Google ရဲ့ Snapseed ဆိုတဲ့ Mobile App အကြောင်းနည်းနည်းမျှဝေချင်ပါတယ်။ အဲဒီ App ကို App store မှာရော Play Store မှာပါ နှစ်နေရာလုံး Download လုပ်ယူနိုင်ပါတယ်။ ဓာတ်ပုံပြင်တတ်တဲ့သူတွေအတွက်တော့ အဲဒီ App ဟာ Lightroom အသေးစားလေးလိုပါပဲ။ ကျွန်တော်လည်း တစ်ခါတလေ လမ်းသွားလမ်းလာရင်း ကင်မရာမသယ်ချင်တဲ့အခါမျိုးမှာ ပါလာတဲ့ Mobile Phone (Galaxy Note II) နဲ့ပဲ ရိုက်ဖြစ်ပါတယ်။ Mobile ဖုန်းတွေဟာ DSLR တွေနီးပါး ဓာတ်ပုံတွေကို ဖန်တီးလာနိုင်ပါတယ်။ သို့ပေမယ့် အနည်းငယ် ပြုပြင်ပေးဖို့တော့ လိုပါသေးတယ်။ ဥပမာ အလင်းအမှောင်ချိန်ခြင်း၊ လိုချင်တဲ့ size အရွယ်အစားဖြတ်ယူခြင်း စသည်ဖြင့်ပေါ့။ Snapseed မှာ ဓာတ်ပုံပြင်ရတာလည်း အရမ်းလွယ်ကူပါတယ်။ Street Photo တွေရိုက်တဲ့ ကျွန်တော့်အတွက်တော့ များသောအားဖြင့် Black and White ပြောင်းတဲ့အခါ အဲဒီ App ကို သုံးဖြစ်ပါတယ်။
မိမိပြင်ချင်တဲ့ပုံကို App မှာထည့်လိုက်တဲ့အခါမြင်တွေ့ရမည့်ပုံစံပါ။ အောက်ခြေမှာရှိတဲ့ Box တွေကတော့ App ကနေ လုပ်ပေးနိုင်တဲ့ Function တွေပါ။
ဒီပုံမှာ ညာဘက်ဘေးက မလိုချင်တဲ့အပိုင်းကို ဖြတ်ထုတ်ဖို့အတွက် Crop Function ကိုသုံးပါတယ်။ Crop လုပ်တဲ့အခါ မိမိစိတ်တိုင်းကျ ပုံစံအပြင် 1:1, 3:2 စတဲ့ သတ်မှတ်ပြီးသား ratio တွေကိုလည်း ရွေးနိုင်ပါသေးတယ်။
ကျွန်တော်က ပုံတွေတော်တော်များများကို Black and White ပြောင်းပြစ်လေ့ရှိတယ်။ ဘာလို့လဲဆိုတော့ ကြိုက်လို့ :D B&W ပြောင်းဖို့အတွက် function ကိုရွေးပြီးတဲ့အခါမှာ ပုံပေါ်ကိုလက်မနဲ့ထိပြီး အပေါ်အောက်ရွေ့လျားမှုလုပ်လိုက်တာနဲ့ အဲဒီ B&W မှာပြုလုပ်နိုင်တဲ့ လုပ်ငန်းသုံးခုဖြစ်တဲ့ Brightness, Contract and Grain ကိုတွေ့ရမှာဖြစ်ပါတယ်။ Brightness အလင်းပိုပေးချင်တယ်ဆိုရင် Brightness ကိုရွေးပါ။ အလင်းအတိုးအလျော့လုပ်ဖို့အတွက် လက်မနဲ့ ပုံပေါ်ဘာ ဘယ်ညာ (left to right) ရွေ့ပြီးကစားကြည့်ပါ။ ဘယ်ဘက်ကိုရွေ့ရင် အလင်းပိုလျော့နည်းသွားပြီး ညာဘက်ကိုရွေ့ရင် အလင်းပိုများလာတာတွေ့ရပါလိမ့်မယ်။ အဲဒီမှာ လိုချင်တဲ့ အနေအထားကို ညှိယူပါ။ ပြီးရင် အမှန်ခြစ်ကို နှိပ်ပြီး (save) လုပ်ပါ။ Black and White နည်းတူ အခြားသော Function တွေကိုလည်း ကစားကြည့်ပါ။
ဒီပုံကတော့ နောက်ဆုံး result ရလာတဲ့ ပုံပါပဲ။ သူငယ်ချင်းမိတ်ဆွေတို့လည်း စမ်းသပ်အသုံးပြုကြည့်ပါဦး။ အဆင်ပြေတယ် မပြေဘူးဆိုတာလေးတွေ comment ပေးခဲ့ပေါ့။
Comments
Post a Comment
Thanks for your comment.