Skip to main content

Sharing: လူထုဒေါ်အမာ မကွယ်လွန်မီ ၈ လ အလိုက ပြောခဲ့တဲ့စကား

ဒို့ ဗမာပြည်မှာ လက်ရှိ ဒီ အုပ်ချုပ်ရေးမျိုးနဲ့ တသက်လုံး မသွားနိုင်ဘူး။ သွားလို့ရမှာ မဟုတ်ဘူး။ ဒီ ဗမာပြည်ကြီးက အင်္ဂလိပ် ဗြိတိသျှလက်အောက်၊ ဂျပန်လက်အောက်တွေမှာလည်း ကျွန်ခံခဲ့ဖူးတယ်။ ဖ.ဆ.ပ.လ တို့၊ မ.ဆ.ပ.လ တို့လို အုပ်ချုပ်ရေးတွေလည်း ရင်ဆိုင်ခဲ့ရဖူးတယ်။ အဲဒီခေတ်အဆက်ဆက် အုပ်ချုပ်သူတွေဟာ သူတို့ ခိုင်မြဲတယ်ဆိုသလောက်၊ ဒီမိုကရေစီ ပေးခဲ့ကြတယ်။ ဥပမာ ... အင်္ဂလိပ်တွေဟာ သူတို့ခိုင်မြဲတယ် ထင်သလောက် ၆၀ ကျပ်သား၊ ၇၀ ကျပ်သား ပေးခဲ့တယ်။ အဲဒါကြောင့် ဒီမိုကရေစီရဲ့ အရသာ ဘယ်လောက်ပေးရင် ဘယ်လောက်ခံစားရတယ်ဆိုတာကို သိလာခဲ့တယ်။ သိလာတော့ တိုးရအောင်လည်း ဒီမိုကရေစီ လမ်းကြောင်းပေါ်က တိုက်ယူတတ်ခဲ့တယ်။ အခုလို ဘယ်လောက်သားမှ မပေးခဲ့ဘဲ ဖိနှိပ်တာမျိုးကိုတော့လည်း အကြာကြီး ခံနိုင်ကြမှာ မဟုတ်ဘူး။

ဒို့မှာ ၁၉၈၈ ခု အရေးတော်ပုံအတွေ့အကြုံမျိုးကလည်း ရသင့်သလောက် ရခဲ့တယ်။ တန်ဖိုးရှိ အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကောင်းတွေလည်း ထွက်ပေါ်လာခဲ့တယ်။ အဲဒါကြောင့် ဒီအုပ်ချုပ်ရေးမျိုးက အတိုင်းအတာ တခုအထိသာ ခံလိမ့်မယ်။ အတိုင်းအတာမရှိ ခံနေလိမ့်မယ်လို့ မထင်နဲ့။

လက်ရှိ ဒီကမ္ဘာကြီးကလည်း လုံးလုံး ပိတ်ဆို့ထားလို့ ရတာတော့ မဟုတ်ဘူး။ ဆက်သွယ်ရေး သတင်းနည်းပညာခေတ်ကြီးထဲကို ရောက်လို့နေပြီ။ ကမ္ဘာကြီးထဲက နိုင်ငံအသီးသီးမှာ ဒီနိုင်ငံလို ဒီမိုကရေစီ မရှိတဲ့ နိုင်ငံဆိုတာက လက်ချိုးရေလို့ရတယ်။ ကမ္ဘာ့လူသားတွေကလည်း အဲဒီနိုင်ငံမျိုးကို မျက်လုံးဒေါက်ထောက် ကြည့်နေကြတယ်။
အထက်ဖော်ပြပါ စာသားဟာ ယနေ့မြန်မာသတင်းဌာန အဖွဲ့သားတစ်ဦးဖြစ်တဲ့ ကိုညို့ထံကို ၂၀၀၉ နိုဝင်ဘာလ ၂၈ ရက်နေ့က ရောက်ရှိခဲ့တဲ့ ၂၀၀၇ သြဂုတ်လ ၆ ရက်နေ့၊ လူထုဒေါ်အမာ မကွယ်လွန်မီ ၈ လ အလိုက ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။ လူထုဒေါ်အမာဟာ ၂၀၀၈ ခု ဧပြီလ ၇ ရက်နေ့မနက်က မန္တလေးမြို့တွင် ကွယ်လွန်သွားခဲ့ပါတယ်။ လူထုဒေါ်အမာကို အဖဦးထင်၊ အမိ ဒေါ်စုတို့က ၁၉၁၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့မှာ မန္တလေးမြို့တွင် မွေးဖွားခဲ့ပြီး ယခု သက်ရှိထင်ရှားရှိမယ်ဆိုရင် ၂၀၀၉ နိုဝင်ဘာ ၂၉ မှာ အသက် ၉၄ နှစ်ပြည့်ပြီးမှာဖြစ်ပါတယ်။

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS