Skip to main content

Posts

ကျွန်တော် နှင့် မေးခွန်းများ

လတွေအားလုံးထဲမှာ ဒီလဖြစ်တဲ့ February လဟာ အတိုတောင်းဆုံးပါပဲ [ ဘာကြေင့်လဲဆိုတာ သိချင်ရင်တော့ ဒီမှာ ဖတ်ကြည့်နိုင်ပါတယ် ] ရက် နည်းတဲ့အတွက် လကုန်တာ မြန်သလို တစ်ဘက်ကကြည့်ရင်လည်း အချိန်တွေကုန်တာ မြန်တာကို ပြနေသလိုပါပဲ။ အဝေးတစ်နေရာကို ရောက်နေသူတစ်ယောက် အနေနဲ့ အစကတော့ အချိန်တွေရယ်ကြာလိုက်တာ ထင်ခဲ့ပေမယ့် အခု တကယ့်ကိုပဲ မြန်နေတာပါ။ အဲဒီလို ရွေ့လျားနေတဲ့ အချိန်နဲ့အမျှ ငါ ဘာတွေအကျိုးရှိအောင် လုပ်နေသလဲ၊ ကြံစည်နေသလဲ ဆိုတဲ့ မေးခွန်းတွေကိုလည်း ကိုယ့်ကိုကိုယ် ပြန်ပြီးမေးမိနေတယ်? သေချာတာကတော့ အသက်တစ်နှစ် ထပ်ပြီးကြီးလာတာပဲ။ လောကသင်ခန်းစာတွေ၊ ဆိုဆုံးမမှုတွေအရလည်း လူဆိုတာ အသက်တစ်နှစ်ကြီးလာတာနဲ့အမျှ အသိဥာဏ်ပိုပြီး ရင့်ကျက်လာရမယ်လို့ ဆိုထားပါတယ်။ ငါရော ... ဘာအသိဥာဏ်တွေ ရင့်ကျက် တိုးပွားလာသလဲ? အဲဒီလို ဖြစ်လာအောင်ရော ဘာအစီအစဉ်တွေ ဘာရည်မှန်းချက်တွေထားပြီး လုပ်နေသလဲ? ငါ့အတွက် ဒါမှမဟုတ် ငါ့မိသားစုအတွက် ငါ ဘာတွေ လုပ်ခဲ့ ပြီးပြီလဲ? စာဖတ်မှတ်စုများအရ "လူသည် အိပ်ရာမ၀င်ခင်တိုင်း ဒီနေ့အတွက် အသိဥာဏ်၊ ပညာ၊ ဥစ္စာ ထဲက တစ်ခုခုကို ရလိုက်မှ အဲဒီ တစ်နေ့တာအတွက် အဓိပ္ပာယ်ရှိရှိဖြတ်သန်းခဲ့သောသူ ဖြစ်သည်" နောက်တစ်ခုကလည်း ...

Watch Videos Online

ဒီနေ့ သူငယ်ချင်း တစ်ယောက်ဆီ သွားရင်းနဲ့ Video ကြည့်လို့ရတဲ့ Site လေးသိလိုက်ရတယ်။ အဲဒီ Site ထဲမှာ Video တွေတော်တော်များပါတယ်။ ကြိုက်တာကတော့ TV Series တွေကို ပိုကြိုက်တယ်။ TV မှာ ပြနေတဲ့ ဇာတ်လမ်းတွေလည်းပါတယ်။ အပျင်းပြေ ကြည့်လို့ရတာပေါ့။ အရင်တုန်းကတော့ anzv.tv မှာကြည့်တယ်။ သူက Register လုပ်ပြီး Winamp နဲ့ကြည့်ရတယ်။ ဒါပေမဲ့ အဲဒီမှာက တရုတ်ကားတွေ ကိုရီးယားကားတွေ များတယ်။ အခု Site ကတော့ Register လုပ်စရာလည်း မလိုဘူး။ English Action/Drama တွေတော်တော်လည်းကောင်းတယ်။ သူငယ်ချင်းကတော့ လူတွေပြိုင်ကြည့်တော့ Connection နှေးတဲ့အခါကျရင် သူက Save လုပ်ထားချင်တယ်။ အဲဒီတော့ ကျွန်တော့ကို မေးတယ်။ ဘယ်လို လုပ်ရမလဲတဲ့။ ဒါနဲ့ ကျွန်တော်လည်း သိသလောက် ဥာဏ်နီ ဥာဏ်နက် ဥာဏ်ဖြူတွေနဲ့ စမ်းပြီး လုပ်ကြည့်ပါသေးတယ် :P ဒါပေမဲ့ ဘယ့်နှယ့်မှကို မဘယ့်နှယ့်တာပါ။ မရတဲ့ အဆုံး လက်လျော့ထားလိုက်တယ်။ Movie တွေကြည့်ပြီး Download လုပ်လို့ရတဲ့နည်းတွေ့ရင်လည်း ပြောပေးသွားပါဦး။ အားလည်းနာတယ် ခင်လည်း ခင်တယ် ဆိုသလိုဖြစ်နေပြီ။ Movie တွေက FlashObject တွေများတယ်။ ကျွန်တော်တော့နည်းမျိုးစုံနဲ့ စမ်းတယ်ဗျာ။ မရဘူး။ Connection ကောင်းရင်တော့ ကြည့်ရတာအဆင်...

GoogleAdsense စိတ်ဝင်စားသူများအတွက်

Download Here (MeidaFire) Download Here (SendSpace)

GENIUS - ဂျီးနီးယပ်(စ်)

တကယ်ထူးချွန်ထက်မြတ်တဲ့ ပညာရှင်တိုင်းဟာ နဂိုဝါသနာအခြေခံပေါ်မှာ ထပ်တလဲလဲ လေ့ကျင့်မှု၊ သက်ဆိုင်ရာနယ်ပယ်နဲ့ ပက်သက်တဲ့ သိသင့် တတ်သင့်သမျှကို သိအောင် တတ်အောင် လေ့လာဆည်းပူးမှု ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို စိတ်တိုင်းမကျမချင်း လက်မလွှတ်တတ်မှု ဆိုတဲ့ ပညာသည်ကောင်းရဲ့ အကျင့်တွေ ထပ်ဆင့်ပေါင်းစပ်ပြီးမှသာ တစ်ဖတ်ကပ်းခတ်ကျွမ်းကျင်သူ (Expert) တွေ၊ အသက်မွေးနိုင်လောက်အောင် တတ်မြောက်သူ (Professional) တွေ၊ သူတကာထက် ထူးကဲထက်မြတ်တဲ့ ပါရမီရှင် (Genius) တွေဖြစ်လာကြတာ။ Source : GENIUS - ဖေမြင့်

Cute Animated Clock

Banner မှာပါတဲ့ Animated Clock ပုံစံမျိုး Blog မှာထည့်သွင်းချင်တယ်ဆိုရင် အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။ 1. Download the source file (html) 2. Upload the html (source file) @ any file hosting (I used www.pages.google.com ) 3. Get your address/URL of your file 4. In the blogger, go to Template section, Click - Add page elements 5. Choose - html/Javascript element 6. Insert the following code <iframe allowtransparency='true' border='0' frameborder='no' framespacing='0' height='67' scrolling='no' src=' address of your html file ' width='69'></iframe> That's all. ကျွန်တော့အတွက်တော့ Banner မှာ ဘာပုံမှ မရှိတဲ့အတွက် အဲဒီမှာပဲ ထည့်ထားလိုက်တာပါ။ လုပ်ကြည့်လိုက်ပါ။ နှစ်သက်မယ်လို့ထင်ပါတယ်။ :) Credit : animekaos

သူရဲကောင်းများပါပဲ

စိတ်ဓာတ်ကျလို့ တုန်ရီနေတုန်း ခွန်အားသစ်များကို ပေးစွမ်းနိုင်တယ် ကျွန်တော့်ရဲ့ ဘ၀လေး အဖြေရှာမရတုန်း အလင်းဆုံး လမ်းတွေ ရွေးပေးနိုင်တယ် အဖေရယ် အမေရယ် အားကိုးရင်းနဲ့ ရင်မှာယုံကြည် သူရဲကောင်းများလို ပင်လယ်ပြင်လို လှိုင်းများကြမ်းပစေ ရင်ဆိုင် လျောက်လမ်းဝင့်သူ အဖေရယ် အမေရယ် ... ကျွန်တော့်ရဲ့ဘ၀မှာတော့ သူရဲကောင်းများပါပဲ အရမ်းကြိုက်တဲ့ သီချင်းတစ်ပုဒ်ထဲက စာသားလေးတွေပါ အဖေရယ်အမေရယ် ... တကယ်ပါ ... သူရဲကောင်းများပါပဲ

Animated GIFs (သို့) စိတ်ကြည်နူးစရာလေးတွေ

ချစ်စရာကောင်းတဲ့ အရုပ်လေးတွေ (HelloKitty, Pooh, CandyDolls) Website/Blog တွေမှာထည့်ချင်တယ် ဆိုရင် site တစ်ခုကို ညွှန်းပါရစေ။ အဲဒီဆိုဒ်မှာ တော်တော်စုံပါတယ်။ အပေါ်က ပုံလေးတွေက ကျွန်တော် ကြိုက်တဲ့ ပုံလေးတွေတင်ထားတာပါ။ Forum တွေမှာလည် Avatar အဖြစ်သုံးရင်လည်း အသုံးဝင်ပါတယ်။ size ကြီးနေရင်တော့ ImageReady မှာသွားချုံ့လို့ရပါသေးတယ်။ အဲဒီနည်းကတော့ သိပြီးသားဖြစ်ကြမှာပါ။ အဲဒီလို Animation ပုံလေးတွေပါတဲ့ ဆိုဒ်တွေ ကျွန်တော်သိသလောက်တော့ Italy, Germany, France ကဆိုဒ်တွေများတယ်။ တစ်ခြားဆိုဒ်ရဲ့ Link တွေကိုတော့ အဲဒီကပဲ တစ်ဆင့်ဆက်ပြီး ကူးသွားနိုင်ပါတယ်။ ပုံလေးတွေအပြင် Calendar, Clock, Bakground image တွေအတွက် source တွေကိုလည်း တွေ့နိုင်ပါတယ်။ အချင်းချင်း အင်တာနက်ကနေ e-present :P အဖြစ်ပေးရင်လည်း သင့်တော်ပါတယ်။ Visit Here Credit : Lunarea ^_^