11 Sep 2010

နောက်တန်းမှုးကြီးသို့ ...

ဒီနေ့တို့တွေရဲ့ နောက်တန်းမှုးကြီးကျဆုံးတာ သုံးနှစ်ပြည့်တဲ့နေ့
အချိန်တွေသာ ကုန်လွန်ခဲ့ပေမဲ့
ဆေးရုံပေါ်မှာ နောက်ဆုံးတိုက်ပွဲဝင်နေတဲ့ သဏ္ဍာန်တွေက မေ့ပျောက်လို့မရနိုင်ခဲ့
ဘဝတစ်လျောက်လုံး သူတစ်ပါးကိုသာ ဖြည့်ဆည်းပေးဖို့ လူဖြစ်လာရသလို
အစစအရာရာ ဖြည့်ဆည်းပေးခဲ့တဲ့ ကျေးဇူးတွေဟာ ကြီးမားလှတယ်
တစ်ပါးသူအတွက် အနစ်နာခံရင်း ...
ကိုယ့်အသက်မွေးဝမ်းကျောင်းမှုကိုလည်း သိက္ခာရှိရှိ အောင်မြင်စွာတည်ဆောက်နိုင်ခဲ့တာက လေးစားအတုယူစရာ
ဘဝရဲ့နောက်ဆုံးနှစ်တွေမှာ ချစ်ခင်ရသူတွေက အနီးမှာအမြဲရှိမနေနိုင်ခဲ့
ရှေ့တန်းအဝေးတစ်နေရာဆီမှာ တိုင်ပွဲဝင်နေခဲ့ကြရတာကို နောက်တန်းက အမြဲတန်းပံ့ပိုး အမြဲတမ်းစောင့်လျောက်ပေးခဲ့သူ
တပ်ထွက်တို့ဖေဖေက တို့တွေရှေ့တန်းမှာ တိုက်ပွဲဝင်နေရပေမဲ့ ...
ကျန်းမာရေးကျတော့ နောက်တန်းကလူအတွက် အမြဲစိတ်ပူနေရတယ်လို့ ပြောနေကျ
အချိန်တန်ရင် လူတိုင်းသွားရမည့်လမ်းပါပဲ ဒါပေမဲ့ စောသေးတယ်လို့ထင်မိတယ်
သူတစ်ပါးအတွက် ပံ့ပိုးရတာတွေများလို့ပဲ စောစောအနားယူသွားရတာလား တွေးမိတယ်
ဘာပဲဖြစ်ဖြစ် ချစ်တဲ့ခင်တဲ့သူတွေကတော့ တစ်ရက်မှ မေ့မရတာအမှန်ပါ
ပြုသောကောင်းမှုများကိုလည်း ဝမ်းသာစွာ သာဓုခေါ်ပါ
အသက်ရှင်နေသရွေ့တော့ နေ့စဉ်နဲ့အမျှ လွမ်းဆွတ်နေရဦးမှာပါ
ရှေ့တန်းက လူတွေကတော့ ဘယ်တော့မှပြီးဆုံးမယ်မသိတဲ့ တိုက်ပွဲတွေ ဝင်နေရဆဲ

No comments:

Post a Comment

Thanks for your comment.