Skip to main content

လန်ဒန်ရဲ့ သီတင်းကျွတ်လပြည့်ညကို ခံစားကြည့်ခြင်း

Full Moon 30.Oct.2012

Full Moon on 30.Oct.2012

ဒီနှစ် လန်ဒန်ရဲ့ သီတင်းကျွတ်ညဟာ အေးစက်စက်နဲ့ တိတ်ဆိတ်လွန်းတယ်ဗျာ။ မြန်မာပြည်မှာလို ဗျောက်အိုး၊ မီးရှူးတွေဖေါက်ပြီး ဆူညံမနေဘူး။ ကျွန်တော်တို့ အဝေးရောက် ရွှေမြန်မာတွေအတွက်တော့ မြန်မာပြည်ကို အလွမ်းဆုံးအချိန်ပေါ့ဗျာ။ လူကြီးမိဘတွေကိုလည်း စိတ်ထဲကပဲရည်မှန်းပြီးကတော့၊ သတိတရနဲ့ ဖုန်းတွေဆက် ဒါတွေပဲ လုပ်နိုင်တယ်။ ဒါ့ကြောင့် စိတ်ထဲမှာ စဉ်းစားမိတယ်။ မြန်မာပြည် ပြန်လည်မယ်ဆိုရင် အကောင်းဆုံးအချိန်ဟာ သီတင်းကျွတ်ပဲလို့။ ပြန်ဆုံကြတာပေါ့ အမိမြေက သီတင်းကျွတ်ကာလတွေရယ် ... ။

Comments

Popular posts from this blog

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက်

ငါသာလျှင်တော် သူမတော်ရ
လူတော်ထင်မှာ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့်
နစ်လျှက်နေပါတို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့်
အထင်လွဲပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

သူ့ကိုငါညှိုး ငါ့သူညှိုးနှင့်
အညှိုးကြီးပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

ငြီး၍မပြီး ညူမပြီးဘူး
အပြီးတကာ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့
နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့

ဆရာကြီး မင်းသုဝဏ်


eBook : သီပေါမင်းပါတော်မူ အရေးတော်ပုံ - အမျိုးသားပညာဝန် ဦးဖိုးကျား

Download
သီပေါမင်းပါတော်မမူမီနှင့် ပါတော်မူပြီးခါစ နိုင်ငံအခြေအနေ ... ပါတော်မူရခြင်း အကြောင်းအရင်းတို့ကို နိုင်ငံခြားသားတို့က မဟုတ်မမှန် ဖော်ပြရေးသားထားမှုများအား အမျိုးသားပညာဝန် ဦးဖိုးကျားက တုံ့ပြန်ချေပထားသော စာအုပ်