Skip to main content

စစ်အစိုးရ ဒေါက်တိုင် ခိုင်းဖတ်များအားဆန္ဒပြပွဲ (London-UK)

လန်ဒန်ရောက် မြန်မာကျောင်းသားလူငယ်များဦးဆောင်မှုဖြင့် စစ်အစိုးရ၏ ကျောထောက်နောက်ခံ ခိုင်းဖတ်ဖြစ်သည့် မြန်မာအသင်းကြီး(UK)မှကျင်းပပြုလုပ်မည့် စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေး မဲဆွယ်စည်းရုံးပွဲကို ဆန္ဒပြ သပိတ်မှောက်မည်ဖြစ်ပါသည်။

မြန်မာအသင်းကြီး (UK) သည် မြန်မာကျောင်းသားများ လိုအပ်သည့် အကူအညီနှင့် အထောက်အပံ့များကို မပေးသည့်အပြင် မြန်မာကျောင်းသားများကို အသင်းသို့ အဓမ္မဝင်ခိုင်းခြင်း၊ လှုံ့ဆော်စည်းရုံးရေးပွဲများအတွက် မတရားလက်မှတ်ရောင်ချခြင်း၊ သံရုံးထောက်ခံစာများ တောင်းချိန်တွင် ကျောင်းသူကျောင်းသားများထံမှ မတရားငွေညှစ်ခြင်း စသည့်ယုတ်မာရက်စက်သည့်အပြုအမူများကိုပြုလုပ်နေကြပါသည်။

ယခုလာရောက် ဖျော်ဖြေမည့် သရုပ်ဆောင်များသည်လည်း အဆိုပါအသင်းကြီးကို ထောက်ခံအားပေးကာ စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေးအတွက် တစ်စိတ်တစ်ပိုင်းမှ ပံ့ပိုးပေးနေသည့် စစ်အစိုးရ၏အခွင့်ထူးခံ ပြည်သူ့ကျေးဇူးကန်းနေသည့် သရုပ်ဆောင်များ ဖြစ်ကြပါသည်။ ထို့အပြင် အဆိုပါ သရုပ်ဆောင်များသည် စစ်အစိုးရ၏ မဲဆွယ်စည်းရုံးရေး ဇာတ်ကားဖြစ်သည့် "အာရုဏ်ဦးတွင် ဖူးသည့်ကြာ" မဲဆွယ်စည်းရုံးရေးဇာတ်ကားတွင် မြန်မာ့ဖြစ်ရပ်မှန်သမိုင်းကြောင်းကို လျစ်လျူရှူကာသမိုင်းကိုလိမ်သည့် အဆိုပါဇာတ်လမ်းတွင်ပါဝင်သရုပ်ဆောင်ထားကြသည့်သရုပ်ဆောင်များဖြစ်ပါသည်။

ထို့ကြောင့်စစ်အစိုးရ၏ ကျောထောက်နောက်ခံခိုင်းဖတ်ဖြစ်သည့်မြန်မာအသင်းကြီး(UK)နှင့်ပြည့်သူ့ကျေးဇူးကန်းသရုပ်ဆောင်များကို လန်ဒန်ရောက် မျိုးချစ်မြန်မာကျောင်းသားလူငယ်များ ဦးဆောင်မှုဖြင့်ဆန္ဒပြဖော်ထုတ်ပွဲကို ဇူလိုင်၃၁ရက်နေ့၂၀၁၀တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ကြမည်ဖြစ်ပါသောကြောင့် လန်ဒန်ရှိ မျိုးချစ်မြန်မာကျောင်းသားလူငယ်မောင်မယ်များနှင့် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများအနေဖြင့် တတပ်တအား ပါဝင်တက်ရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

အချိန် - ညနေ ၅ နာရီခွဲမှ ၈ နာရီထိ

နေရာ - Copland Community College, Cecil Avenue Wembley, London HA9 7DU

ရက်စွဲ - ၃၁၊ ၀၇၊ ၂၀၁၀

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

စမူ = ဇယ် = ရည်းစား = စော် = ချစ်သူ

မြန်မာစကားရဲ့ အရှုပ်တော်ပုံလေးတွေကို နည်းနည်းစဉ်းစားမိပြီး ရေးမိတာပါ။ ပြီးတော့ ၈တန်းတုန်းက အင်္ဂလိပ်စာသင်ခဲ့တဲ့ဆရာကြီး ပြောခဲ့တဲ့ဟာလေးကိုလည်း သွားပြီးသတိရမိလို့ပါ။ အဲဒီဆရာကြီးက မန်းလေးရေစစ်ကန်နားလေးမှာနေတယ်။ သူပြောတာက ဘာလဲဆိုတော့ ယောက်ျားလေးတွေက သူ့ချစ်သူမိန်းကလေးတွေကို ခေါ်ဝေါ်သုံးစွဲပုံလေးပါ။ ဒီခေတ်မှာတော့ ကိုယ့်ရည်းစားကို ချစ်စနိုးနဲ့ ခေါ်တဲ့ အသုံးအနှုန်းလေးကတော့ "စော်" တဲ့ ... အင်း ... ခေါ်ရတာတော့ တော်တော် ကသီးကအောက်နိုင်ပါတယ်။ [ ဟေ့ကောင် .. ငါ့စော်ကို တွေ့မိလား ... ကျွန်တော်တို့ ယောက်ျားလေးတွေ အချင်းချင်း မေးလေ့မေးထရှိကြတဲ့ စကားတွေပါ] အင်း ... သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ ကြားရတဲ့သူအတွက်လည်း ကသီးကအောက်နိုင်လွန်းလှပါတယ်။ ကျွန်တော့်ဆရာကြီးပြောတာကတော့ ဆန်းတယ်ဗျ ကျွန်တော်လည်းမကြားဘူးဖူး ... ဟီးဟီး။ သူတို့လူပျိုတုန်းက "စော်" အစား "စမူ" လို့ခေါ်တာတဲ့ အဲဒီကမှတဆင့် "ဇယ်" ဆိုတာဖြစ်လာတယ်တဲ့ ပြီးတော့ မင်းတို့ ခေတ်ရောက်မှ ရည်းစား ... အဲဒီကမှ "စော်" ဆိုတာကြီး ဖြစ်သွားတာတဲ့။ တော်တော်တော့ စဉ်းစားကြည့်သေးတယ်ဗျ ဘာလို့ "စမူ" လို့ခေါ်သလဲပေါ့ ဟီးဟ...