Skip to main content

Posts

Photos on 28 Feb

အထက်တန်းကျောင်းသားဘ၀ English ဘာသာရပ်ထဲမှာ သင်ဖူးတဲ့ Daffodale ပန်းလေးတွေပေါ့။ ဆောင်းအကုန် နွေကူးခါနီးမှာ အလေ့ကျပေါက်လာလေ့ရှိတယ်လေ။ မြန်မာပြည်က ပိတောက်လိုပဲ သစ္စာရှိရှိပေါ့။ အင်္ဂလန်ရဲ့ summer ဟာ daffodale တွေကြောင့် အစွမ်းကုန် လှနေတတ်တယ်။ Kew Garden အသွားမှာ လမ်းမှာတွေ့တဲ့ ရေညှိလေးတွေကို ရိုက်ထားတာပါ။ Daffodale ပန်းခင်းကြီးပေါ့။ တစ်ချို့နေရာတွေမှာဆို ဒီထက်ပိုပြီးလှတယ်။ အလုပ်နားလေးက Bus Stop လေးပါ။ အိမ်ပြန်ချိန်ဆို Bus စောင့်စောင့်နေရတာ အမော။ Bus ပေါ်မှာရိုက်ထားတာပါ။ တွဲလောင်းခိုနေတဲ့ လက်ကိုင်လေးတွေကတော့ Passenger တွေကို မျှော်နေလေရဲ့။

Spyware Doctor Ver 5.5.0.204

Award-winning spyware protection to secure your PC against privacy and tracking threats. Spyware Doctor is a top-rated malware & spyware removal utility that detects, removes and protects your PC from thousands of potential spyware, adware, trojans, keyloggers, spybots and tracking threats. Download Here

ဟာသလုပ်တာလား

တိုက်ဆိုင်လွန်းလှပါလား

မနေ့ညက အလုပ်က အပြန် Colindale ဘုန်းကြီးကျောင်း ထမနဲသွားစားတယ် စိုးကြည်၊ ဂျစ်တူးတို့နဲ့ အဲဒီမှာ ဆုံဖြစ်တယ်။ ထမနဲကတော့ တကယ့်ကို ရှယ်ပါပဲ။ ရောက်တုန်းရောက်ခိုက် ဘုန်းဘုန်းတို့နဲ့ စကားပြောချင်တာရယ် မိတ်ဆွေတွေနဲ့လည်း မတွေ့ဖြစ်တာကြာလို့ အိမ်မပြန်တော့ပဲ အဲဒီမှာပဲ ညအိပ်လိုက်တယ်။ မနက် ၆ နာရီလောက်မှ အလုပ်သွားဖို့ ဘုန်းကြီးကျောင်းကနေ ထွက်လာခဲ့တယ်။ အလုပ်ရောက်ခါနီး station တစ်ခုအလိုမှာ message တစ်ခုဝင်လာလို့ ကြည့်လိုက်တယ်။ ကိုဖြိုးက ထိုင်းကနေ ပို့လိုက်တဲ့ message ဖြစ်နေတယ်။ Ko Chan Yadana bon zay fired. All gone :( ရုတ်တရတ် msg ကိုဖတ်ပြီး မယုံနိုင်အောင် ဖြစ်သွားတယ်။ ဟုတ်ရော ဟုတ်ရဲ့လားပေါ့။ Reply ပြန်ချင်ပေမဲ့ အလုပ်ကလည်း နောက်ကျနေတာနဲ့ အလုပ်ကို အရင်သွားလိုက်တယ်။ အလုပ်လည်း ပြီးရော အိမ်မပြန်ခင် အစ်မဆီကို ဖုန်းဆက်ပြီး အင်တာနက်မှာ ကြည့်ခိုင်းလိုက်တယ်။ တကယ့်ကို မယုံနိုင်အောင်ပဲ။ ရတနာပုံဈေးရဲ့ ၃ ပုံ ၂ ပုံလောက် ပါသွားတယ်။ ဒါနဲ့ပဲ သတင်းတွေပုံတွေကိုကြည့်ဖို့ အိမ်ကိုတန်းပြန်လာလိုက်တယ်။ သတင်းတွေလိုက်ရှာပြီးဖတ်ကြည့်တယ်။ ရတနာပုံဈေးထဲက အင်္ကျီဆိုင် တစ်ခုကနေ ၀ိုင်ယာရှောခ်ဖြစ်ပြီး စလောင်တာလို့ သိရပါတယ်။ နောက်ပြီးေ...

iPaper

iPaper ကို စမ်းသပ်ရင်း ကာတွန်းဆရာ အော်ပီကျယ်ရဲ့ သူ/သူမ ကာတွန်းလေးကို မျှဝေလိုက်ပါတယ်။ Online မှာ information တွေကို sharing လုပ်ဖို့အတွက် အသုံးဝင်တဲ့ document format တစ်ခုပါပဲ။ သူ့ရဲ့ အသေးစိတ်ကိုတော့ ဒီမှာ ကြည့်ရှူ့နိုင်ပါတယ်။ Read this doc on Scribd: APK

အိမ်ပြန်ချိန် ၂

ဟိဟိ ဖိုရမ်မှာပါတာကို သေချာမဖတ်မိဘူး။ ဓာတ်ပုံက ငါးပုံတင်ရမှာ။ အခုမှ နှစ်ပုံပဲ ရှိသေးလို့ နောက်ထပ်သုံးပုံ ထပ်ပြီး လုပ်လိုက်တယ်။ ဒီသုံးပုံကတော့ station တွေမှာ ရိုက်ထားတဲ့ ပုံတွေချည်းပါပဲ။ ကောင်းရင် ကောင်းတယ်၊ မကောင်းရင် မကောင်းဘူး ဒဲ့တိုး ဝေဖန်အားပေးနိုင်ပါတယ်။ တစ်ချို့ ဘဘတွေကတော့ ဝေဖန်တာ အားပေးတာတွေများလာရင် ဖမ်းရော

အိမ်ပြန်ချိန် ၁

နေးတစ်မြန်မာ ဖိုရမ်မှာ ကျင်းပနေတဲ့ Weekly Photo Contest မှာ ၀င်ပြိုင်ထားတဲ့ ဓာတ်ပုံတွေပါ။ ဓာတ်ပုံရိုက်တာကို အရင်ကတည်းက ၀ါသနာပါတယ်။ မန်းလေးကို ပြန်တုန်းက ကိုဂျေ ကြီးနဲ့ တွေ့ပြီးနောက်ပိုင်းမှာ ပိုပြီး စိတ်ဝင်စားသွားတယ်။ ကျွန်တော့်ဆရာလို့လည်း ပြောလို့ရတယ်။ ကင်မရာကောင်းကောင်း မရှိတော့လည်း ရှိတဲ့ ကင်မရာအစုတ်လေးနဲ့ပဲ လျောက်ရိုက်ထားတာပါ။ Photo Contest မှာ ကျွန်တော့်ဆရာ ကိုမောင်လှ ကြီးလည်း ပါတယ်။ သူ့ပုံတွေကတော့ ရေလည် လန်းတယ်။ လန်းမှာပေါ့ ... ကျွန်တော့်ဆရာလေ ပထမပုံကတော့ ပုဂံ ဗူးဘုရားမှာ သဘောင်္လေး လာနေတုန်း ရိုက်ထားတာပါ။ Original ပုံမှာတော့ နေ၀င်ချိန် ရှူ့ခင်းလေးပါ ပါတယ်။ ဒါပေမဲ့ photo contest မှာက Black and White နဲ့ ပြိုင်ရတဲ့အတွက် B & W ပြောင်းထားတာပါ။ ဒုတိယပုံကတော့ ဒီနေ့ Croydon ဘက်ကို interview တစ်ခုသွားရင်း station တစ်ခုမှာ ရိုက်ထားတာပါ။ သွားရတာတော့ တမျှော်တခေါ်ကြီးပဲ။ အရေးထဲ ကိုယ်စီးမည့် ရထားကို လိုက်ရှာနေရတာက အလုပ်တစ်ခု။ သွားရကျိုး မနပ်ပေမဲ့ ဓာတ်ပုံတွေရလာတာ အမြတ်ပဲလို့ သဘောထားလိုက်တယ်။ London သတင်းစာတွေ (အထူးသဖြင့် Metro ) ထဲမှာပါတဲ့ အလုပ်ပေးမည်၊ Training လည်းပေးမယ်ဆိုတဲ့ အလုပ်တွေ ဘ...