Skip to main content

ကျွန်တော် နှင့် မေးခွန်းများ

လတွေအားလုံးထဲမှာ ဒီလဖြစ်တဲ့ February လဟာ အတိုတောင်းဆုံးပါပဲ [ ဘာကြေင့်လဲဆိုတာ သိချင်ရင်တော့ ဒီမှာ ဖတ်ကြည့်နိုင်ပါတယ် ] ရက် နည်းတဲ့အတွက် လကုန်တာ မြန်သလို တစ်ဘက်ကကြည့်ရင်လည်း အချိန်တွေကုန်တာ မြန်တာကို ပြနေသလိုပါပဲ။ အဝေးတစ်နေရာကို ရောက်နေသူတစ်ယောက် အနေနဲ့ အစကတော့ အချိန်တွေရယ်ကြာလိုက်တာ ထင်ခဲ့ပေမယ့် အခု တကယ့်ကိုပဲ မြန်နေတာပါ။

အဲဒီလို ရွေ့လျားနေတဲ့ အချိန်နဲ့အမျှ ငါ ဘာတွေအကျိုးရှိအောင် လုပ်နေသလဲ၊ ကြံစည်နေသလဲ ဆိုတဲ့ မေးခွန်းတွေကိုလည်း ကိုယ့်ကိုကိုယ် ပြန်ပြီးမေးမိနေတယ်? သေချာတာကတော့ အသက်တစ်နှစ် ထပ်ပြီးကြီးလာတာပဲ။ လောကသင်ခန်းစာတွေ၊ ဆိုဆုံးမမှုတွေအရလည်း လူဆိုတာ အသက်တစ်နှစ်ကြီးလာတာနဲ့အမျှ အသိဥာဏ်ပိုပြီး ရင့်ကျက်လာရမယ်လို့ ဆိုထားပါတယ်။ ငါရော ... ဘာအသိဥာဏ်တွေ ရင့်ကျက် တိုးပွားလာသလဲ? အဲဒီလို ဖြစ်လာအောင်ရော ဘာအစီအစဉ်တွေ ဘာရည်မှန်းချက်တွေထားပြီး လုပ်နေသလဲ? ငါ့အတွက် ဒါမှမဟုတ် ငါ့မိသားစုအတွက် ငါ ဘာတွေ လုပ်ခဲ့ ပြီးပြီလဲ?

စာဖတ်မှတ်စုများအရ"လူသည် အိပ်ရာမ၀င်ခင်တိုင်း ဒီနေ့အတွက် အသိဥာဏ်၊ ပညာ၊ ဥစ္စာ ထဲက တစ်ခုခုကို ရလိုက်မှ အဲဒီ တစ်နေ့တာအတွက် အဓိပ္ပာယ်ရှိရှိဖြတ်သန်းခဲ့သောသူ ဖြစ်သည်"နောက်တစ်ခုကလည်း ဒီလိုဆိုထားပြန်ပါတယ် "အိပ်၊ စား၊ ကာမ ထိုသုံးပါးတွင် လူနှင့်နွားသည် အတူတူပင်ဖြစ်၏။ မတူညီသော အချက်သည်ကား အသိဥာဏ်ပညာပင်ဖြစ်သည်။ ထို့ကြောင့် နွားထက် သာလိုပါကား အသိဥာဏ်ပညာ ရအောင် ကြိုးစားရှာလော့"
ဒါ့ကြောင့် ဒီနေ့အတွက် ငါဟာ
အသိဥာဏ်၊ ပညာ၊ ဥစ္စာ ဒီသုံးမျိုးထဲက ဘာကိုရလိုက်သလဲ (သို့) ဘာကို ရအောင်လုပ်နေသလဲ

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။