကို စုစည်းတင်ပြပေးထားတာ တွေ့ရပါတယ်။ အက္ခရာအလိုက် စီစဉ်ပေးထားတဲ့အတွက် စာဖတ်သူအနေနဲ့လည်း အလွယ်တကူ ရှာဖွေဖတ်ရှူ့နိုင်မှာဖြစ်ပါတယ်။
အောက်ပါစကားပုံလေးကိုတော့ ကြိုက်နှစ်သက်လို့ မျှဝေလိုက်ပါတယ်။ စကားပုံရဲ့နာမည်က "ဘူးသီးမှ အရီးတော်သည်" အပြင်လောကမှာလည်း ဒီစကားပုံလေးအတိုင်း ဖြစ်ပျက်နေတာတွေ အများကြီးတွေ့ဖူးကြမှာပါ။
အောက်ပါစကားပုံလေးကိုတော့ ကြိုက်နှစ်သက်လို့ မျှဝေလိုက်ပါတယ်။ စကားပုံရဲ့နာမည်က "ဘူးသီးမှ အရီးတော်သည်" အပြင်လောကမှာလည်း ဒီစကားပုံလေးအတိုင်း ဖြစ်ပျက်နေတာတွေ အများကြီးတွေ့ဖူးကြမှာပါ။
မိန်းမကြီးတစ်ယောက်အား ဘူးပင်မစိုက်မီက မည်သူမျှဆွေမျိုးတော်ချင်သူ ခေါ်ပြောခင်မင်သူ မရှိငြားသော်လည်း ဘူးပင်စိုက်၍ ဘူးသီးသီးလာသောအခါ ဘူးသီး လက်ဆောင်ရယူလိုသဖြင့် သူသူငှာငှာ အရီး အရီးဟုပြောကာ ဆွေမျိုးစပ်လာကြသည်ဟုဆိုလိုသည်။ အခွင့်အရေး လာဘ်လာဘရရန် အကြောင်းမမြင်သောအခါ အရေးမစိုက်ဘဲ အခွင့်အလမ်းရယူစရာ မြင်လာသောအခါမှ အရေးတယူပြုလာသည့်အခါတွင် သုံးနှုန်းသည်။
hello... hapi blogging... have a nice day! just visiting here....
ReplyDelete