Skip to main content

Watch Videos Online

ဒီနေ့ သူငယ်ချင်း တစ်ယောက်ဆီ သွားရင်းနဲ့ Video ကြည့်လို့ရတဲ့ Site လေးသိလိုက်ရတယ်။ အဲဒီ Site ထဲမှာ Video တွေတော်တော်များပါတယ်။ ကြိုက်တာကတော့ TV Series တွေကို ပိုကြိုက်တယ်။ TV မှာ ပြနေတဲ့ ဇာတ်လမ်းတွေလည်းပါတယ်။ အပျင်းပြေ ကြည့်လို့ရတာပေါ့။ အရင်တုန်းကတော့ anzv.tv မှာကြည့်တယ်။ သူက Register လုပ်ပြီး Winamp နဲ့ကြည့်ရတယ်။ ဒါပေမဲ့ အဲဒီမှာက တရုတ်ကားတွေ ကိုရီးယားကားတွေ များတယ်။ အခု Site ကတော့ Register လုပ်စရာလည်း မလိုဘူး။ English Action/Drama တွေတော်တော်လည်းကောင်းတယ်။ သူငယ်ချင်းကတော့ လူတွေပြိုင်ကြည့်တော့ Connection နှေးတဲ့အခါကျရင် သူက Save လုပ်ထားချင်တယ်။ အဲဒီတော့ ကျွန်တော့ကို မေးတယ်။ ဘယ်လို လုပ်ရမလဲတဲ့။ ဒါနဲ့ ကျွန်တော်လည်း သိသလောက် ဥာဏ်နီ ဥာဏ်နက် ဥာဏ်ဖြူတွေနဲ့ စမ်းပြီး လုပ်ကြည့်ပါသေးတယ် :P ဒါပေမဲ့ ဘယ့်နှယ့်မှကို မဘယ့်နှယ့်တာပါ။ မရတဲ့ အဆုံး လက်လျော့ထားလိုက်တယ်။ Movie တွေကြည့်ပြီး Download လုပ်လို့ရတဲ့နည်းတွေ့ရင်လည်း ပြောပေးသွားပါဦး။ အားလည်းနာတယ် ခင်လည်း ခင်တယ် ဆိုသလိုဖြစ်နေပြီ။ Movie တွေက FlashObject တွေများတယ်။ ကျွန်တော်တော့နည်းမျိုးစုံနဲ့ စမ်းတယ်ဗျာ။ မရဘူး။ Connection ကောင်းရင်တော့ ကြည့်ရတာအဆင်ပြေပါတယ် ( အဲဒါတော့ မင်းပြောမှလား ဖိုးချမ်းရာ)

ကျွန်တော်တော့ အခု Prison Break ကြည့်နေတယ်ဗျာ
VisitHere

Comments

  1. They use many diff files like googlevideo, youtube and server embedded files .wmv. For the embedded files, you can easily get it either by downloader FFextension or so. What I did was I just let it play till it finishes(off the voice) and get the cache files then change the extension to .flv.
    Kinda messy but still work. Direct download is abit hard, so if u really wanna save then just get the cache files. But those TV series are not that worth saving anyways.

    ReplyDelete
  2. thz: 4 sharing ur way. i used ff extension. but i couldn't dl it :) but i'll try ur way. thz:

    ReplyDelete
  3. i can't see movie from http://aznv.tv/en/. what player can i use to see it ?

    ReplyDelete
  4. Post တောင်အသည်းအသန်ကြိုးစားပြီးစိတ်ရှည်လက်ရှည်တင်နေရတာ..Videoကြည့်ရင်တော့ New Year ကို Cyber Cafe မှာကြိုရမယ်ထင်တယ်နော်.....AnyWay Thank U for ur Post..........

    ReplyDelete
  5. a_lwan > winamp player ကို သုံးပြီး ကြည့်ကြည့်ပါ အဆင်ပြေပါတယ် (Connection ကောင်းရင်ပေါ့)

    s_potato > connection ကို အဲဒီလောက် မချီးကျူးပါနဲ့ဗျာ :P

    ReplyDelete
  6. pls test "videoget" software. it is easily convert flv to many kind of extension such as wmv.avi.etc....

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။