Skip to main content

ရွှေမန်းနှစ်တစ်ရာ ခေတ်အခါ

သက္ကရာဇ် ၁၂၂၁ ခုနှစ်က အုတ်ကျစ်ကျော်အေး မန္တလေးလို့ စာဆိုရှိတဲ့ မန္တလေးရွှေမြို့တော်ကြီးဟာ ၁၃၇၁ ခုနှစ်မှာ နှစ်ပေါင်း ၁၅၀ သက်တမ်းသို့ ရောက်ရှိတော့မှာဖြစ်ပါတယ်။ အတိအကျပြောရမယ်ဆိုရင် ၂၀၀၉ ခုနှစ် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ပေါ့။ ထို့အတွက် ပြင်ဆင်ခြင်းနှင့် အတူ မန္တလေးအမှတ်တရ ဆောင်းပါးများ၊ ဓာတ်ပုံပြိုင်ပွဲများ၊ ရာပြည့်ပွဲတော်များကိုလည်း မန္တလေး ရွှေမြို့တော်ကြီးမှာ ကြိုတင်ပြင်ဆင်ကျင်းပနေကြပြီ ဖြစ်တယ်လို့လည်း ကြားသိရပါတယ်။

ဒီပုံကတော့ ယခုလက်ရှိ နှစ် ၁၅၀ ပြည့်အကြိုအတွက် ထုတ်ဝေထားတဲ့ ဆောင်းပါးပေါင်းချုပ်စာအုပ်၏ မျက်နှာဖုံးနှင့် နောက်ကျောဖုံး ပုံစံပါ။ လက်ရှိတော့ ကျွန်တော်မှာ မရှိသေးပါဘူး။ ရခဲ့လျှင်တော့ ပြန်လည်မျှဝေပေးသွားပါမယ်။

အလားတူစွာ မန္တလေး နှစ် ၁၀၀ ပြည့်ပွဲတော်တုန်းက ထုတ်ဝေခဲ့တဲ့ "ရွှေမန်းနှစ်တစ်ရာ ခေတ်အခါ" ဆိုတဲ့ အဖိုးတန် ရှေးဟောင်းဆောင်းပါးလေးကိုလည်း နှစ် ၁၅၀ ပြည့်တော့မည့် မန္တလေးကို ကြိုဆိုရင်း အမှတ်တရအဖြစ် မန္တလေးချစ်သူများသို့ မျှဝေလိုက်ရပါတယ်။ ဒီဆောင်းပါးလေးကို ပေးပို့တဲ့ ကိုဘိုဘိုလမ်းစဉ် ကိုလည်း ဒီနေရာမှတစ်ဆင့် ကျေးဇူးတင်ကြောင်း ပြောလိုက်ပါရစေ။


စကားအညွှန်း

ဤစာအုပ်ကို ထုတ်ဝေရခြင်းမှာ မန္တလေးမြို့၏ သို့မဟုတ် ကုန်းဘောင်မင်းဆက်၏ရာဇ၀င် နန်းတွင်းရေးရာ လွှတ်တော်နေ့စဉ်မှတ်တမ်း ရာဇသေ၀က အစရှိသော ရာဇ၀င်ကြီး ရာဇ၀င်ငယ်တို့ ရေးသားကြသော စာအုပ်များသည် အလွန်ပေါများလှပေသည်။ သို့သော် ခေတ်အလိုက် တန်ဘိုးကြီးမြင့်နေ၍ လူတိုင်း ၀ယ်ယူ မဖတ်ရှူ့နိုင်ကြပေ။ ဤ "ရွှေမန်းနှစ်တစ်ရာနှင့် ခေတ်အခါ" စာအုပ်သည် တန်ဖိုးနည်း အိုးကွဲမျိုးမဟုတ် အဖိုးနည်းနည်းနှင့် တာဝန်ကြီးစွာ ပါမည်ဖြစ်၍ အဖိုးနည်းဝန်ခါဟု ခေါ်လောက်အောင် ကျဉ်းကျဉ်းနှင့် ပြည့်စုံနိုင်သလောက် ပြည့်စုံအောင် ထည့်သွင်းဖော်ပြသွားရပေမည်။ သုတေသနာရှာမှီးသူနှင့် ကလေးသူငယ် စာတတ်များပင်လျှင် မုန့်ဘိုးမျှနှင့် ၀ယ်ယူနိုင်ပေသည်။ အချို့နေရာများတွင် သတ်ပုံကို မငဲ့ဘဲ ကာရန်နှင့် အသံ အဓိပ္ပာယ်ကို ရေးသားတွေ့ရှိပါက အပြစ်တင်ကင်းရန် ခွင့်ပြုပါမည့်အကြောင့် တောင်းပန်ပါသည်။

ဦးဘလွင်
လောကဓာတ်သိပ္ပံ နည်းပြဆရာ
အထက်ပါ စိတ်ဝင်စားဖွယ်ရာ ဆောင်းပါးလေးနှင့်အတူ မန္တလေးသတင်း၊ မန္တလေးရနံ့၊ မန္တလေးပုံရိပ်များ ရရှိခံစားနိုင်စေမည့် စိတ်ဝင်စားဖွယ်ရာ website အချို့ကိုလည်း ဆက်လက်မျှဝေလိုက်ရပါတယ်။

Our Mandalay

မန္တလေး နှစ် ၁၅၀ ပြည့်ကို ကြိုဆိုဂုဏ်ပြုပြီး တည်ဆောက်ထားတဲ့ အင်တာနက်စာမျက်နှာတစ်ခုဖြစ်ပြီး မန္တလေးသတင်းများ၊ ဆောင်းပါးများနှင့် ဓာတ်ပုံများကို လေ့လာကြည့်ရှူ့နိုင်ပါတယ်။


Golden City of Asia

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သတင်းအချက်အလက်ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အင်တာနက်စာမျက်နှာတစ်ခုဖြစ်ပြီး အချက်အလက်များ ပြည့်စုံစွာဖြင့် လမ်းညွှန်နိုင်သော အကိုးအကားဝက်ဘ်ဆိုက်ဒ်တစ်ခုအဖြစ် ရည်ရွယ်ဆောက်လုပ်ထားခြင်းဖြစ်ပြီး အပြည့်အစုံလွှင့်တင်မည့်ရက်ကို မကြာမီ ထုတ်ပြန်ကြေညာတော့မှာဖြစ်ပါတယ်။


မန္တလေးနေ့စဉ်သတင်းစာ

မန္တလေးသတင်းတွေကို အင်တာနက်စာမျက်နှာပေါ်မှာ အချိန်နှင့် တပြေးညီ ဖတ်ရှူ့နိုင်မည့် မန္တလေး နေ့စဉ်သတင်းစာ၏ အင်တာနက်စာမျက်နှာဖြစ်ပါတယ်။


မန္တလေး အထင်ကရ မဂ္ဂဇင်း

မန္တလေးနှင့် ပက်သက်သည့် သတင်းနှင့်ဆောင်းပါး၊ မန္တလေးနှင့်ပက်သက်သော ပုံရိပ်များကို ဝေေ၀ဆာဆာ ဖော်ပြပေးနေတဲ့ မဂ္ဂဇင်းတစ်ခုဖြစ်ပါတယ်။


ရွှေမန္တလေးဂျာနယ်

စမ်းသပ်နေဆဲကာလဖြစ်ပါတယ်။ မကြာမီမှာ ပြည့်ပြည့်စုံစုံ လွှင့်တင်သွားမယ်လို့ သိရပါတယ်။
မန္တလေးကိုချစ်သူ၊ မန္တလေးနှင့် ဝေးကွာနေသူများအတွက် အလွမ်းတွေဖြေသိမ့်နိုင်လိမ့်မည်ဟု မျှော်လင့်ရင်း နှစ် ၁၅၀ ပြည့်တော့မည့် မန္တလေးရွှေမြို့တော်ကြီးအတွက် ၀ိုင်းဝန်းကြိုးပန်းနေကြတဲ့ ညီအစ်ကိုမောင်နှများကို ဒီပို့စ်လေးနှင့် တစ်ဘက်တစ်လှမ်းမှ အားဖြည့်ကူညီလိုက်ရပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

Mandalay Bloggers Feeds Network

အကြောင်းအရာ Mandalay Bloggers Feeds Network တည်ထောင်ရန် ရည်ရွယ်ချက် ပြည်တွင်းရှိ မန္တလေး Blogger များ နှင့် ပြည်ပရောက် မန္တလေး Blogger များ၏ သတင်းအချက်အလက်များ ဖန်တီးမှုများကို တစ်နေရာတည်းတွင် စုံစုံလင်လင် ဖတ်ရှူ့ လေ့လာနိုင်ရန်။ အထက်ပါအကြောင်းအရာနှင့် ပက်သက်၍ မန္တလေး Blogger များအားလုံးကို စည်းစည်းလုံးလုံးနှင့် Feeds Network မှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ကျွန်တော်သိသော မန္တလေး Blogger များ၏ စာရင်းကို ဖော်ပြလိုက်ပါတယ်။ အောက်ဖော်ပြပါ Blogger များအပြင် ကျွန်တော်မသိသေးသော မန္တလေး Blogger များကိုလည်း ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။ ပါဝင်နိုင်ရန်အတွက် ဒီပို့စ်မှာ Comment ပေး၍သော်လည်းကောင်း chanmyasoe@gmail.com နှင့် myochauhtun@gmail.com သို့ email ပေးပို့၍သော်လည်းကောင်း ဆက်သွယ် ပါဝင်နိုင်ပါတယ်။ Blogger တွေအားလုံးရဲ့အတူပြုချက်ကိုရယူပါမယ်။ ဒါကြောင့် ပါဝင်ချင်တဲ့ ဆန္ဒရှိသူတိုင်းရဲ့ Comment ဒါမှမဟုတ် email ကို စောင့်ပါမယ် ။ သုံးရက်မြောက်လို့မှ Comment ရော email ရော မလာလည်း ... List မှာထည့်ပြီးသားပဲဗျာ ( မှတ်ချက် - ဘာအကြောင်းပြချက်မှ လက်မခံ :D ) တကယ် ပါဝင်စေချင်တဲ့အတွက်ပါ :) မပါဝင်လိုသော ကန့်ကွက်လိုသော Blo...