Skip to main content

ဆရာမဒေါ်နုနုရည် (အင်းဝ) ၏ စာပေဟောပြောပွဲ


ဆရာမဒေါ်နုနုရည် (အင်းဝ)

မနေ့က ဆရာမဒေါ်နုနုရည် (အင်းဝ)၏ စာပေဟောပြောပွဲ ပြုလုပ်ရာ SOAS University သို့ရောက်ရှိခဲ့ပါတယ်။ ကျွန်တော်ရောက်တော့ အခမ်းအနားက စတင်နေနှင့်ပါပြီ။ သို့ပေမဲ့ မှီရာနေရာကနေ ဆက်လက်နားထောင်ဖြစ်ပါတယ်။ ဆရာမရဲ့ အမာခံပရိသတ်အတော်များများအပြင် စာပေဝါသနာပါသူ လူငယ်များတက်ရောက်ကြတာတွေ့မြင်ရပါတယ်။

ဆရာမမှ သူ့ရဲ့ဘဝဇာတ်ကြောင်း၊ စာရေးဆရာမဖြစ်လာပုံ နှင့် စာပေလောကအတွေ့အကြုံများကို ရှင်းလင်းပြောကြားပါတယ်။ ဆရာမပြောပြတဲ့ထဲမှာ သူ လူ့လောကထဲရောက်ရှိလာပုံကတော့ အင်မတန်ဝမ်းနည်းအံ့သြဖို့ကောင်းလှပါတယ်။ သူ့ရဲ့အဘွားပေးခဲ့ရတဲ့အသက်နဲ့ ရှင်ခဲ့ရတာဖြစ်ကြောင်း ငယ်စဉ်ကတည်းကပဲ အဖိုးအဖွားလက်ပေါ်မှာ ကြီးပြင်းလာရကြောင်း၊ အဖိုးနှင့်အဖွားပုံပြောပြီဆိုလျှင် အဖိုးပြောသောပုံပြင်များမှာ စိတ်ဝင်စားမှုနှင့် ဆွဲဆောင်မှုရှိကြောင်း အဘယ်ကြောင့်ဆိုသော် အဖိုးမှာ စာပေဖတ်ရှု့လေ့လာသူဖြစ်ကြောင်း စိတ်ဝင်စားဖွယ် ရှင်းပြခဲ့ပါတယ်။

လူငယ်တို့ကို "ဘယ်စာဖတ်ဖတ် ကြိုက်တဲ့စာသာဖတ်ပါ။ စာဖတ်အားများလာပြီးလျှင် ကိုယ်ရွေးခြယ်သင့်တဲ့ စာပေကို အမှန်တကယ်ရွေးခြယ်လာနိုင်လိမ့်မယ်ဖြစ်ကြောင်း" လူငယ်များ စာပေဖတ်ရှု့ရေးကို အားပေးဟောပြောသွားပါသေးတယ်။

ဆရာမရဲ့ထွက်ရှိပြီးသား စာအုပ်များထဲမှ "ပြုံး၍လည်း ကန်တော့ခံတောမူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ"စာအုပ်အကြောင်းကိုလည်း ထည့်သွင်းဟောပြောသွားပါတယ်။ ထိုစာအုပ်နှင့် ပက်သက်ပြီး တွေ့ကြုံရသည့် အခက်အခဲများ၊ ဝမ်းသာဖွယ်ရာများနှင့် ဝမ်းနည်းဖွယ်ရာများကိုပါ ပရိသတ်များနှင့်အတူ ဆွေးနွေးဟောပြောခဲ့ပါတယ်။ ထိုစာအုပ်မှာ မာမီ(နတ်ကတော်) များကိုအခြေခံပြီးရေးသားထားခြင်းဖြစ်ပါတယ်။ ဆရာမပြောသွားသည်များထဲမှ မှတ်သားစဉ်းစားဖွယ်ရာတစ်ခုမှာ မြန်မာလူမျိုးအချို့သည် အယူသီးမှုများလာပြီဆိုလျှင် ယုံကြည်မှုတစ်ခုအနေနှင့် ဖြစ်လာကြကြောင်း ထို့နောက် ထိုယုံကြည်မှု့မှတဆင့် ယဉ်ကျေးမှုအဖြစ်ပါကူးပြောင်းလာကြကြောင်း နတ်ပွဲများနှင့် ပက်သက်ပြီး ထည့်သွင်းဟောပြောခဲ့ပါတယ်။

ထို့ပြင်ဆရာမငယ်စဉ်ဘဝက ကြီးပြင်းနေထိုင်ခဲ့ရာ နန်းတော်မြို့ဟောင်းတစ်ခုဖြစ်တဲ့ အင်းဝမြို့အကြောင်း၊ မြန်မာဘုရင်များနှင့် ထိုင်းနိုင်ငံအကြောင်း၊ မုန့်တီရဲ့ဇာတ်မြစ်၊ လန်ဒန်နှင့် ဆရာမ၏ မျိုးချစ်စိတ်ဓာတ်ဖြစ်ပုံလာပုံအကြောင်း တို့ကိုလည်း ဟောပြောခဲ့ပါသေးတယ်။ မျိုးချစ်စိတ်ဓာတ် (တိုင်းပြည်ချစ်စိတ်) နှင့် ပက်သက်ပြီး စိတ်ဝင်စားမှတ်သားဖွယ်ရာတစ်ခုမှာ မျိုးချစ်စိတ်ဆိုသည်မှာ "စိတ်ထဲမှ ဟန်ဆောင်လုပ်ယူခြင်းမျိုးမဟုတ်ပဲ လိုအပ်တဲ့အချိန်မှ သူ့အလိုလိုသာဖြစ်ပေါ်လာတတ်ကြောင်း (မရိုသေစကား ... ဥပမာ ... sexy စိတ်နှင့်အလားသဏ္ဍာန်တူကြောင်း)" ဟောပြောခဲ့ပါတယ်။ ဆရာမတာဝန်ထမ်းဆောင်ရာမြို့ဖြစ်တဲ့ ချင်းမိုင်မြို့အကြောင်း နှင့် ဘုရင့်မိုးအကြောင်းတို့မှာလည်း ကျွန်တော်အတွက် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ ဖြစ်ခဲ့ပါတယ်။

ဆရာမရဲ့ ပရိသတ်များ

ထို့သို့ဟောပြောပြီး နောက်ဆုံးမှာတော့ ပရိသတ်များနှင့် အမေးအဖြေများ ပြုလုပ်ခဲ့ပါတယ်။ ဆရာမ၏ ထွက်ပြီးသား စာအုပ်များနှင့် ပက်သက်ပြီး မေးမြန်းမှုများ၊ စာပေလောက ကျင်လည်မှုအတွေ့အကြုံများအကြောင်းစသည်တို့ကို အဓိကထား မေးမြန်းခဲ့ကြပြီး ဆရာမမှ စိတ်ရှည်လက်ရှည် ဟောပြောဖြေကြားပေးခဲ့ပါတယ်။ အခမ်းအနားကို ညနေ ၅ နာရီခန့်တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။

ကျွန်တော့်အတွက် ဗဟုသုတတွေ၊ မှတ်သားဖွယ် အတွေ့အကြုံများ ပေးခဲ့တဲ့ ဆရာမ ဒေါ်နုနုရည်(အင်းဝ) ကျန်းမာချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ နောက်နှစ်မှာလည်း ယခုလို စာပေဟောပြောပွဲတွေမှာ ပြန်လည်ဆုံတွေနိုင်ဖို့ မျှော်လင့်ရင်း ...

--
ခင်မင်လေးစားစွာဖြင့်
ချမ်းမြစိုး

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

Mandalay Bloggers Feeds Network

အကြောင်းအရာ Mandalay Bloggers Feeds Network တည်ထောင်ရန် ရည်ရွယ်ချက် ပြည်တွင်းရှိ မန္တလေး Blogger များ နှင့် ပြည်ပရောက် မန္တလေး Blogger များ၏ သတင်းအချက်အလက်များ ဖန်တီးမှုများကို တစ်နေရာတည်းတွင် စုံစုံလင်လင် ဖတ်ရှူ့ လေ့လာနိုင်ရန်။ အထက်ပါအကြောင်းအရာနှင့် ပက်သက်၍ မန္တလေး Blogger များအားလုံးကို စည်းစည်းလုံးလုံးနှင့် Feeds Network မှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ကျွန်တော်သိသော မန္တလေး Blogger များ၏ စာရင်းကို ဖော်ပြလိုက်ပါတယ်။ အောက်ဖော်ပြပါ Blogger များအပြင် ကျွန်တော်မသိသေးသော မန္တလေး Blogger များကိုလည်း ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။ ပါဝင်နိုင်ရန်အတွက် ဒီပို့စ်မှာ Comment ပေး၍သော်လည်းကောင်း chanmyasoe@gmail.com နှင့် myochauhtun@gmail.com သို့ email ပေးပို့၍သော်လည်းကောင်း ဆက်သွယ် ပါဝင်နိုင်ပါတယ်။ Blogger တွေအားလုံးရဲ့အတူပြုချက်ကိုရယူပါမယ်။ ဒါကြောင့် ပါဝင်ချင်တဲ့ ဆန္ဒရှိသူတိုင်းရဲ့ Comment ဒါမှမဟုတ် email ကို စောင့်ပါမယ် ။ သုံးရက်မြောက်လို့မှ Comment ရော email ရော မလာလည်း ... List မှာထည့်ပြီးသားပဲဗျာ ( မှတ်ချက် - ဘာအကြောင်းပြချက်မှ လက်မခံ :D ) တကယ် ပါဝင်စေချင်တဲ့အတွက်ပါ :) မပါဝင်လိုသော ကန့်ကွက်လိုသော Blo...