Skip to main content

အာရုဏ်ဦးမှာ ရှော့ရှိတယ်

သမိုင်းကြောင်းပြောင်းပြန်လိမ်ရိုက်ကူးထားတဲ့ စစ်အစိုးရမဲဆွယ်စည်းရုံးရေးဇာတ်ကားဖြစ်တဲ့ အာရုဏ်ဦးမှာ ဖူးသည့်ကြာဇာတ်ကားကို သမိုင်းမှန်ဖြင့်ချေပရိုက်ကူးထားတဲ့ "အာရုဏ်ဦးမှာ ရှော့ရှိတယ်" အမည်ရတဲ့ ဇာတ်ကားကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ BDC (Burma Democratic Concern) မှ စတင်ရိုက်ကူးနေပြီး မကြာမီအချိန်အတွင်းမှာ ဖြန့်ချီသွားမှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။


Burma Democratic Concern (BDC) today releases the Burmese video trailer, "Ar-Yone-Oo-Mar SHOCK Shi-Tae" (Sunrise Shock).

We are humbled to present the preview of our work, "Ar-Yone-Oo-Mar SHOCK Shi-Tae" (Sunrise Shock) video which is the collective efforts of the Burma democratic activists from UK. We hope that this piece could be one of the corner stones when we could write the true Burma history.

We will share the video with all the democratic activists and organizations around the world as well as people inside Burma so that we can have the opportunity to see two different perspectives compare with junta's propaganda video, Ar-Yone-Oo-Mar-Phu-Tae-Kyar which is full of wrong and misleading information.

We are well aware of the challenges ahead trying to distribute our video inside Burma but we will use the modern internet technology believing that it could help us promoting the good news inside Burma.

Please see the link at http://www.youtube.com/watch?v=biRw3hIyyFE

For more information please contact Burma Democratic Concern (BDC) http://www.bdcburma.org

Thank you very much for your unwavering support.

Best regards,

Myo Thein
မြန်မာ့လူငယ်မျိုးဆက်သစ်တွေအတွက် ဒီဇာတ်ကားလေးဟာ တကယ့်ကို အရေးပါမှာဖြစ်ပါတယ်။ အားလုံးပဲစောင့်မျှော်ကြည့်ရှူ့ကြပါစို့လားခင်ဗျာ။

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။