18 Sep 2010
ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် မီးထွန်းဆုတောင်းပွဲ
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် စစ်အစိုးရ၏အကြမ်းဖက်နှိမ်နှင်းမှုကြောင့် အသက်ပေးသွားရရှာသော ရဟန်းရှင်လူကျောင်းသားပြည်သူ များအားရည်စူး၍ အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားများမှဦးဆောင်ပြီး မီးထွန်းဆုတောင်းပွဲကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည် မီးထွန်းဆုတောင်းပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားလူငယ်မောင်မယ်များ နှင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများအနေဖြင့် တတပ်တအားပါဝင်တက်ရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
နေ့ရက် : 19th September 2010 ( Sunday )
အချိန် : ည (၇) နာရီ မှ (10) နာရီ အထိ
နေရာ : Trafalgar Square , London ( In front of The National Gallery )
--
အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားများ
Update : 20.9.2010
ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် မီးထွန်းဆုတောင်းပွဲတွင် ဝင်ရောက်အားပေးပါဝင်ခဲ့ကြသော ညီအစ်ကိုမောင်နှမများနှင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများကို အထူးကျေးဇူးတင်ရှိပါသည်။
14 Sep 2010
Do Not Vote - Junta's 2010 Election in Burma
ဒီ Video လေးကို ကိုယ့်မိတ်ဆွေသူငယ်ချင်း ငါးယောက်ကို အနည်းဆုံး ပြန်လည် sharing လုပ်ပေးစေလိုပါတယ်။ မိမိရဲ့ Facebook မှာဖြစ်စေ။ Video Link ကို Gtalk, MSN, Yahoo Messenger status တွေမှာဖြစ်စေ ပြန်လည်ပြီး မျှဝေပေးစေလိုပါတယ်။ Sharing is Caring!
အမိမြေလွတ်လပ်ဖို့ ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါစို့။
11 Sep 2010
နောက်တန်းမှုးကြီးသို့ ...
ဒီနေ့တို့တွေရဲ့ နောက်တန်းမှုးကြီးကျဆုံးတာ သုံးနှစ်ပြည့်တဲ့နေ့
အချိန်တွေသာ ကုန်လွန်ခဲ့ပေမဲ့
ဆေးရုံပေါ်မှာ နောက်ဆုံးတိုက်ပွဲဝင်နေတဲ့ သဏ္ဍာန်တွေက မေ့ပျောက်လို့မရနိုင်ခဲ့
ဘဝတစ်လျောက်လုံး သူတစ်ပါးကိုသာ ဖြည့်ဆည်းပေးဖို့ လူဖြစ်လာရသလို
အစစအရာရာ ဖြည့်ဆည်းပေးခဲ့တဲ့ ကျေးဇူးတွေဟာ ကြီးမားလှတယ်
တစ်ပါးသူအတွက် အနစ်နာခံရင်း ...
ကိုယ့်အသက်မွေးဝမ်းကျောင်းမှုကိုလည်း သိက္ခာရှိရှိ အောင်မြင်စွာတည်ဆောက်နိုင်ခဲ့တာက လေးစားအတုယူစရာ
ဘဝရဲ့နောက်ဆုံးနှစ်တွေမှာ ချစ်ခင်ရသူတွေက အနီးမှာအမြဲရှိမနေနိုင်ခဲ့
ရှေ့တန်းအဝေးတစ်နေရာဆီမှာ တိုင်ပွဲဝင်နေခဲ့ကြရတာကို နောက်တန်းက အမြဲတန်းပံ့ပိုး အမြဲတမ်းစောင့်လျောက်ပေးခဲ့သူ
တပ်ထွက်တို့ဖေဖေက တို့တွေရှေ့တန်းမှာ တိုက်ပွဲဝင်နေရပေမဲ့ ...
ကျန်းမာရေးကျတော့ နောက်တန်းကလူအတွက် အမြဲစိတ်ပူနေရတယ်လို့ ပြောနေကျ
အချိန်တန်ရင် လူတိုင်းသွားရမည့်လမ်းပါပဲ ဒါပေမဲ့ စောသေးတယ်လို့ထင်မိတယ်
သူတစ်ပါးအတွက် ပံ့ပိုးရတာတွေများလို့ပဲ စောစောအနားယူသွားရတာလား တွေးမိတယ်
ဘာပဲဖြစ်ဖြစ် ချစ်တဲ့ခင်တဲ့သူတွေကတော့ တစ်ရက်မှ မေ့မရတာအမှန်ပါ
ပြုသောကောင်းမှုများကိုလည်း ဝမ်းသာစွာ သာဓုခေါ်ပါ
အသက်ရှင်နေသရွေ့တော့ နေ့စဉ်နဲ့အမျှ လွမ်းဆွတ်နေရဦးမှာပါ
ရှေ့တန်းက လူတွေကတော့ ဘယ်တော့မှပြီးဆုံးမယ်မသိတဲ့ တိုက်ပွဲတွေ ဝင်နေရဆဲ
Tweet
အချိန်တွေသာ ကုန်လွန်ခဲ့ပေမဲ့
ဆေးရုံပေါ်မှာ နောက်ဆုံးတိုက်ပွဲဝင်နေတဲ့ သဏ္ဍာန်တွေက မေ့ပျောက်လို့မရနိုင်ခဲ့
ဘဝတစ်လျောက်လုံး သူတစ်ပါးကိုသာ ဖြည့်ဆည်းပေးဖို့ လူဖြစ်လာရသလို
အစစအရာရာ ဖြည့်ဆည်းပေးခဲ့တဲ့ ကျေးဇူးတွေဟာ ကြီးမားလှတယ်
တစ်ပါးသူအတွက် အနစ်နာခံရင်း ...
ကိုယ့်အသက်မွေးဝမ်းကျောင်းမှုကိုလည်း သိက္ခာရှိရှိ အောင်မြင်စွာတည်ဆောက်နိုင်ခဲ့တာက လေးစားအတုယူစရာ
ဘဝရဲ့နောက်ဆုံးနှစ်တွေမှာ ချစ်ခင်ရသူတွေက အနီးမှာအမြဲရှိမနေနိုင်ခဲ့
ရှေ့တန်းအဝေးတစ်နေရာဆီမှာ တိုင်ပွဲဝင်နေခဲ့ကြရတာကို နောက်တန်းက အမြဲတန်းပံ့ပိုး အမြဲတမ်းစောင့်လျောက်ပေးခဲ့သူ
တပ်ထွက်တို့ဖေဖေက တို့တွေရှေ့တန်းမှာ တိုက်ပွဲဝင်နေရပေမဲ့ ...
ကျန်းမာရေးကျတော့ နောက်တန်းကလူအတွက် အမြဲစိတ်ပူနေရတယ်လို့ ပြောနေကျ
အချိန်တန်ရင် လူတိုင်းသွားရမည့်လမ်းပါပဲ ဒါပေမဲ့ စောသေးတယ်လို့ထင်မိတယ်
သူတစ်ပါးအတွက် ပံ့ပိုးရတာတွေများလို့ပဲ စောစောအနားယူသွားရတာလား တွေးမိတယ်
ဘာပဲဖြစ်ဖြစ် ချစ်တဲ့ခင်တဲ့သူတွေကတော့ တစ်ရက်မှ မေ့မရတာအမှန်ပါ
ပြုသောကောင်းမှုများကိုလည်း ဝမ်းသာစွာ သာဓုခေါ်ပါ
အသက်ရှင်နေသရွေ့တော့ နေ့စဉ်နဲ့အမျှ လွမ်းဆွတ်နေရဦးမှာပါ
ရှေ့တန်းက လူတွေကတော့ ဘယ်တော့မှပြီးဆုံးမယ်မသိတဲ့ တိုက်ပွဲတွေ ဝင်နေရဆဲ
Labels:
remembrance,
နောက်တန်းမှုးကြီးသို့
10 Sep 2010
အစိုးရလုပ်မှ ပြည်သူတွေ ထောင်လုံးလုံးကျတော့တာပဲ
ဒီကနေ့ မြန်မာပြည်ကို အုပ်ချုပ်နေတဲ့အစိုးရဟာ ဘယ်လိုအစိုးရလဲဆိုတော့ အစိုးရလုပ်မှ ပြည်သူတွေ ထောင်လုံးလုံးကျတော့တာပဲ။ စဉ်းစားကြည့် ဘယ်လောက်ကောင်းလဲဆိုတာ။ အစိုးရလုပ်မှ ပြည်သူတွေမွဲတေ၊ စာရိတ္တပျက်၊ တိုင်းရင်းသားတွေ စိတ်ဝမ်းကွဲရတော့တာပဲ။ ကောင်းရော။
Labels:
2010 Election,
2010 Election Burma
8 Sep 2010
အာရုဏ်ဦးမှာ ရှော့ရှိတယ်
သမိုင်းကြောင်းပြောင်းပြန်လိမ်ရိုက်ကူးထားတဲ့ စစ်အစိုးရမဲဆွယ်စည်းရုံးရေးဇာတ်ကားဖြစ်တဲ့ အာရုဏ်ဦးမှာ ဖူးသည့်ကြာဇာတ်ကားကို သမိုင်းမှန်ဖြင့်ချေပရိုက်ကူးထားတဲ့ "အာရုဏ်ဦးမှာ ရှော့ရှိတယ်" အမည်ရတဲ့ ဇာတ်ကားကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ BDC (Burma Democratic Concern) မှ စတင်ရိုက်ကူးနေပြီး မကြာမီအချိန်အတွင်းမှာ ဖြန့်ချီသွားမှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။
Burma Democratic Concern (BDC) today releases the Burmese video trailer, "Ar-Yone-Oo-Mar SHOCK Shi-Tae" (Sunrise Shock).မြန်မာ့လူငယ်မျိုးဆက်သစ်တွေအတွက် ဒီဇာတ်ကားလေးဟာ တကယ့်ကို အရေးပါမှာဖြစ်ပါတယ်။ အားလုံးပဲစောင့်မျှော်ကြည့်ရှူ့ကြပါစို့လားခင်ဗျာ။
We are humbled to present the preview of our work, "Ar-Yone-Oo-Mar SHOCK Shi-Tae" (Sunrise Shock) video which is the collective efforts of the Burma democratic activists from UK. We hope that this piece could be one of the corner stones when we could write the true Burma history.
We will share the video with all the democratic activists and organizations around the world as well as people inside Burma so that we can have the opportunity to see two different perspectives compare with junta's propaganda video, Ar-Yone-Oo-Mar-Phu-Tae-Kyar which is full of wrong and misleading information.
We are well aware of the challenges ahead trying to distribute our video inside Burma but we will use the modern internet technology believing that it could help us promoting the good news inside Burma.
Please see the link at http://www.youtube.com/watch?v=biRw3hIyyFE
For more information please contact Burma Democratic Concern (BDC) http://www.bdcburma.org
Thank you very much for your unwavering support.
Best regards,
Myo Thein
ပဲခူးမြို့တွင်စစ်တပ်မှ အပြစ်မဲ့ပြည်သူနှစ်ဦးကို ဥပဒေမဲ့ရက်ရက်စက်စက်ကျူးလွန်ခဲ့တဲ့လုပ်ရပ်များကို ကန့်ကွက်ဆန္ဒပြခြင်း
ပဲခူးမြို့ ခလရ ၅၉ တပ်သားများနှင့် မြို့ခံလူငယ်များ ခိုက်ရန်ဖြစ်ပွားမှုတွင် စစ်တပ်ဘက်က ပစ်ခတ်ဖြေရှင်းခဲ့ရာ ၂၃ နှစ်အရွယ် မောင်အောင်သူဟိန်းနှင့် ၁၈ နှစ်အရွယ် မောင်စိုးပိုင်ဇော်တို့ ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ထိုသေဆုံသူများ၏ရုပ်အလောင်းများကိုလည်း စစ်တပ်မှအတင်းအကျပ်ဦးစီးပြီးမီးသဂြိုလ်ခဲ့ပါသည်။ ထိုဖြစ်ရပ်များအပေါ်စစ်အစိုးရအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ပေးရန် ၊ နောက်နောင် အလားတူ ကိစ္စမျိုးတွေ မပေါ်ပေါက်အောင် ထိန်းသိမ်းဆောင်ရွက်ပေးရန် နှင့် အပြစ်မဲ့ပြည်သူများကို ဥပဒေမဲ့ရက်စက်စက်ကျူးလွန်ခဲ့တဲ့လုပ်ရပ်များကို အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသား များကဦးဆောင်၍ဆန္ဒပြကန့်ကွက်မည်ဖြစ်ပါသည်။
ဆန္ဒပြကန့်ကွက်ပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် အင်္ဂလန်နိုင်ငံရှိ မျိုးချစ်မြန်မာကျောင်းသားလူငယ်မောင်မယ်များနှင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများအနေဖြင့် တတပ်တအားပါဝင်တက်ရောက်ကြပါရန်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
နေ့ရက် : 9 September 2010
အချိန် : နေ့လည် (၁၂)နာရီ မှ (၁)နာရီအထိ
နေရာ : In front of Burmese Embassy (19A, Charles Street, London W1J 5DX)
အင်္ဂလန်ရောက် မျိုးချစ်မြန်မာကျောင်းသားများ
Labels:
Burmese Events in London,
demonstration
Subscribe to:
Posts (Atom)