Skip to main content

မြန်မာလူငယ်အသင်း (ယူကေ) ၏ နှစ်နှစ်ပြည့် ရံပုံငွေ ဈေးရောင်းပွဲတော် ကျင်းပမည်


အားလုံးသော မိဘပည်သူအပေါင်းတို့ကို မင်္ဂလာပါ လို့ ကျွန်တော်များ မြန်မာလူငယ်အသင်း - ယူကေ ( BYA-UK) မှ နုတ်ခွန်းဆက်သလိုက် ပါတယ်ခင်ဗျာ။

မိဘပြည်သူတို့ ရဲ့  မွန်မြတ်လှသော စိတ်ထား၊ ရက်ရောလှသော သဒ္ဒါ တရားတို့ နှင့် အတူ ပြည်မြန်မာ သာယာဝပြော ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းလှူဒါန်း ကူညီမှုကြောင့်ကျွန်တော်တို့ မြန်မာလူငယ် အသင်း - ယူကေ ( BYA-UK) အဖြစ်ရပ်တည်လာ တာ၂နှစ်တိုင်ခဲ့ ပါပြီ။

အမိမြန်မာနိုင်ငံအတွင်းရှိ မိဘမဲ့ကလေးငယ်များနှင့် ဆင်းရဲနွမ်းပါးသော ကလေးငယ်များအတွက် လိုအပ်သော ပညာရေး၊ကျန်းမာရေး ဆိုင်ရာ အခြေခံလိုအပ်ချက်များကို ကူညီထောက်ပံ့နိုင်ရန်အတွက် ကျွန်တော်များ BURMESE YOUTH ASSOCIATION ( BYA-UK ) မှ ကြိုးပမ်းဆောင် ရွက် လျက် ရှိပါသည်။

BYA-UK မှ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းစဉ်များမှာ

၁။ ချို့ တဲ့ကလေးငယ်များအတွက် ပညာရေးစရိတ် ထောက်ပံ့မှု
၂။ ဓမ္မပါရဂူဆေးခန်းရဲ့  အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု အတွက် လစဉ်လှူဒါန်းမှု
၃။ မျက်စိဝေဒနာရှင်များအတွက် အသေးစားခွဲစိတ်မှု
၎။ မရှိမဖြစ် လိုအပ်လှသော သောက်သုံးရေအတွက် အဝီဝိတွင်း လှူဒါန်းမှု
စသည့်တို့ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ များပြားလှသော လိုအပ်ချက်များကို ဆက်လက် ကူညီပံ့ပိုးနိုင်ရန် အတွက် BYA-UK မှဦးဆောင်၍ Fund Raising (Buffet) ဈေးရောင်းပွဲတော်ကို သူငယ်ချင်းတို့အနေဖြင့် ကုသိုလ်လည်းရ ၀မ်းလည်းဝဆိုသည့်အတိုင်း လက်မှတ်တစ်ဆောင်ကို £8 နှုန်းဖြင့် ကြိုတင် ဝယ်ယူအားပေးပံ့ပိုး ကူညီပေးကြပါလို့  တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ရရှိနိုင်သော အစားအစာများမှာ

၁။ ဒံပေါက်
၂။ မုန့် ဟင်းခါး
၃။ အုန်းနို့ ခေါက်ဆွဲ
၎။ ရခိုင်မုန့် တီ
၅။ ခေါက်ဆွဲ ကြော်
၆။ ကြာဇံကြော်
၇။ မြိတ်ကက်ကြေးကိုက်
၈။ ရူးရှဲသုပ်
၉။ ဝက်ခေါင်းသုပ်
၁၀။ အသုပ်စုံ
၁၁။ ကော်ပြန့် စိမ်း
၁၂။ ကြက်သားပလာတာ
၁၃။ ရွှေညောင်ပင် ကြက်သားသုပ်
၁၄။ ပူတင်း
၁၅။ မုန့် ကြာစေ့
၁၆။ ရွှေကြည်
၁၇။ ငှက်ပျောပေါင်း
၁၈။ ကျောက်ကျော နှင့် အတူ မြန်မာရိုးရာ ထမင်းဟင်းစုံလင်စွာ မိမိကြိုက် နှစ်သက်ရာ အစာအစာများကို စိတ်ကြိုက်စားသုံးနိုင်ပါသည်။

ဖျော်ဖြေရေးအစီအစဉ်တွင် .... ရွှေတံဆိပ်(၁၉)ဆုရနိုင်ငံကျော် သီရိမောင်မောင် မင်္ဂလာဆိုင်းအဖွဲ့ နှင့် london ရောက် မြန်မာ လူငယ်မောင်မယ် များ၏ တေးသံသာများ၊ အကအလှ များနှင့် ကလေးကစားနည်းများ စုံလင်စွာ တင်ဆက်သွား မည်ဖြစ်ပါသည်။

မြန်မာ့ ယဉ်ကျေးမှု့ အမှတ်တရ လက်ဆောင် များကိုလည်းရောင်းချသွား မည်ဖြစ် ပါသည်။ ( ရုပ်သေးရုပ် ၊ မြန်မာ အဝတ်အထည်များ )

Ticket တစ်စောင်ကို £8 နှုန်းဖြင့် နီးစပ်ရာ BYA-UK အဖွဲ့ ဝင်များထံတွင် ဝယ်ယူရရှိနိုင် ပါတယ်ခင်ဗျာ။

Venue  
St Agnes Church, 35 Cricklewood Lane, London, NW2 1HR 

Time
3pm to 9pm 

ကိုဇာနည် ph. 07576607122
ကိုညီညီ ph. 07805434919
ကိုဗေလီ ph. 07853115086
ကိုပြည့်စုံ ph. 07908077006
ကိုအာကာမျိုး ph. 07745885770
ကိုကျော်ဇေလတ် ph. 07738179903
ကိုလျှန်ထက်ဇော် ph. 07889380910
ကိုခိုင်လင်း ph. 07848822593
ကိုစည်သူ ph. 07429817176

အမှုဆောင်အဖွဲ့ ( BYA-UK )
www.byauk.org
Via : facebook event

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS