Many thanks. BYA, UK
မြန်မာနိုင်ငံအတွင်းရှိ မိဘမဲ့ကလေးငယ်များနှင့် ဆင်းရဲနွမ်းပါးသော ကလေးငယ်များအတွက် လိုအပ်သော ပညာရေးဆိုင်ရာ အခြေခံလိုအပ်ချက်များကို ကူညီထောက်ပံ့နိုင်ရန်အတွက် ကျွန်တော်များ BURMESE YOUTH ASSOCIATION ( BYA-UK ) မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ အခြေခံလိုအပ်ချက်ဖြစ်သော ကျောင်းသုံးစာအုပ်မှစ၍ ထိုင်ခုံနှင့် အမိုးအကာ၊ ဗဟုသုတ စုံလင်ပြည့်စုံစေရန် ကျောင်းစာကြည့်တိုက် အစရှိသည်တို့ကိုလည်း ဖြည့်တင်းဆောင်ရွက်ပေးခဲ့ပါသည်။ မရှိမဖြစ်လိုအပ်လှသည့် သောက်သုံးရေအတွက် ရေတွင်း(အ၀ီစိ) များကိုလည်း တူးဖော်ပေးခဲ့ပါသည်။ သို့ဖြစ်ပါ၍ များပြားလှသော လိုအပ်ချက်များကို ဆက်လက်ကူညီပံ့ပိုးနိုင်ရန်အတွက် BYA-UK မှဦးဆောင်၍ Fund Raising ဈေးရောင်းပွဲတော်ကို မိမိတို့ကြိုက်နှစ်သက်ရာ သီချင်းများကို ရင်ဖွင့်သီဆိုရင်း အစားအသောက်များကို မြိန်ယှက်စွာသုံးဆောင်ခြင်းဖြင့် ကုသိုလ်ပါဝင်နိုင်ရန် ကျင်းပမည်ဖြစ်ပါသည်။
နေရာ။ ။ St Agnes Church, 35 Cricklewood Lane, London, NW2 1HR
နေ့ရက်။ ။ JUNE 18 (SAT) 2011
အချိန်။ ။ 18:00 – 22:30
ရောင်းချမည့် စားသောက်ဖွယ်ရာများမှာ။ ။
မြောင်းမြမုန့်ဟင်းခါး
ရွှေညောင်ပင် ကြက်သားသုတ်
ပဲပြုတ်
ရှမ်းခေါက်ဆွဲ
အသုတ်စုံနှင့်ကော်ပြန့်
ဝက်ခေါင်းသုတ်
ဆီထမင်းနှင့် အကြောက်စုံ
အခြောက်အခြမ်းမျိုးစုံ တို့ကိုသင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပါသည်။
မိမိတို့ကြိုက်နှစ်သက်ရာသီချင်းများကို လည်း တစ်ပုဒ်လျှင် ၃ ပေါင်နှုန်းဖြင့် ရင်ဖွင့်သီဆိုနိုင်ပါသည်။ ည ၉ နာရီ ၃၀ မိနစ်မှစတင်၍ ၁၁ နာရီ ၃၀ မိနစ်ထိ DJ ဖွင့်ပေးသွားမည်ဖြစ်ပါသည်။
Comments
Post a Comment
Thanks for your comment.