Firefox Browser and Zawgyi Unicode Font can give you a better view of this blog.

24 Oct 2010

Fundraising Gig

ဂီတပွဲလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအတွင်းရှိ မိဘမဲ့၊ မသန်မစွမ်းနှင့် ချို့တဲ့သောကလေးသူငယ်များအတွက် ရန်ပုံငွေရှာခြင်းဖြစ်ပါတယ်။ ဖျော်ဖြေမှုမှ ရရှိသော အမြတ်အစွန်းအားလုံးကို ဆင်းရဲသော မိသားစုများနှင့် ကလေးသူငယ်များကို အဓိကပေးလှူသွားရန် ရည်ရွယ်ပါသည်။

ထိုသို့လှူဒါန်းရာတွင် တခြားအဖွဲ့အစည်းကြီးများနည်းတူ ရေရှည်ကလေးငယ်များအား မထောက်ပံ့နိုင်သော်လည်း နေ့စဉ်လိုအပ်နေသော အစားအစာ၊ ဆေးဝါးနှင့် စာရေးကိရိယာ၊ အဝတ်အစားနှင့် ကစားစရာတို့ကို ကလေးသူငယ်များ၏လက်သို့ ပေးအပ်မှာဖြစ်ပါသည်။ မိမိ၏အချိန်၊ ငွေအနည်းငယ်ကိုပေးဆပ်ခြင်းဖြင့် ကြမ်းတမ်းခက်ထန်သော ဘဝများအတွက်မှာ လူငယ်လေးများ၏ မျက်နှာတကြိမ်တခါ လန်းဆန်းစေနိုင်မှာဖြစ်သလို မိမိတို့၏ ကောင်းမှုအကျိုးဆက်ပီတိကို တဝကြီးခံစားရမှာဖြစ်ပါတယ်။

ထို့ပြင် ထိုပွဲသို့လာရောက်အားပေးခြင်းဖြင့်လည်း မိတ်ဟောင်းများနှင့် ပြန်လည်တွေ့ဆုံစေသလို မိတ်ဆွေသစ်များလည်း တိုးပွားစေမှာဖြစ်ပါတယ်။ မိမိအသိုင်းအဝိုင်းအတွင်းရှိ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေးအဖြာဖြာတို့ကို သိကျွမ်းဆွေးနွေးနိုင်မှာပါ။ သို့ကြောင့် လန်ဒန်တွင်သာမက ယူကေအတွင်း၇ှိသော ညီအစ်ကိုမောင်နှမကြီးငယ်မရွေးကို မိမိနိုင်ငံအတွင်း၇ှိ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတပ်တအား ပါဝင်ကူညီကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

0 comments:

LinkWithin