သီတင်းကျွတ်ပြီ။ မြန်မာပြည်မှာတော့ သီတင်းကျွတ်မီးထွန်းကြ၊ ပျော်ကြရွှင်ကြနဲ့ အဝေးရောက်နေသူတွေအဖို့ အရမ်းကို လွမ်းမောဖွယ်ကောင်းလှပါတယ်။ မြန်မာပြည်သီတင်းကျွတ်ကို အရမ်းသတိရတယ်ဗျာ။ ကျွန်တော့်လိုပဲ သီတင်းကျွတ်ညလေးတွေကို အဝေးတစ်နေရာကနေသတိရနေတဲ့ သူငယ်ချင်းများကို သတင်းကောင်းလေးတစ်ခု ပေးပါရစေခင်ဗျာ။ အင်္ဂလန်နိုင်ငံရောက် FFB အဖွဲ့သားများစီစဉ်သော သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို လန်ဒန်မြို့ St Agnes Centre ( Cricklewood ) မှာ အောက်တိုဘာ ၃၁ ရက်ည (ညနေ ၃နာရီခွဲမှ ည ၈ နာရီအတွင်း) မှာပြုလုပ်ကျင်းပမှာဖြစ်ပါတယ်။ သီတင်းကျွတ် ဈေးရောင်းပွဲတော်တွင် မြန်မာစာကောင်းကောင်းလေးတွေကို စားချင်ပါတယ်ဆိုတဲ့သူများ အတွက် အောက်ပါအစားအသောက်များကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။
- ဂျင်းသုပ် ၊ လက်ဖက်သုပ်
- မုန့်ဟင်းခါး
- ကတ်ကြေးကိုက်
- ကော်ပြန့်စိမ်း
- ကျောက်ကြော ၊ ဆနွင်းမကင်း- နန်းကြီးသုပ်
- ၀က်သားတုတ်ထိုး
- ပဲပြုတ်
- ကြာဇံချက်
- အသုပ်စုံ
- ဒန်ပေါက်
- Soft Drink / Beer နှင့်
မြန်မာ့ရိုးရာ မုန့်မျိုးစုံဖြစ်ပါတယ်။ ထို့အပြင် သီချင်းဆိုဝါသနာပါသူများ အတွက် Karaoke သီချင်းဆိုပြိုင်ပွဲလေးကိုထည့်သွင်းပေးထားပါတယ်။ မြန်မာ့ရိုးရာ အစားအသောက်များကိုစားသုံးရင်း ကျွန်တော်တို့ရဲ့ အဝေးရောက်သီတင်းကျွတ်ညလေးအတူ ဖြတ်သန်းကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။
စားချင်စရာပဲ.. ပျော်စရာလည်းကောင်းမှာပဲ..
ReplyDeleteလာရောက်သုံးဆောင်ဖို့ ဖိတ်ခေါ်ပါတယ် :)
ReplyDelete